မြန်မာပြည်သူ ၆သန်းကျော်ကို လူသားချင်း စာနာမှု လုပ်ငန် းလုပ်သူတွေက ကူညီဖို့ စီစဉ်နေ

0
144

မြန်မာပြည်သူ၆သန်းကျော်ကို လူသားချင်းစာနာမှုလုပ်ငန်းလုပ်သူတွေကကူညီဖို့စီစဉ်နေ

 

Unicode

၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံက ထိခိုက်လွယ်သူ လူဦးရေ ၆.၂ သန်းကို ကူညီပေးဖို့ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများက စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က ဒီဇင်ဘာလ၃ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါထိခိုက်လွယ်သူများအတွက် အခြေခံအစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာ၊ ရေ၊ ပိုမိုကောင်းမွန်သောမိလ္လာစနစ်နဲ့ အကာအကွယ်ပေးရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများက ပေးအပ်ကြမှာပါ။

OCHAရုံးက ဖော်ပြတဲ့ ဒီဇင်ဘာလ ၂ရက်နေ့မှာ ချမှတ်လိုက်တယ်ဆိုတဲ့ the Global Humanitarian Overview ထဲမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ အကျပ်အတည်းနဲ့ လိုအပ်ချက်များကို လေ့လာမှုတွေလုပ်ထားပြီး၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေက ၎င်းတို့ရဲ့ ကြိုးပမ်းမှုများကို မြှင့်တင်ဖို့ အဆင်သင့်ရှိနေတဲ့အကြောင်း၊ ၂၀၂၂ ခုနှစ်မှာ လူပေါင်း ၆ဒသမ၂ သန်းကို ကူညီပေးရန် ရည်မှန်းချက်ကြီးကြီးမားမား ချမှတ်ထားတဲ့အကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဤပိုမိုရည်မှန်းချက်ကြီးသော အစီအစဉ်ကို ပံ့ပိုးဖို့ အမေရိကန်ဒေါ်လာ ၈၂၆ သန်း လိုအပ်တဲ့အကြောင်းစတာတွေ ဖော်ပြထားတာတွေ့ရပါတယ်။

ငွေကြေးဖောင်းပွမှု၊ ပို့ဆောင်မှုစရိတ်များ တိုးလာမှုစတဲ့အကြောင်းကြောင်းတွေကြောင့် ငွေကြေး​တောင်းခံမှုဟာ ၂၀၂၁ ခုနှစ် လိုအပ်ချက်ထက် နှစ်ဆကျော်ဖြစ်နေတယ်လို့ the Global Humanitarian Overview မှာဖော်ပြပါတယ်။

နောက်ပြီး ၂၀၂၁ ခုနှစ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေက လူဦးရေ ထက်ဝက်နီးပါးကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့သလို ၂၀၂၁ ခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လများက မုတ်သုံရေလွှမ်းမိုးမှုတွေကလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းများကို ထိခိုက်ခဲ့ရတယ်လို့ပါ ဒီဇင်ဘာလ ၂ရက်နေ့က ချမှတ်လိုက်တဲ့ the Global Humanitarian Overviewကဆိုပါတယ်။

လူသားချင်းစာနာမှုအသိုက်အဝန်းဟာ ၂၀၂၁ ခုနှစ်အကုန်မှာ အကူအညီပေးရန်ပစ်မှတ်ထားတဲ့ လူ ၃ သန်းအနက်မှ ၂ဒသမ၂ သန်းသို့ရောက်ရှိရန်မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Zaw Gyi

ျမန္မာျပည္သူ၆သန္းေက်ာ္ကို လူသားခ်င္းစာနာမွုလုပ္ငန္းလုပ္သူေတြကကူညီဖို႔စီစဥ္ေန

၂၀၂၂ ခုႏွစ္မွာ ျမန္မာနိုင္ငံက ထိခိုက္လြယ္သူ လူဦးေရ ၆.၂ သန္းကို ကူညီေပးဖို႔ လူသားခ်င္းစာနာမွုလုပ္ငန္းေဆာင္ရြက္သူမ်ားက စီစဥ္ထားတယ္လို႔ ျမန္မာနိုင္ငံအေျခစိုက္ ကုလသမဂၢလူသားခ်င္းစာနာမွုဆိုင္ရာညႇိႏွိုင္း‌ေရး႐ုံး (OCHA)က ဒီဇင္ဘာလ၃ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။

