Tesla မှ ကလေးများအတွက် လျှပ်စစ်စက်ဘီးမိတ်ဆက်

0
231

(Unicode)

Tesla မှ ကလေးများအတွက် လျှပ်စစ်စက်ဘီးမိတ်ဆက်

Tesla က ကလေးတွေအတွက် လျှပ်စစ်စက်ဘီးကို အမေရိကမှာ မိတ်ဆက်ခဲ့ပြီး စက်ဘီးတစ်စီးကို အမေရိကန်ဒေါ်လာ ၁၉၀၀ နဲ့ စတင်ရောင်းချခဲ့ပါတယ်။

လျှပ်စစ်ကားထုတ်လုပ်သူဟာ ပစ်ကပ်ကားCyber truck နဲ့အတူ မြေပြင်သုံးယာဉ်(ATV)ကို မိတ်ဆက်ပြီးနောက် ၂နှစ်အကြာမှာ ကလေးတွေအတွက် လျှပ်စစ်စက်ဘီးကို မိတ်ဆက်ခဲ့တာပါ။

ဘီးလေးဘီးပါတဲ့ ATV “Cybertruck for kids”ဟာ Cybertruck မော်ဒယ်ကို ကိုးကားထားပြီး ၂ပတ်မှ ၄ပတ်အတွင်း စတင်တင်ပို့မယ်လို့ ကုမ္ပဏီဝက်ဘ်ဆိုက်မှ သိရပါတယ်။

သို့သော် ၄င်းစက်ဘီးကို ဟာဝိုင်အီ၊အလက်စကာ(သို့)ပေါ်တာရီကို တို့ကို တင်ပို့နိုင်မှာမဟုတ်ဘူးလို့ Tesla ကပြောပါတယ်။

Tesla ဟာ Agave ကိုအခြေခံထားတဲ့အရက်Tesla Tequila ကိုထုတ်လုပ်ခဲ့ပြီးနောက် လူ သားဆန်တဲ့စက်ရုပ်ရှေ့ပြေးပုံစံ Tesla Bot ထိထူးခြားဆန်းပြားတဲ့ ထုတ်ကုန်များစွာကို ထုတ်လုပ်ဖန်တီးခဲ့ပါတယ်။

Source – CNA

(Zawgyi)







Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here