ဂျပန်နိုင်ငံမှာ ထပ်ဆောင်းကာကွယ်ဆေးအတွက် ပြည်တွင်းထုတ် ကာကွယ်ဆေးတွေနဲ့ စမ်းသပ်

0
121

ဂျပန်နိုင်ငံမှာ ထပ်ဆောင်းကာကွယ်ဆေးအတွက် ပြည်တွင်းထုတ်ကာကွယ်ဆေးတွေနဲ့ စမ်းသပ်

ဂျပန်ဆေးဝါးကုမ္ပဏီ Shionogi က တီထွင်ထုတ်လုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုထပ်ဆောင်းကာကွယ်ဆေးအဖြစ် အသုံးပြုဖို့ လက်တွေ့စမ်းသပ်မှုများကို စတင်ခဲ့ပါတယ်။သောကြာနေ့ကစမ်းသပ်ခဲ့တဲ့ စမ်းသပ်မှုမှာ ပါ ဝင်သူ ၂၀၀ ရှိပါတယ်။

စမ်းသပ်မှုမှာပါဝင်သူအားလုံးဟာ လွန်ခဲ့တဲ့ ၆လခန့်က Pfizer (သို့)Moderna ကာကွယ်ဆေး၂ကြိမ်အပြည့်ထိုးပြီးသူများဖြစ်ပါတယ်။

ထပ်ဆောင်းကာကွယ်ဆေးထိုးရာမှာ Shionogiရဲ့ကာကွယ်ဆေး တဝက်နဲ့ Pfizer ရဲ့ ကာကွယ် ဆေးတဝက်ကို ထိုးပေးမှာဖြစ်ပြီး ၄င်းဆေးနှစ် မျိုးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းမှုကို Osaka အခြေစိုက်ကုမ္ပဏီက နှိုင်းယှဉ်မှာဖြစ်ပါတယ်။

Shionogi ဟာ ဂျပန်နိုင်ငံထုတ်ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမယ့်မတ်လမှာ လက်တွေ့အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဂျပန်နိုင်ငံဟာ ထပ်ဆောင်းကာကွယ်ဆေးတွေကို ယခုလကစပြီး စတင်ထိုးနှံနေပါတယ်။ပြည်တွင်းကာကွယ်ဆေးတွေဟာ ရောဂါအတွက် ကောင်းမွန်တဲ့ တုံပြန်မှုတွေကို ပေးမှာသေချာတယ်လို့ ကုမ္ပဏီကတရားဝင်ပြောခဲ့ပါတယ်။

 

Zaw Gyi

ဂ်ပန္နိုင္ငံမွာ ထပ္ေဆာင္းကာကြယ္ေဆးအတြက္ ျပည္တြင္းထုတ္ကာကြယ္ေဆးေတြနဲ႔ စမ္းသပ္

ဂ်ပန္ေဆးဝါးကုမၸဏီ Shionogi က တီထြင္ထုတ္လုပ္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကိုထပ္ေဆာင္းကာကြယ္ေဆးအျဖစ္ အသုံးျပဳဖို႔ လက္ေတြ႕စမ္းသပ္မွုမ်ားကို စတင္ခဲ့ပါတယ္။ေသာၾကာေန႔ကစမ္းသပ္ခဲ့တဲ့ စမ္းသပ္မွုမွာ ပါ ဝင္သူ ၂၀၀ ရွိပါတယ္။

စမ္းသပ္မွုမွာပါဝင္သူအားလုံးဟာ လြန္ခဲ့တဲ့ ၆လခန္႔က Pfizer (သို႔)Moderna ကာကြယ္ေဆး၂ႀကိမ္အျပည့္ထိုးၿပီးသူမ်ားျဖစ္ပါတယ္။

ထပ္ေဆာင္းကာကြယ္ေဆးထိုးရာမွာ Shionogiရဲ့ကာကြယ္ေဆး တဝက္နဲ႔ Pfizer ရဲ့ ကာကြယ္ ေဆးတဝက္ကို ထိုးေပးမွာျဖစ္ၿပီး ၄င္းေဆးႏွစ္ မ်ိဳးရဲ့ ထိေရာက္မွုနဲ႔ ေဘးကင္းမွုကို Osaka အေျခစိုက္ကုမၸဏီက ႏွိုင္းယွဥ္မွာျဖစ္ပါတယ္။

Shionogi ဟာ ဂ်ပန္နိုင္ငံထုတ္ပထမဆုံးကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို လာမယ့္မတ္လမွာ လက္ေတြ႕အသုံးျပဳနိုင္ဖို႔ ရည္ရြယ္ထားပါတယ္။

ဂ်ပန္နိုင္ငံဟာ ထပ္ေဆာင္းကာကြယ္ေဆးေတြကို ယခုလကစၿပီး စတင္ထိုးႏွံေနပါတယ္။ျပည္တြင္းကာကြယ္ေဆးေတြဟာ ေရာဂါအတြက္ ေကာင္းမြန္တဲ့ တုံျပန္မွုေတြကို ေပးမွာေသခ်ာတယ္လို႔ ကုမၸဏီကတရားဝင္ေျပာခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here