ဂျာမဏီနိုင်ငံတွင် မဖြစ်မနေကာကွယ်ဆေးထိုးဖို့ ပြင်ဆင်

0
120

(Unicode)

ဂျာမဏီနိုင်ငံတွင် မဖြစ်မနေကာကွယ်ဆေးထိုးဖို့ ပြင်ဆင်

ဂျာမဏီဝန်ကြီးချုပ် Angela Merkel က နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မထိုးရသေးသူများကို ကန့်သတ်ချက်တွေတင်းကြပ်မှာ ဖြစ်ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလမှာ အားလုံးကို ကာကွယ်ဆေး မဖြစ်မနေထိုးဖို့ လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။

ဂျာမဏီနိုင်ငံဟာ နိုဝင်ဘာလကုန်မှာ ကူးစက်ခံရသူ ၇၆၀၀၀ ကျော်ရှိပြီး နေ့စဉ်ကူးစက်မှုအသစ်တွေကလည်း မြင့်တက်နေပါတယ်။

ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၄၆ ဦးရှိတယ်လို့ Robert Koch Instituteက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတွင်း Omicron အမျိုးအစားကူးစက်မှုကိုလည်း အတည်ပြုပြီးဖြစ်ပါတယ်။

Merkel က ” ကာကွယ်ဆေးအပြည့်ထိုးထားသူများနှင့် ကိုဗစ်၁၉မှ ပြန်လည်ကောင်းမွန်လာသူများကိုသာ စတိုးဆိုင်များ၊စားသောက်ဆိုင် များနှင့် အပန်းဖြေနေရာများကို သွားရောက်ခွင့်ပြုမှာဖြစ်ပါတယ်” လို့ ကြသပတေးနေ့က သတင်းထောက်တွေကို ပြောပါတယ်။

ဖက်ဒရယ်ဥပဒေပြုလွှတ်တော်မှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် အစိုးရအနေနဲ့ ၂၀၂၂၊ ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးတွေမဖြစ်မနေထိုးနှံဖို့ စီစဉ်နေလို့လည်း Merkel ကပြောပါတယ်။

လူအချို့ဟာ ကာကွယ်ဆေးထိုးဖို့တွန့်ဆုတ်နေတာကြောင့် ဂျာမဏီမှာ ကာကွယ်ဆေးဖြန့်ချီမှုအရှိန်ဟာ နှေးကွေးနေပါတယ်။

ကြသပတေးနေ့ထိ နိုင်ငံ့လူဦးရေ ၆၈.၇% သာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီး ဖြစ်ပါတယ်။

နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာစနစ်ဟာ ဝန်ပိလာနေတယ်လို့ Merkel က ထောက်ပြထားပါတယ်။

“လက်ရှိအခြေအနေအရ ကာကွယ်ဆေးကို မဖြစ်မနေထိုးဖို့ အမှန်တကယ်လိုအပ်တယ်” လို့လည်း သူမက ပြောပါတယ်။

ဂျာမဏီနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ဩစတြီးယားကလည်း ဖေဖော်ဝါရီလကစပြီးကာကွယ်ဆေး မဖြစ်မနေထိုးဖို့ စီစဉ်နေပါတယ်။

Source- NHK
Photo credit-CGTN

(Zawgyi)

ဂ်ာမဏီႏိုင္ငံတြင္ မျဖစ္မေနကာကြယ္ေဆးထိုးဖို႔ ျပင္ဆင္

ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Angela Merkel က ႏိုင္ငံတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး မထိုးရေသးသူမ်ားကို ကန္႔သတ္ခ်က္ေတြတင္းၾကပ္မွာ ျဖစ္ၿပီး လာမယ့္ႏွစ္ ေဖေဖာ္ဝါရီလမွာ အားလုံးကို ကာကြယ္ေဆး မျဖစ္မေနထိုးဖို႔ လုပ္ေဆာင္မယ္လို႔ ေျပာခဲ့ပါတယ္။

ဂ်ာမဏီႏိုင္ငံဟာ ႏိုဝင္ဘာလကုန္မွာ ကူးစက္ခံရသူ ၇၆၀၀၀ ေက်ာ္ရွိၿပီး ေန႔စဥ္ကူးစက္မႈအသစ္ေတြကလည္း ျမင့္တက္ေနပါတယ္။

ဗုဒၶဟူးေန႔က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၄၄၆ ဦးရွိတယ္လို႔ Robert Koch Instituteက ေဖာ္ျပခဲ့ပါတယ္။

ႏိုင္ငံတြင္း Omicron အမ်ိဳးအစားကူးစက္မႈကိုလည္း အတည္ျပဳၿပီးျဖစ္ပါတယ္။

Merkel က ” ကာကြယ္ေဆးအျပည့္ထိုးထားသူမ်ားႏွင့္ ကိုဗစ္၁၉မွ ျပန္လည္ေကာင္းမြန္လာသူမ်ားကိုသာ စတိုးဆိုင္မ်ား၊စားေသာက္ဆိုင္ မ်ားႏွင့္ အပန္းေျဖေနရာမ်ားကို သြားေရာက္ခြင့္ျပဳမွာျဖစ္ပါတယ္” လို႔ ၾကသပေတးေန႔က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဖက္ဒရယ္ဥပေဒျပဳလႊတ္ေတာ္မွာ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၿပီးေနာက္ အစိုးရအေနနဲ႔ ၂၀၂၂၊ ေဖေဖာ္ဝါရီလမွာ ကာကြယ္ေဆးေတြမျဖစ္မေနထိုးႏွံဖို႔ စီစဥ္ေနလို႔လည္း Merkel ကေျပာပါတယ္။

လူအခ်ိဳ႕ဟာ ကာကြယ္ေဆးထိုးဖို႔တြန္႔ဆုတ္ေနတာေၾကာင့္ ဂ်ာမဏီမွာ ကာကြယ္ေဆးျဖန္႔ခ်ီမႈအရွိန္ဟာ ေႏွးေကြးေနပါတယ္။

ၾကသပေတးေန႔ထိ ႏိုင္ငံ့လူဦးေရ ၆၈.၇% သာ ကာကြယ္ေဆးအျပည့္အဝထိုးႏွံၿပီး ျဖစ္ပါတယ္။

ႏိုင္ငံရဲ႕ ေဆးဘက္ဆိုင္ရာစနစ္ဟာ ဝန္ပိလာေနတယ္လို႔ Merkel က ေထာက္ျပထားပါတယ္။

“လက္ရွိအေျခအေနအရ ကာကြယ္ေဆးကို မျဖစ္မေနထိုးဖို႔ အမွန္တကယ္လိုအပ္တယ္” လို႔လည္း သူမက ေျပာပါတယ္။

ဂ်ာမဏီႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံ ဩစႀတီးယားကလည္း ေဖေဖာ္ဝါရီလကစၿပီးကာကြယ္ေဆး မျဖစ္မေနထိုးဖို႔ စီစဥ္ေနပါတယ္။

Source- NHK
Photo credit-CGTN


LEAVE A REPLY

Please enter your comment!
Please enter your name here