အဆိုပါထိခိုက္လြယ္သူမ်ားအတြက္ အေျခခံအစားအစာ၊ က်န္းမာေရးေစာင့္ေရွာက္မွု၊ အမိုးအကာ၊ ေရ၊ ပိုမိုေကာင္းမြန္ေသာမိလႅာစနစ္နဲ႔ အကာအကြယ္ေပးေရးဆိုင္ရာ ဝန္ေဆာင္မွုေတြကို လူသားခ်င္းစာနာမွုလုပ္ငန္းေဆာင္ရြက္သူမ်ားက ေပးအပ္ၾကမွာပါ။

OCHA႐ုံးက ေဖာ္ျပတဲ့ ဒီဇင္ဘာလ ၂ရက္ေန႔မွာ ခ်မွတ္လိုက္တယ္ဆိုတဲ့ the Global Humanitarian Overview ထဲမွာေတာ့ ျမန္မာနိုင္ငံရဲ့ အေျခအေန၊ အက်ပ္အတည္းနဲ႔ လိုအပ္ခ်က္မ်ားကို ေလ့လာမွုေတြလုပ္ထားၿပီး၊လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ရာအဖြဲ႕အစည္းေတြက ၎တို႔ရဲ့ ႀကိဳးပမ္းမွုမ်ားကို ျမႇင့္တင္ဖို႔ အဆင္သင့္ရွိေနတဲ့အေၾကာင္း၊ ၂၀၂၂ ခုႏွစ္မွာ လူေပါင္း ၆ဒသမ၂ သန္းကို ကူညီေပးရန္ ရည္မွန္းခ်က္ႀကီးႀကီးမားမား ခ်မွတ္ထားတဲ့အေၾကာင္း၊ လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ရာ မိတ္ဖက္အဖြဲ႕အစည္းေတြအေနနဲ႔ ဤပိုမိုရည္မွန္းခ်က္ႀကီးေသာ အစီအစဥ္ကို ပံ့ပိုးဖို႔ အေမရိကန္ေဒၚလာ ၈၂၆ သန္း လိုအပ္တဲ့အေၾကာင္းစတာေတြ ေဖာ္ျပထားတာေတြ႕ရပါတယ္။

ေငြေၾကးေဖာင္းပြမွု၊ ပို႔ေဆာင္မွုစရိတ္မ်ား တိုးလာမွုစတဲ့အေၾကာင္းေၾကာင္းေတြေၾကာင့္ ေငြေၾကး​ေတာင္းခံမွုဟာ ၂၀၂၁ ခုႏွစ္ လိုအပ္ခ်က္ထက္ ႏွစ္ဆေက်ာ္ျဖစ္ေနတယ္လို႔ the Global Humanitarian Overview မွာေဖာ္ျပပါတယ္။

ေနာက္ၿပီး ၂၀၂၁ ခုႏွစ္ရဲ့ စီးပြားေရးနဲ႔ နိုင္ငံေရး မတည္ၿငိမ္မွုေတြက လူဦးေရ ထက္ဝက္နီးပါးကို ဆင္းရဲတြင္းသို႔ တြန္းပို႔ခဲ့သလို ၂၀၂၁ ခုႏွစ္ ဇူလိုင္လနဲ႔ ဩဂုတ္လမ်ားက မုတ္သုံေရလႊမ္းမိုးမွုေတြကလည္း လူသားခ်င္းစာနာေထာက္ထားမွုအကူအညီမ်ား လိုအပ္ေနတဲ့ လူမွုအသိုင္းအဝိုင္းမ်ားကို ထိခိုက္ခဲ့ရတယ္လို႔ပါ ဒီဇင္ဘာလ ၂ရက္ေန႔က ခ်မွတ္လိုက္တဲ့ the Global Humanitarian Overviewကဆိုပါတယ္။

လူသားခ်င္းစာနာမွုအသိုက္အဝန္းဟာ ၂၀၂၁ ခုႏွစ္အကုန္မွာ အကူအညီေပးရန္ပစ္မွတ္ထားတဲ့ လူ ၃ သန္းအနက္မွ ၂ဒသမ၂ သန္းသို႔ေရာက္ရွိရန္ေမၽွာ္လင့္ထားတယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here