ရှမ်း(မြောက်)ကနေ ကချင်ကိုသယ်လာတဲ့ ဘိန်း ဖြူနဲ့စိတ်ကြွဆေးပြားတွေ ပြင်ဦးလွင်မြို့ရှောင်လမ်းမှာမိ

0
171

(Unicode)

ရှမ်း(မြောက်)ကနေ ကချင်ကိုသယ်လာတဲ့ ဘိန်း ဖြူနဲ့စိတ်ကြွဆေးပြားတွေ ပြင်ဦးလွင်မြို့ရှောင်လမ်းမှာမိ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်က မြို့ရှောင်လမ်းအဝင်မှာ ဒီဇင်ဘာ ၁ ရက်မနက် ၆ နာရီခွဲလောက်က မူဆယ်ကနေ မန္တလေးဖက်ကို ဝင်းနိုင်(၄၉)နှစ်မောင်းလာတဲ့ Hyundai ကားကိုစစ် ဆေးရာမှာ အခုလိုဆောင်းဘောက်စ်တွေထဲဝှက်သယ်လာတဲ့ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားတွေကိုဖမ်းမိခဲ့တာပါလို့ ရဲကပြောပါတယ်။

ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၂ ဒသမ ၃၁ ကီလိုနဲ့ စိတ်ကြွဆေးပြား ၁ ဒသမ ၆ သိန်းကျော်ကို ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားတွေကို ရှမ်းပြည်(မြောက်ပိုင်း)ကနေ ကချင်ပြည်နယ်ကို သယ်လာခြင်းဖြစ်တယ်လို့ စစ်ဆေးသိရှိခဲ့ရပါတယ်။

ဖမ်းမိသူကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းမိဖို့အတွက် စစ်ဆေးနေတယ်လို့ ရဲကပြောပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here