(၆)လမီနီဘက်ဂျက်အတွင်း ဆန်၊ဆန်ကွဲတန်ချိန်၁သန်း ပြည်ပပို့နိုင်ရန် နစကလျာထား

0
195

(Unicode)

(၆)လမီနီဘက်ဂျက်အတွင်း ဆန်၊ဆန်ကွဲတန်ချိန်၁သန်း ပြည်ပပို့နိုင်ရန် နစကလျာထား

၂၀၂၁ ခုနှစ် အောက်တိုဘာလ မှစတင်ကာ ၂၀၂၂ ခုနှစ် မတ်လတွင် အဆုံးသတ်မည့် ၆ လ မီနီဘက်ဂျက် အတွင်း ပြည်ပသို့ဆန်နှင့်ဆန်ကွဲ တန်ချိန်၁သန်းအထိ တင်ပို့နိုင်ရန် နစကစီးပွားကူးသန်းက လျာထား ထားသည်။

လျာထားမှု၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း၄၀၀ခန့်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကုမ္ပဏီ၃၂ခုက မတ်ထရစ်တန် ၂၁၆၃၇၅ဒသမ၁၅၊ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကုမ္ပဏီ၃၄ခုက မတ်ထရစ်တန် ၂၈၅၂၂၃ဒသမ၂၅ ပြည်ပသို့တင်ပို့ထားသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလအတွင်း ဆန်တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မှုက အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယားက ဒုတိယအများဆုံး စပိန်က တတိယအများဆုံး၊ အာဖရိက အနောက်ပိုင်းရှိ တိုင်းပြည်တစ်ခုဖြစ်သည့် အိုင်ဗရီကိုစ်နိုင်ငံက စတုတ္ထအများဆုံး၊ဖိလစ်ပိုင်က ပဉ္စမနေရာတိုတွင် ရှိနေကာ ၊ဆန်ကွဲတင်ပို့မှု အများဆုံး ၅နိုင်ငံအနေဖြင့် တရုတ်၊နယ်သာလန်၊ဘယ်ဂျီယံ၊ပိုလန်၊ပြင်သစ် တိုဖြစ်သည်ဟု အသင်းချုပ်ထုတ်ပြန်ချက်အရသိရသည်။

အောက်တိုဘာလအတွင်းဆန်တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မှုက အများဆုံးဖြစ်ပြီး အာဖရိက အနောက်ပိုင်းရှိ တိုင်းပြည်တစ်ခုဖြစ်သည့် အိုင်ဗရီကိုစ်နိုင်ငံက ဒုတိယနေရာ၊ဖိလစ်ပိုင်၊ဗီယက်နမ်တို့က တတိယ၊စတုတ္ထနေရာတို့တွင်ရှိနေသည်။

ထိုလအတွင်း ဆန်ကွဲတင်ပို့မှု အများဆုံး ၅နိုင်ငံအနေဖြင့် တရုတ်၊နယ်သာလန်၊ဘယ်ဂျီယံ၊ပိုလန်၊ပြင်သစ် တို့ဖြစ်သည်ဟု အသင်းချုပ်ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံသည် ပြည်ပသို့ နှစ်စဉ် ဆန်၊ဆန်ကွဲတန်ချိန် အနည်းဆုံး ၂ သန်းကျော်မှ ၃.၅ သန်းကျော်အထိ ပြည်ပသို့ တင်ပို့နိုင်သည့် နိုင်ငံတစ်ခုဖြစ်သည်။

(Zawgyi)

(၆)လမီနီဘက္ဂ်က္အတြင္း ဆန္၊ဆန္ကြဲတန္ခ်ိန္၁သန္း ျပည္ပပို႔ႏိုင္ရန္ နစကလ်ာထား

၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ မွစတင္ကာ ၂၀၂၂ ခုႏွစ္ မတ္လတြင္ အဆုံးသတ္မည့္ ၆ လ မီနီဘက္ဂ်က္ အတြင္း ျပည္ပသို႔ဆန္ႏွင့္ဆန္ကြဲ တန္ခ်ိန္၁သန္းအထိ တင္ပို႔ႏိုင္ရန္ နစကစီးပြားကူးသန္းက လ်ာထား ထားသည္။

လ်ာထားမႈ၏ တန္ဖိုးမွာ အေမရိကန္ေဒၚလာ သန္း၄၀၀ခန႔္ရွိသည္ဟု သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္း ကုမၸဏီ၃၂ခုက မတ္ထရစ္တန္ ၂၁၆၃၇၅ဒသမ၁၅၊ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္း ကုမၸဏီ၃၄ခုက မတ္ထရစ္တန္ ၂၈၅၂၂၃ဒသမ၂၅ ျပည္ပသို႔တင္ပို႔ထားသည့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။

ႏိုဝင္ဘာလအတြင္း ဆန္တင္ပို႔မႈအေနျဖင့္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မႈက အမ်ားဆုံးျဖစ္ၿပီး ကေမာၻဒီးယားက ဒုတိယအမ်ားဆုံး စပိန္က တတိယအမ်ားဆုံး၊ အာဖရိက အေနာက္ပိုင္းရွိ တိုင္းျပည္တစ္ခုျဖစ္သည့္ အိုင္ဗရီကိုစ္ႏိုင္ငံက စတုတၳအမ်ားဆုံး၊ဖိလစ္ပိုင္က ပၪၥမေနရာတိုတြင္ ရွိေနကာ ၊ဆန္ကြဲတင္ပို႔မႈ အမ်ားဆုံး ၅ႏိုင္ငံအေနျဖင့္ တ႐ုတ္၊နယ္သာလန္၊ဘယ္ဂ်ီယံ၊ပိုလန္၊ျပင္သစ္ တိုျဖစ္သည္ဟု အသင္းခ်ဳပ္ထုတ္ျပန္ခ်က္အရသိရသည္။

ေအာက္တိုဘာလအတြင္းဆန္တင္ပို႔မႈအေနျဖင့္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မႈက အမ်ားဆုံးျဖစ္ၿပီး အာဖရိက အေနာက္ပိုင္းရွိ တိုင္းျပည္တစ္ခုျဖစ္သည့္ အိုင္ဗရီကိုစ္ႏိုင္ငံက ဒုတိယေနရာ၊ဖိလစ္ပိုင္၊ဗီယက္နမ္တို႔က တတိယ၊စတုတၳေနရာတို႔တြင္ရွိေနသည္။

ထိုလအတြင္း ဆန္ကြဲတင္ပို႔မႈ အမ်ားဆုံး ၅ႏိုင္ငံအေနျဖင့္ တ႐ုတ္၊နယ္သာလန္၊ဘယ္ဂ်ီယံ၊ပိုလန္၊ျပင္သစ္ တို႔ျဖစ္သည္ဟု အသင္းခ်ဳပ္ထုတ္ျပန္ခ်က္အရသိရသည္။

ျမန္မာႏိုင္ငံသည္ ျပည္ပသို႔ ႏွစ္စဥ္ ဆန္၊ဆန္ကြဲတန္ခ်ိန္ အနည္းဆုံး ၂ သန္းေက်ာ္မွ ၃.၅ သန္းေက်ာ္အထိ ျပည္ပသို႔ တင္ပို႔ႏိုင္သည့္ ႏိုင္ငံတစ္ခုျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here