အခွန်ငွေမျာ းအပြည့်အဝရရေး မျက်ခြည်မပြတ် စောင့်ကြည့်ဖို သက်ဆိုင်ရာ ဌာနများကိုမှာကြား

0
136

အခွန်ငွေများအပြည့်အဝရရေး မျက်ခြည်မပြတ်စောင့်ကြည့်ဖို သက်ဆိုင်ရာဌာများကိုမှာကြား

ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ဝင်ငွေခွန် အပါအဝင် အခွန်တွေ အပြည့်အဝရရှိမှုမရှိတဲ့အပြင် နယ်စပ်ဒေသတွေက ပြည်ပပိုကုန် သွင်းကုန်တွေမှာလည်း အခွန်ငွေကောက်ခံမှု စနစ်တကျမရှိမှုကြောင့် နိုင်ငံအတွက် နစ်နာမှုတွေ များစွာဖြစ်ပေါ်နေတယ်လို နစကဥက္ကဋ္ဌက ဒီဇင်ဘာ၃ရက် အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁)မှာ ပြောဆိုလိုက်ပါတယ်။

အစိုးရတစ်ရပ်အနေနဲ့ အခွန်ငွေတွေ အပြည့်အဝရရှိမှပဲ နိုင်ငံဖွံဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မှာလိုလည်းပြောပြီး အခွန်ရငွေတွေ နည်းနေတာကြောင့် အခွန်ငွေများအပြည့် အဝရရှိရေး သက်ဆိုင်ရာဌာများမှ မျက်ခြည်မပြတ်စောင့်ကြည့်၍ ဆောင်ရွက်ကြဖိုနဲ့ နယ်စပ်ကုန်သွယ်ခွန်တွေ အပြည့်အဝ ကောက်ခံ နိုင်ရေး တာဝန်ရှိသူတွေက စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုတဲ့အကြောင်းလည်း ပြောပါတယ်။

အခွန်ငွေ ကောက်ခံမှုနဲ့ ပတ်သက်ပြီး မသမာမှုပြုလုပ်မှုတွေကို ဖော်ထုတ်ထိန်းသိမ်း ကြပ်မတ်ဖိုပါတာဝန်ရှိသူတွေကို မှာကြားတာပါ အစည်းအဝေးမှာ ဆောင်ရွက်ခဲ့တယ်လို ဖော်ပြချက်တွေအရသိရပါတယ်။

နစကဟာ ၂၀၂၁ခုနှစ်အောက်တိုဘာ၁ရက်ကစပြီး မတ်လ၃၁ရက်တွင် အဆုံးသတ်မည့် ၂၀၂၁ခုနှစ်အခွန်အကောက်ဥပဒေကို ပြဌာန်းခဲ့ရာတွင် ပြည်တွင်းထုတ်ကုန်နဲ့ပြည်သူပြည်သားများသုံးစွဲမှုအပေး ကောက်ခံတဲ့ အခွန်အကောက်၊ဝင်ငွေနဲ့ ပိုင်ဆိုင်မှုတွေအပေါ်ကောက်ခံတဲ့အခွန်အကောက်၊အကောက်ခွန်၊နိုင်ငံပိုင်သယံဇာတများထုတ်ယူသုံးစွဲမှု အပေါ်ကောက်ခံတဲ့အခွန်အကောက် စတဲ့ အခွန်ဆိုင်ရာအမျိုးအစားတွေကနေ စုစုပေါင်း ငွေကျပ်သန်းပေါင်း ၃၀၇၄၉၂၅ဒသမ၃၃ရသန်း ကောက်ခံဖို လျာထားထားတာတွေ့ရှိရပါတယ်။

ဒါ့အပြင် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေထဲမှာလည်း အောင်ဘာလေသိန်းဆုကနေ ကျပ်သန်းပေါင်း ၆၃၀၀၇.၉ ၁၉ ရရှိဖိုလည်း မျှော်မှန်းထားတာတွေ့ရပါတယ်။

