ဘဏ်တွေ မှန်မှန်ကန်ကန်ဖြစ်ဖို႔ အုပ်ချုပ်ရေးအဖွဲ႔များက ကြပ်မတ်ဖို႔မှာကြား

0
116

ဘဏ်တွေ မှန်မှန်ကန်ကန်ဖြစ်ဖို႔ အုပ်ချုပ်ရေးအဖွဲ႔များက ကြပ်မတ်ဖို႔မှာကြား

ဘဏ်ဝန်ထမ်းအချို႔ စည်းကမ်းဖောက်ဖျက်တာတွေ၊ မသမာမှုအချို႔ရှိနေတာကို သိရတဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ႔႔ တွေ စောင့်ကြည့်ကြပ်မတ်ဖို႔ လိုမယ်လို႔ ဒီဇင်ဘာ၃ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ နစက ဥက္ကဋ္ဌက မှာကြားလိုက်ပါတယ်။

မှာကြားချက်ထဲမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲတွေက ဘဏ်တွေကို စောင့်ကြည့်ကြပ်မတ်ဖို လိုအပ်သလို ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ႔ တွေကလည်း နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်တွေ မှန်မှန်ကန်ကန်ဖြစ်အောင် ကြပ်မတ် ပေးရမယ်ဆိုတဲ့အချက်လည်းပါပါတယ်။

ဘဏ်ဝန်ထမ်းအချို႔ဘယ်လို စည်းကမ်းဖောက်ဖျက်တယ်၊ မသမာမှုတွေ ဘယ်လိုပြုတယ်ဆိုတယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုမသွားပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ရက် သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းသမားတစ်ဦးက မိမိငွေကို ပြန်ထုတ်တာမှာ ၆ ရာခိုင်နှုန်းပေးမှ ပွဲစားနဲ့ ထုတ်လို႔ရတဲ့အကြောင်း၊ ရာခိုင်နှုန်းမပေး ပွဲစားနဲ့လည်း မဆက်သွယ်ရင်ထုတ်လို႔ မရဘူးလို႔ ပြောဆိုမေးမြန်းတာတွေလုပ်ခဲ့ပါတယ်။

အဲ့ဒီ့တုန်းက ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗဟိုဘဏ်အနေနဲ့ ငွေထုတ်ရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရာခိုင်နှုန်းများမယူဖို႔ စည်းကမ်းချက်တွေ ထုတ်ပြီးဖြစ်ပေမယ့်လို ႔ လက်တွေ့မြေပြင်မှာ ရာခိုင်နှုန်းအချိုပေးပြီးမှငွေထုတ် နေရတာကို ကြားနေသိနေရတယ်လို ပြောဆိုသွားခဲ့တာရှိပါတယ်။

ဘဏ်တွေက လက်တွေ့ရာခိုင်နှုန်း ပေး၍ထုတ်ပေးတာထက် ပါဝင်ပတ်သက်သူများဆီက တစ်ဆင့် ထုတ်ရတယ်လို႔ သိရပြီး ထိုကိစ္စမျိုးတွေမှာ ပါဝင်ပတ်သက်နေတဲ့ အချို႔ သောဝန်ထမ်းတွေကိုလည်း အရေးယူဆောင်ရွက်ပြီးဖြစ်ပေမယ့်၊ ဆက်လက်ရှိနေဆဲဆိုတာကို သိရတဲ့အကြောင်းတွေ ပြောဆိုခဲ့ပါတယ်။

နိုင်ငံမှာ ဘဏ်တွေ ငွေထုတ်ပေးတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး လိုသလောက်ထုတ်ယူတာမျိုးမရဘဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အချိုးအစားအလိုက် ကန့်သတ်ထားတာ ရှိပါတယ်။

လက်ရှိအခြေအနေမှာ ATMစက်တိုင်းကနေတောင် ငွေထုတ်ယူလို႔ မရသေးပါဘူး။

နစက သတင်းပြန်ကြားရေးအဖွဲ ႔ ႔ခေါင်းဆာင်ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငွေကြေးလည်ပတ်မှုနှုန်းတွေ၊ ငွေရေးကြေးရေး ထိုးနှက် တိုက်ခိုက်မှုတွေအရ ဒီလိုဆောင်ရွက်နေရတာဖြစ်ပြီး၊ အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်နေတာရှိတယ်လို႔ ဖြေကြားထားတာရှိပါတယ်။

