ရုရှားနိုင်ငံထုတ် Sputnik Vတံဆိပ် ကိုဗစ်ကာကွယ်ဆေး ရန်ကုန်တွင် ထိုးနှံနိုင်ပြီ

0
74

(Unicode)

ရုရှားနိုင်ငံထုတ် Sputnik Vတံဆိပ် ကိုဗစ်ကာကွယ်ဆေး ရန်ကုန်တွင် ထိုးနှံနိုင်ပြီ

Russia နိုင်ငံမှထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး ဆေးအမျိုးအစား Sputnik V (Russia) Dose အား ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုမှုဖြင့် ပုဂ္ဂလိကဏ္ဍမှ တင်သွင်းခွင့်ရရှိသွားပြီဖြစ်၍ မြန်မာနိုင်ငံတွင်တရား စတင်ထိုးနှံနိုင်ပြီဖြစ်ပါသည်။

အဆိုပါ ရုရှားနိုင်ငံထုတ် Sputnik Vအမှတ်တံဆိပ် ကိုဗစ်ကာကွယ်ဆေးသည် ကမ္ဘာပေါ်တွင် ပထမဆုံးမှတ်ပုံတင်နိုင်ခဲ့သည့် ကိုဗစ်ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၅၀ရာခိုင်နှုန်းကျော်၏ စိတ်ဝင်စားမှုကို ရရှိထားသည့် ကာကွယ်ဆေးအမျိုးအစားလည်းဖြစ်ပါသည်။

ကာကွယ်ဆေး၏ အစွမ်းသတ္တိသည် Delta 90% ၊ Overall 92% ထိရောက်စွာကာကွယ်ပေးနိုင်ပြီး ကိုဗစ် ရောဂါကြောင့်နောက်ဆက်တွဲဖြစ်ပွားတတ်သော ပြင်းထန်ရောဂါများအား ၁ဝဝ%ကာကွယ်ပေးနိုင်ပါသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန မှ FDA ခွင့်ပြုချက်ရရှိပြီးသား ဖြစ်သောကြောင့် VMIs ဖြင့် QR CODE ပါဝင်သော Certificate ကိုလည်း ရရှိမည်ဖြစ်ပါသည်။

၄င်းကာကွယ်ဆေးကို မြန်မာနိုင်ငံတွင်တရားဝင်ထိုးနှံခွင့်ပြုထားပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှာ ထိုးနှံနိုင်ပါတယ်။

ထိုးနှံလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၉၅၂၇၉၉၉၁၆၊၀၉-၄၅၆၉၁၀၀၇၅၊၀၉-၄၅၆၉၁၀၀၄၈၊၀၉-၄၅၆၉၁၀၀၈၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

(Zawgyi)






၎င်းကာကွယ်ဆေးကို မြန်မာနိုင်ငံတွင်တရားဝင်ထိုးနှံခွင့်ပြုထားပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှာ ထိုးနှံနိုင်ပါတယ်။



LEAVE A REPLY

Please enter your comment!
Please enter your name here