နေပြည်တော် MICC-2တွင် အခမ်းအနား ပြုလုပ်လိုသူများ လွတ်လပ်စွ ာငှားရမ်း၍ရပြီဟု နေပြည်တော် စည်ပင်ကြေညာ

0
289

နေပြည်တော် MICC-2တွင် အခမ်းအနားပြုလုပ်လိုသူများ လွတ်လပ်စွာငှားရမ်း၍ရပြီဟု နေပြည်တော်စည်ပင်ကြေညာ

ပြုလုပ်လိုသော အခမ်းအနားများနှင့် မင်္ဂလာဧည့်ခံပွဲများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-2)တွင် ဆင်ယင်ကျင်းပ ပြုလုပ်နိုင်မည်ဖြစ်ပြီး မည်သူမဆိုလွတ်လပ်စွာ ငှားရမ်းနိုင်သည်ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီက ယနေ့တွင်ကြေညာသည်။

အခမ်းအနားများနှင့် မင်္ဂလာဧည့်ခံပွဲများပြုလုပ်လိုသူများသည် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ကြရမည်ဖြစ်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ခန်းမကြီးများဌာန ညွှန်ကြားရေးမှူးထံ ဆက်သွယ်ငှားရမ်း၍ရကြောင်းပါ ကြေညာချက်တွင်ဖော်ပြသည်။

ကိုဗစ်ကူးစက်မှုများရှိခဲ့ပြီးနောက် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-2)တွင် ပုဂ္ဂလိကအဖွဲအစည်းများအား မင်္ဂလာဧည့်ခံပွဲများနှင့် အခမ်းအနားများအတွက် ငှားရမ်းခွင့်အား ခေတ္တရပ်နားထားခဲ့သည်။

ယခုတွင် ကိုဗစ်ကူးစက်မှုပြန်လည် လျှော့ကျလာသည့်အတွက် ပြန်လည် ငှားရမ်းပေးခြင်းဖြစ်သည်။

Zaw Gyi

ေနျပည္ေတာ္ MICC-2တြင္ အခမ္းအနားျပဳလုပ္လိုသူမ်ား လြတ္လပ္စြာငွားရမ္း၍ရၿပီဟု ေနျပည္ေတာ္စည္ပင္ေၾကညာ

ျပဳလုပ္လိုေသာ အခမ္းအနားမ်ားႏွင့္ မဂၤလာဧည့္ခံပြဲမ်ားကို ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန(၂) (MICC-2)တြင္ ဆင္ယင္က်င္းပ ျပဳလုပ္နိုင္မည္ျဖစ္ၿပီး မည္သူမဆိုလြတ္လပ္စြာ ငွားရမ္းနိုင္သည္ဟု ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ယေန႔တြင္ေၾကညာသည္။

အခမ္းအနားမ်ားႏွင့္ မဂၤလာဧည့္ခံပြဲမ်ားျပဳလုပ္လိုသူမ်ားသည္ က်န္းမာေရးဝန္ႀကီးဌာန၏ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီေဆာင္ရြက္ၾကရမည္ျဖစ္ၿပီး ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(အေဆာက္အအုံ)၊ ခန္းမႀကီးမ်ားဌာန ညႊန္ၾကားေရးမွူးထံ ဆက္သြယ္ငွားရမ္း၍ရေၾကာင္းပါ ေၾကညာခ်က္တြင္ေဖာ္ျပသည္။

ကိုဗစ္ကူးစက္မွုမ်ားရွိခဲ့ၿပီးေနာက္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန(၂) (MICC-2)တြင္ ပုဂၢလိကအဖြဲအစည္းမ်ားအား မဂၤလာဧည့္ခံပြဲမ်ားႏွင့္ အခမ္းအနားမ်ားအတြက္ ငွားရမ္းခြင့္အား ေခတၱရပ္နားထားခဲ့သည္။

ယခုတြင္ ကိုဗစ္ကူးစက္မွုျပန္လည္ ေလၽွာ့က်လာသည့္အတြက္ ျပန္လည္ ငွားရမ္းေပးျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here