အခြန္ေငြမ်ားအျပည့္အဝရေရး မ်က္ျခည္မျပတ္ေစာင့္ၾကည့္ဖို သက္ဆိုင္ရာဌာမ်ားကိုမွာၾကား

ယခုအခါ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဝင္ေငြခြန္ အပါအဝင္ အခြန္ေတြ အျပည့္အဝရရွိမွုမရွိတဲ့အျပင္ နယ္စပ္ေဒသေတြက ျပည္ပပိုကုန္ သြင္းကုန္ေတြမွာလည္း အခြန္ေငြေကာက္ခံမွု စနစ္တက်မရွိမွုေၾကာင့္ နိုင္ငံအတြက္ နစ္နာမွုေတြ မ်ားစြာျဖစ္ေပၚေနတယ္လို နစကဥကၠ႒က ဒီဇင္ဘာ၃ရက္ အစည္းအေဝး အမွတ္စဥ္(၃/၂၀၂၁)မွာ ေျပာဆိုလိုက္ပါတယ္။

အစိုးရတစ္ရပ္အေနနဲ႔ အခြန္ေငြေတြ အျပည့္အဝရရွိမွပဲ နိုင္ငံဖြံၿဖိဳးတိုးတက္ေရး အတြက္ ေဆာင္ရြက္နိုင္မွာလိုလည္းေျပာၿပီး အခြန္ရေငြေတြ နည္းေနတာေၾကာင့္ အခြန္ေငြမ်ားအျပည့္ အဝရရွိေရး သက္ဆိုင္ရာဌာမ်ားမွ မ်က္ျခည္မျပတ္ေစာင့္ၾကည့္၍ ေဆာင္ရြက္ၾကဖိုနဲ႔ နယ္စပ္ကုန္သြယ္ခြန္ေတြ အျပည့္အဝ ေကာက္ခံ နိုင္ေရး တာဝန္ရွိသူေတြက စနစ္တက် ၾကပ္မတ္ထိန္းသိမ္းေဆာင္ရြက္ၾကရန္လိုတဲ့အေၾကာင္းလည္း ေျပာပါတယ္။

အခြန္ေငြ ေကာက္ခံမွုနဲ႔ ပတ္သက္ၿပီး မသမာမွုျပဳလုပ္မွုေတြကို ေဖာ္ထုတ္ထိန္းသိမ္း ၾကပ္မတ္ဖိုပါတာဝန္ရွိသူေတြကို မွာၾကားတာပါ အစည္းအေဝးမွာ ေဆာင္ရြက္ခဲ့တယ္လို ေဖာ္ျပခ်က္ေတြအရသိရပါတယ္။

နစကဟာ ၂၀၂၁ခုႏွစ္ေအာက္တိုဘာ၁ရက္ကစၿပီး မတ္လ၃၁ရက္တြင္ အဆုံးသတ္မည့္ ၂၀၂၁ခုႏွစ္အခြန္အေကာက္ဥပေဒကို ျပဌာန္းခဲ့ရာတြင္ ျပည္တြင္းထုတ္ကုန္နဲ႔ျပည္သူျပည္သားမ်ားသုံးစြဲမွုအေပး ေကာက္ခံတဲ့ အခြန္အေကာက္၊ဝင္ေငြနဲ႔ ပိုင္ဆိုင္မွုေတြအေပၚေကာက္ခံတဲ့အခြန္အေကာက္၊အေကာက္ခြန္၊နိုင္ငံပိုင္သယံဇာတမ်ားထုတ္ယူသုံးစြဲမွု အေပၚေကာက္ခံတဲ့အခြန္အေကာက္ စတဲ့ အခြန္ဆိုင္ရာအမ်ိဳးအစားေတြကေန စုစုေပါင္း ေငြက်ပ္သန္းေပါင္း ၃၀၇၄၉၂၅ဒသမ၃၃ရသန္း ေကာက္ခံဖို လ်ာထားထားတာေတြ႕ရွိရပါတယ္။

ဒါ့အျပင္ ဘ႑ာေငြရသုံးဆိုင္ရာ ဥပေဒထဲမွာလည္း ေအာင္ဘာေလသိန္းဆုကေန က်ပ္သန္းေပါင္း ၆၃၀၀၇.၉ ၁၉ ရရွိဖိုလည္း ေမၽွာ္မွန္းထားတာေတြ႕ရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here