Zaw Gyi

ဘဏ်တွေ မှန်မှန်ကန်ကန်ဖြစ်ဖို့ အုပ်ချုပ်ရေးအဖွဲ့များက ကြပ်မတ်ဖို့မှာကြား

ဘဏ်ဝန်ထမ်းအချို့ စည်းကမ်းဖောက်ဖျက်တာတွေ၊ မသမာမှုအချို့ရှိနေတာကို သိရတဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ တွေ စောင့်ကြည့်ကြပ်မတ်ဖိုလိုမယ်လို ဒီဇင်ဘာ၃ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ နစက ဥက္ကဋ္ဌက မှာကြားလိုက်ပါတယ်။

မှာကြားချက်ထဲမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲတွေက ဘဏ်တွေကို စောင့်ကြည့်ကြပ်မတ်ဖို လိုအပ်သလို ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ တွေကလည်း နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်တွေ မှန်မှန်ကန်ကန်ဖြစ်အောင် ကြပ်မတ် ပေးရမယ်ဆိုတဲ့အချက်လည်းပါပါတယ်။

ဘဏ်ဝန်ထမ်းအချို့ဘယ်လို စည်းကမ်းဖောက်ဖျက်တယ်၊ မသမာမှုတွေ ဘယ်လိုပြုတယ်ဆိုတယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုမသွားပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ရက် သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းသမားတစ်ဦးက မိမိငွေကို ပြန်ထုတ်တာမှာ ၆ ရာခိုင်နှုန်းပေးမှ ပွဲစားနဲ့ ထုတ်လို့ရတဲ့အကြောင်း၊ ရာခိုင်နှုန်းမပေး ပွဲစားနဲ့လည်း မဆက်သွယ်ရင်ထုတ်လို့ မရဘူးလို့ ပြောဆိုမေးမြန်းတာတွေလုပ်ခဲ့ပါတယ်။

အဲ့ဒီ့တုန်းက ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗဟိုဘဏ်အနေနဲ့ ငွေထုတ်ရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရာခိုင်နှုန်းများမယူဖို့ စည်းကမ်းချက်တွေ ထုတ်ပြီးဖြစ်ပေမယ့်လို့  လက်တွေ့မြေပြင်မှာ ရာခိုင်နှုန်းအချိုပေးပြီးမှငွေထုတ် နေရတာကို ကြားနေသိနေရတယ်လို ပြောဆိုသွားခဲ့တာရှိပါတယ်။

ဘဏ်တွေက လက်တွေ့ရာခိုင်နှုန်း ပေး၍ထုတ်ပေးတာထက် ပါဝင်ပတ်သက်သူများဆီက တစ်ဆင့် ထုတ်ရတယ်လို့ သိရပြီး ထိုကိစ္စမျိုးတွေမှာ ပါဝင်ပတ်သက်နေတဲ့ အချို့ သောဝန်ထမ်းတွေကိုလည်း အရေးယူဆောင်ရွက်ပြီးဖြစ်ပေမယ့်၊ ဆက်လက်ရှိနေဆဲဆိုတာကို သိရတဲ့အကြောင်းတွေ ပြောဆိုခဲ့ပါတယ်။


လက်ရှိအခြေအနေမှာ ATMစက်တိုင်းကနေတောင် ငွေထုတ်ယူလို့ မရသေးပါဘူး။

နစက သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆာင်ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငွေကြေးလည်ပတ်မှုနှုန်းတွေ၊ ငွေရေးကြေးရေး ထိုးနှက် တိုက်ခိုက်မှုတွေအရ ဒီလိုဆောင်ရွက်နေရတာဖြစ်ပြီး၊ အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်နေတာရှိတယ်လို့ ဖြေကြားထားတာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here