၁၀လအတွင်း မိုင်းခွဲမီးရှို့ခံရသည့် Mytelတာဝါတိုင် ၃၆၀အထိရှိလာ

0
166

(Unicode)

၁၀လအတွင်း မိုင်းခွဲမီးရှို့ခံရသည့် Mytelတာဝါတိုင် ၃၆၀အထိရှိလာ

ဖေဖော်ဝါရီ၁ရက်မှ နိုဝင်ဘာ၃၀ရက်အထိ မိုင်းခွဲမီးရှို့ခံရသည့် ဖုန်းတာဝါတိုင်အရေအတွက်မှာ ၄၀၉ တိုင်ရှိပြီးMytelတာဝါတိုင်မှာ ၃၆၀တိုင် အထိရှိကြောင်း နစကက ထုတ်ပြန်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးအနက် စစ်ကိုင်းတိုင်းအတွင်းရှိ တာဝါတိုင်များမှာ အများစုဖျက်ဆီးမီးရှို့၊မိုင်းခွဲခံခဲ့ရပြီး အရေအတွက်အားဖြင့် ၁၇၁တိုင်ရှိသည်။

ဒုတိယအများဆုံးမှာ မန္တလေးတိုင်း၊တတိယအများဆုံးမှာ မကွေးတိုင်းမှ တာဝါတိုင်များဖြစ်သည်။

Mytelတာဝါတိုင်နည်းတူ MPT၊ TELENOR၊ OOREDOO တာဝါတိုင်များလည်း မီးရှို့ မိုင်းခွဲဖျက်ဆီးခံရမှုရှိနေပြီး MPTတာဝါတိုင် ၂၁တိုင်၊ TELENORတာဝါတိုင် ၁၆တိုင်၊ OOREDOOတာဝါတိုင် ၁၂ခုရှိသည်။

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးအနက် ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးတာဝါတိုင်များမှာမူ တစ်ခုမှ မီးရှို့မိုင်းခွဲဖျက်ဆီးမခံရဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

နေပြည်တော်၊ကယားပြည်နယ် တို့တွင်Mytelတာဝါတိုင် ၁တိုင်စီ ဖျက်ဆီးခံခဲ့ရသည်။

(Zawgyi)

၁၀လအတြင္း မိုင္းခြဲမီးရႈိ႕ခံရသည့္ Mytelတာဝါတိုင္ ၃၆၀အထိရွိလာ

ေဖေဖာ္ဝါရီ၁ရက္မွ ႏိုဝင္ဘာ၃၀ရက္အထိ မိုင္းခြဲမီးရႈိ႕ခံရသည့္ ဖုန္းတာဝါတိုင္အေရအတြက္မွာ ၄၀၉ တိုင္ရွိၿပီးMytelတာဝါတိုင္မွာ ၃၆၀တိုင္ အထိရွိေၾကာင္း နစကက ထုတ္ျပန္သည္။

တိုင္းႏွင့္ျပည္နယ္အသီးသီးအနက္ စစ္ကိုင္းတိုင္းအတြင္းရွိ တာဝါတိုင္မ်ားမွာ အမ်ားစုဖ်က္ဆီးမီးရႈိ႕၊မိုင္းခြဲခံခဲ့ရၿပီး အေရအတြက္အားျဖင့္ ၁၇၁တိုင္ရွိသည္။

ဒုတိယအမ်ားဆုံးမွာ မႏၲေလးတိုင္း၊တတိယအမ်ားဆုံးမွာ မေကြးတိုင္းမွ တာဝါတိုင္မ်ားျဖစ္သည္။

Mytelတာဝါတိုင္နည္းတူ MPT၊ TELENOR၊ OOREDOO တာဝါတိုင္မ်ားလည္း မီးရႈိ႕ မိုင္းခြဲဖ်က္ဆီးခံရမႈရွိေနၿပီး MPTတာဝါတိုင္ ၂၁တိုင္၊ TELENORတာဝါတိုင္ ၁၆တိုင္၊ OOREDOOတာဝါတိုင္ ၁၂ခုရွိသည္။

ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အသီးသီးအနက္ ရခိုင္ျပည္နယ္အတြင္းရွိ ဆက္သြယ္ေရးတာဝါတိုင္မ်ားမွာမူ တစ္ခုမွ မီးရႈိ႕မိုင္းခြဲဖ်က္ဆီးမခံရဟု ထုတ္ျပန္ခ်က္က ေဖာ္ျပသည္။

ေနျပည္ေတာ္၊ကယားျပည္နယ္ တို႔တြင္Mytelတာဝါတိုင္ ၁တိုင္စီ ဖ်က္ဆီးခံခဲ့ရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here