မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိတဲ့အပေါ် ဝမ်းမြောက်ကြောင်း နော်ဝေ သံရုံးထုတ် ပြန်

0
134

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိတဲ့အပေါ် ဝမ်းမြောက်ကြောင်း နော်ဝေသံရုံးထုတ် ပြန်

နော်ဝေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက် တစ်တပ်တစ်အားပူးပေါင်းဆောင်ရွက်ခွင့် ရတဲ့အပေါ် ဝမ်းမြောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ –

” UNOPS ကစီမံခန့်ခွဲပြီး နိုင်ငံတကာအလှူချင်းများပူးပေါင်းပါဝင်တဲ့ ကျန်းမာရေးစောင့်ရှော က်မှုလက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to Health Fund)မှာ နော်ဝေနိုင်ငံအနေနဲ့ အလှူ ရှင်နိုင်ငံသစ်အဖြစ်ပါဝင်နိုင်ခဲ့ပါတယ်။

၄င်းရန်ပုံငွေ၏ အဓိကရည်မှန်းချက်မှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသော ပြည်သူ များနှင့် ထိရှလွယ်တဲ့ ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့်မြန်မာနိုင်ငံမှာ လူတိုင်း တန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုရရှိအောင် တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်ပါတယ်။

ရန်ပုံငွေကြီးကြပ်တဲ့အဖွဲ့ဟာလည်း လူ့အခွင့်အရေးကို အခြေခံသော ချဉ်းကပ်မှုကို လိုက်နာကျင့်သုံးပြီး ပဋိပက္ခဒဏ်သင့်ဒေသများမှာ အထူးအလေးထားဆောင်ရွက်နေပြီး ရန်ပုံငွေ အဓိကထောက်ပံ့နေတဲ့ လုပ်ငန်းနယ်ပယ်တွေကတော့ ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျန်းမာရေး၊
အာဟာရပြည့်ဝရေး၊လိင်နှင့်မျိုးပွါးအင်္ဂါကျန်းမာရေးနှင့် အခွင့်အရေးများ၊ဆေးဝါးအသုံးပြုမှုနှင့် ကျန်းမာရေးအကျိုးဆက်၊ တီဘီ၊ငှက်ဖျားနှင့် ကိုဗစ်၁၉ရောဂါတို့ ဖြစ်ပါတယ်။

နော်ဝေနိုင်ငံရဲ့ ရန်ပုံငွေပံ့ပိုးမှုဟာ ထိလွယ်ရှလွယ် အုပ်စုများထံ ပိုမိုလက်လှမ်းမီစေမှာ ဖြစ်သလို အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အရေးပါတဲ့ ကယ်ဆယ်ရေူဝန်ဆောင်မှုတွေအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုစီမံချက် ကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”
လို့ ရေးသားဖော်ပြထားပါတယ်။

Zaw Gyi

 

ျမန္မာနိုင္ငံရဲ့ က်န္းမာေရးေစာင့္ေရွာက္မွု ျမႇင့္တင္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္ခြင့္ရရွိတဲ့အေပၚ ဝမ္းေျမာက္ေၾကာင္း ေနာ္ေဝသံ႐ုံးထုတ္ ျပန္

ေနာ္ေဝနိုင္ငံအေနနဲ႔ ျမန္မာနိုင္ငံရဲ့ က်န္းမာေရးေစာင့္ေရွာက္မွု ျမႇင့္တင္ေရးအတြက္ တစ္တပ္တစ္အားပူးေပါင္းေဆာင္ရြက္ခြင့္ ရတဲ့အေပၚ ဝမ္းေျမာက္ေၾကာင္း ျမန္မာနိုင္ငံဆိုင္ရာ ေနာ္ေဝသံ႐ုံးက ထုတ္ျပန္ထားပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာ –

” UNOPS ကစီမံခန္႔ခြဲၿပီး နိုင္ငံတကာအလွူခ်င္းမ်ားပူးေပါင္းပါဝင္တဲ့ က်န္းမာေရးေစာင့္ေရွာ က္မွုလက္လွမ္းမီရရွိေရး ရန္ပုံေငြအဖြဲ႕ (Access to Health Fund)မွာ ေနာ္ေဝနိုင္ငံအေနနဲ႔ အလွူ ရွင္နိုင္ငံသစ္အျဖစ္ပါဝင္နိုင္ခဲ့ပါတယ္။

၄င္းရန္ပုံေငြ၏ အဓိကရည္မွန္းခ်က္မွာ က်န္းမာေရးေစာင့္ေရွာက္မွုလိုအပ္ေနေသာ ျပည္သူ မ်ားႏွင့္ ထိရွလြယ္တဲ့ ျပည္သူမ်ားအတြက္ က်န္းမာေရးဝန္ေဆာင္မွုမ်ား ေပးအပ္ျခင္းျဖင့္
ျမန္မာနိုင္ငံမွာ လူတိုင္း တန္းတူညီမၽွ က်န္းမာေရးေစာင့္ေရွာက္မွုရရွိေအာင္ တိုးျမႇင့္ေဆာင္ရြက္ရန္ ျဖစ္ပါတယ္။

ရန္ပုံေငြႀကီးၾကပ္တဲ့အဖြဲ႕ဟာလည္း လူ႔အခြင့္အေရးကို အေျခခံေသာ ခ်ဥ္းကပ္မွုကို လိုက္နာက်င့္သုံးၿပီး ပဋိပကၡဒဏ္သင့္ေဒသမ်ားမွာ အထူးအေလးထားေဆာင္ရြက္ေနၿပီး ရန္ပုံေငြ အဓိကေထာက္ပံ့ေနတဲ့ လုပ္ငန္းနယ္ပယ္ေတြကေတာ့ ကိုယ္ဝန္ေဆာင္မိခင္မ်ားရဲ့ က်န္းမာေရး၊
အာဟာရျပည့္ဝေရး၊လိင္ႏွင့္မ်ိဳးပြါးအဂၤါက်န္းမာေရးႏွင့္ အခြင့္အေရးမ်ား၊ေဆးဝါးအသုံးျပဳမွုႏွင့္ က်န္းမာေရးအက်ိဳးဆက္၊ တီဘီ၊ငွက္ဖ်ားႏွင့္ ကိုဗစ္၁၉ေရာဂါတို႔ ျဖစ္ပါတယ္။

ေနာ္ေဝနိုင္ငံရဲ့ ရန္ပုံေငြပံ့ပိုးမွုဟာ ထိလြယ္ရွလြယ္ အုပ္စုမ်ားထံ ပိုမိုလက္လွမ္းမီေစမွာ ျဖစ္သလို အမ်ိဳးသမီးေတြနဲ႔ ကေလးေတြအတြက္ အေရးပါတဲ့ ကယ္ဆယ္ေ႐ူဝန္ေဆာင္မွုေတြအပါအဝင္ က်န္းမာေရးေစာင့္ေရွာက္မွုစီမံခ်က္ ကိုလည္း တိုးခ်ဲ႕ေဆာင္ရြက္နိုင္မွာျဖစ္ပါတယ္”
လို႔ ေရးသားေဖာ္ျပထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here