အငွားကားတွေနဲ့ ကုန်တင်ကား တွေကိုပါ ယာဥ်စည်းကမ်း လိုက်နာမှုရှိ မရှိ YRTC က စစ်ဆေးသွားမယ်

0
188

အငွားကားတွေနဲ့ ကုန်တင်ကား တွေကိုပါ ယာဥ်စည်းကမ်း လိုက်နာမှုရှိ မရှိ YRTC က စစ်ဆေးသွားမယ်

ယခင်က ရန်ကုန်တိုင်းအတွင်းမှာပြေးဆွဲနေတဲ့ YBS ကားတွေကိုသာ ချမှတ်ထားတဲ့ယာဥ်စည်း ကမ်းတွေလိုက်နာမှု ရှိ မရှိကို စစ်ဆေးခဲ့ပေမဲ့ သိပ်မကြာခင်အချိန်မှာတော့ မှတ်ပုံတင်ထားတဲ့ အဌားယာဥ်တွေနဲ့ကုန်စည်ပို႔ ဆောင်ပေးနေတဲ့ ကားတွေကိုပါ ယာဥ်စည်းလိုက်နာမှာ ရှိ မရှိ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂ လိကသယ်ယူပို႔ ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ရဲ့ယာဥ်စည်းကမ်းထိန်းသိမ်းရေးနဲ့စစ်‌ ဆေးရေးအဖွဲက စစ်ဆေးသွားတော့မှာပါ။

“YRTC အနေနဲ့ကုန်တင်ကားတွေ အဌားကားတွေ မှတ်ပုံတင်ခြင်းကိုဆောင်ရွက်နေပြီး လက်ရှိမှာမှတ်ပုံတင်ထားတဲ့ ကုန်တင်ကစီးရေ ငါးသောင်းကျော်နဲ့ အဌားယာဥ်စီးရေ ခြောက်သောင်းခွဲကျော်လောက်ရှိနေပါပြီ”လို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို႔ ဆောင်ရေးကြီးကြပ်မှုကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။

အဲဒီ မှတ်ပုံတင်ထားတဲ့ ကုန်တင်ကားတွေနဲ့အဌားကားတွေကို သတ်မှတ်ထားတဲ့ယာဥ်စည်းကမ်းတွေအတိုင်းသွားလာမှု ရှိ မရှိ ၊ ယာဥ်ကြောကြပ်တည်းမှုဖြစ်အောင်မောင်းတာ ရှိ မရှိ တွေကို YRTC ရဲ့ ယာဥ်စည်းကမ်းထိန်းသိမ်းရေးနဲ့စစ် ဆေးရေးအဖွဲက စစ်ဆေးသွားမှာပါ။

“အရင်က ယာဥ်စည်းကမ်းထိနိးသိမ်းရေးနဲ့စစ် ဆေးရေးအဖွဲ႔က YBS ကားတွေကိုသာ သတ်မှတ်ထားတဲ့ယာဥ်စည်းကမ်းတွေလိုက်နာမှု ရှိ မရှိကိုစစ်ဆေးပေးခဲ့ကြတာပါ”လို႔တွဲဖက်အတွင်းရေးမှူးကဆက်ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို႔ ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ႔ က ၂၀၂၁ ခုနှစ်၊ဧပြီလ ၂၃ ရက်နေ့မှာ ကော်မတီဝင် ခြောက်ယောက်နဲ့ပြင် ဆင်ဖွဲစည်းပေးခဲ့ပါတယ်။

YRTC ရဲ့လက်အောက်မှာ ယာဥ်စည်းကမ်းထိန်း သိမ်းရေးနဲ့စစ်ဆေးရေးဌာနကို ကော်မတီဝင်တစ်ယောက်က ဦးဆောင်ပြီးထပ်မံ ဖွဲစည်းခဲ့ပါတယ်။ အဲဒီကနေမှ အရှေ့ပိုင်းခရိုင် ၊ အနောက်ပိုင်းခရိုင် ၊ တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင် တိုမှာလည်း ယာဥ်စည်းကမ်းထိန်းသိမ်းရေးနဲ့စစ်‌ဆေးရေးအဖွဲကိုထပ်မံပြန်လည်ဖွဲစည်းခဲ့ပါတယ်။

Zaw Gyi

အငှားကားတွေနဲ့ ကုန်တင်ကားတွေကိုပါ ယာဉ်စည်းကမ်းလိုက်နာမှုရှိ မရှိ YRTC ကစစ်ဆေးသွားမယ်

ယခင်က ရန်ကုန်တိုင်းအတွင်းမှာပြေးဆွဲနေတဲ့ YBS ကားတွေကိုသာ ချမှတ်ထားတဲ့ယာဉ်စည်း ကမ်းတွေလိုက်နာမှု ရှိ မရှိကို စစ်ဆေးခဲ့ပေမဲ့ သိပ်မကြာခင်အချိန်မှာတော့ မှတ်ပုံတင်ထားတဲ့ အဌားယာဉ်တွေနဲ့ကုန်စည်ပို့ ဆောင်ပေးနေတဲ့ ကားတွေကိုပါ ယာဉ်စည်းလိုက်နာမှာ ရှိ မရှိ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂ လိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ရဲ့ယာဉ်စည်းကမ်းထိန်းသိမ်းရေးနဲ့စစ်‌ ဆေးရေးအဖွဲက စစ်ဆေးသွားတော့မှာပါ။

“YRTC အနေနဲ့ကုန်တင်ကားတွေ အဌားကားတွေ မှတ်ပုံတင်ခြင်းကိုဆောင်ရွက်နေပြီး လက်ရှိမှာမှတ်ပုံတင်ထားတဲ့ ကုန်တင်ကစီးရေ ငါးသောင်းကျော်နဲ့ အဌားယာဉ်စီးရေ ခြောက်သောင်းခွဲကျော်လောက်ရှိနေပါပြီ”လို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။


“အရင်က ယာဉ်စည်းကမ်းထိနိးသိမ်းရေးနဲ့စစ် ဆေးရေးအဖွဲ့က YBS ကားတွေကိုသာ သတ်မှတ်ထားတဲ့ယာဉ်စည်းကမ်းတွေလိုက်နာမှု ရှိ မရှိကိုစစ်ဆေးပေးခဲ့ကြတာပါ”လို့တွဲဖက်အတွင်းရေးမှူးကဆက်ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ၂၀၂၁ ခုနှစ်၊ဧပြီလ ၂၃ ရက်နေ့မှာ ကော်မတီဝင် ခြောက်ယောက်နဲ့ပြင် ဆင်ဖွဲစည်းပေးခဲ့ပါတယ်။



LEAVE A REPLY

Please enter your comment!
Please enter your name here