ရှမ်း(မြောက်)က မြို့နယ်လေးခုမှာ တစ်နေ့တည်း စိတ်ကြွဆေးပြား လေးသောင်းခွဲနီးပါးဖမ်းမိ

0
151

ရှမ်း(မြောက်)က မြို့နယ်လေးခုမှာ တစ်နေ့တည်း စိတ်ကြွဆေးပြား လေးသောင်းခွဲနီးပါးဖမ်းမိ

ရှမ်း(မြောက်)က မူဆယ်၊နောင်ချို၊လားရှိုးနဲ့တန့်ယန်းမြို့နယ်တို့မှာ ဒီဇင်ဘာ ၄ ရက်တစ်နေ့တည်းနဲ့ စိတ်ကြွဆေး ၄၄၀၀၀ ပြားကိုဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်တွေမှာ မူဆယ်မြို့နယ်က မူဆယ်-ကွတ်ခိုင်သွား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကိုယန်ဒေဂျုံး(၂၈)နှစ်နဲ့ဦးဆွန်းကျင်ဖူ(၅၃)နှစ်တို့ မောင်းနှင်လာတဲ့ Mitsubishi Outlander ကားပေါ်မှာဝှက်သယ်လာတဲ့ စိတ်ကြွဆေး ၂၂၀၀၀ ပြားကို ဒီဇင်ဘာ ၄ ရက်ညနေ ၄ နာရီ ၄၅ မိနစ်လောက်က ဖမ်းမိခဲ့တယ်လို့ ရဲကပြောပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီမှာလည်း နောင်ချိုမြို့နယ်က အိုရီယမ်တယ်တိုးဂိတ်နားမှာ ကိုစိုင်းဝင်းလတ် (ခ)အိုက်ဖိုက်(၂၀)နှစ်မောင်းလာတဲ့ ဆိုင်ကယ်ကိုစစ်ဆေးရာမှာ ဝှက်သယ်လာတဲ့ စိတ်ကြွဆေး ၁၄၀၀၀ ပြားကိုဖမ်းမိခဲ့ပါတယ်။

အလားတူ လားရှိုးမြို့နယ်က လားရှိုး-မိုင်းယော်သွားကားလမ်းမှာ ဒီဇင်ဘာ ၄ ရက်နေ့လည် ၃ နာ ရီလောက်က ကိုစိုင်းအိုက်လူ(၃၃)နှစ်မောင်းလာတဲ့ Prado ကားထဲကနေ စိတ်ကြွဆေး ၆၀၀၀ ပြားကိုဖမ်းမိခဲ့ပြီး စစ်ဆေးချက်အရ ဆိုင်ကယ်နဲ့ရောက်လာတဲ့ ကိုသိန်းဟန်(ခ)အိုက်ငူ(ခ)အိုက်ကျော်(၂၈)နှစ်ကို အဲဒီနေရာမှာပဲ ထပ်ဖမ်းမိခဲ့ပါတယ်လို့ ရဲကပြောပါတယ်။

တန့်ယန်းမြို့၊ရပ်ကွက်(၈)မှာနေတဲ့ မနန်းနွံ(၃၆) နှစ်အိမ်ကို မွန်းတည့် ၁၂ နာရီခွဲလောက်က ဝင်ရောက်စစ်ဆေးတဲ့အချိန် နေအိမ်အနောက်က ကော်ပိုက်လုံးထဲကနေ စိတ်ကြွဆေး ၂၀၀၀ ပြားကို ဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့သူတွေကို သက်ဆိုင်ရာရဲစခန်းတွေက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအရေးယူပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းမိဖို့အတွက် စစ် ဆေးနေတယ်လို့ ရဲကပြောပါတယ်။

Zaw Gyi

ရွမ္း(ေျမာက္)က ၿမိဳ႕နယ္ေလးခုမွာ တစ္ေန႔တည္း စိတ္ႂကြေဆးျပား ေလးေသာင္းခြဲနီးပါးဖမ္းမိ

ရွမ္း(ေျမာက္)က မူဆယ္၊ေနာင္ခ်ိဳ၊လားရွိုးနဲ႔တန္႔ယန္းၿမိဳ႕နယ္တို႔မွာ ဒီဇင္ဘာ ၄ ရက္တစ္ေန႔တည္းနဲ႔ စိတ္ႂကြေဆး ၄၄၀၀၀ ျပားကိုဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္ေတြမွာ မူဆယ္ၿမိဳ႕နယ္က မူဆယ္-ကြတ္ခိုင္သြား ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ ကိုယန္ေဒဂ်ဳံး(၂၈)ႏွစ္နဲ႔ဦးဆြန္းက်င္ဖူ(၅၃)ႏွစ္တို႔ ေမာင္းႏွင္လာတဲ့ Mitsubishi Outlander ကားေပၚမွာဝွက္သယ္လာတဲ့ စိတ္ႂကြေဆး ၂၂၀၀၀ ျပားကို ဒီဇင္ဘာ ၄ ရက္ညေန ၄ နာရီ ၄၅ မိနစ္ေလာက္က ဖမ္းမိခဲ့တယ္လို႔ ရဲကေျပာပါတယ္။

အဲဒီေန႔ ညေန ၅ နာရီမွာလည္း ေနာင္ခ်ိဳၿမိဳ႕နယ္က အိုရီယမ္တယ္တိုးဂိတ္နားမွာ ကိုစိုင္းဝင္းလတ္ (ခ)အိုက္ဖိုက္(၂၀)ႏွစ္ေမာင္းလာတဲ့ ဆိုင္ကယ္ကိုစစ္ေဆးရာမွာ ဝွက္သယ္လာတဲ့ စိတ္ႂကြေဆး ၁၄၀၀၀ ျပားကိုဖမ္းမိခဲ့ပါတယ္။

အလားတူ လားရွိုးၿမိဳ႕နယ္က လားရွိုး-မိုင္းေယာ္သြားကားလမ္းမွာ ဒီဇင္ဘာ ၄ ရက္ေန႔လည္ ၃ နာ ရီေလာက္က ကိုစိုင္းအိုက္လူ(၃၃)ႏွစ္ေမာင္းလာတဲ့ Prado ကားထဲကေန စိတ္ႂကြေဆး ၆၀၀၀ ျပားကိုဖမ္းမိခဲ့ၿပီး စစ္ေဆးခ်က္အရ ဆိုင္ကယ္နဲ႔ေရာက္လာတဲ့ ကိုသိန္းဟန္(ခ)အိုက္ငူ(ခ)အိုက္ေက်ာ္(၂၈)ႏွစ္ကို အဲဒီေနရာမွာပဲ ထပ္ဖမ္းမိခဲ့ပါတယ္လို႔ ရဲကေျပာပါတယ္။

တန္႔ယန္းၿမိဳ႕၊ရပ္ကြက္(၈)မွာေနတဲ့ မနန္းႏြံ(၃၆) ႏွစ္အိမ္ကို မြန္းတည့္ ၁၂ နာရီခြဲေလာက္က ဝင္ေရာက္စစ္ေဆးတဲ့အခ်ိန္ ေနအိမ္အေနာက္က ေကာ္ပိုက္လုံးထဲကေန စိတ္ႂကြေဆး ၂၀၀၀ ျပားကို ဖမ္းမိခဲ့ပါတယ္။

ဖမ္းမိတဲ့သူေတြကို သက္ဆိုင္ရာရဲစခန္းေတြက မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာေဆး ဝါးမ်ားဆိုင္ရာဥပေဒအရအေရးယူၿပီး ဆက္စပ္ျပစ္မွုက်ဴးလြန္သူေတြကိုဖမ္းမိဖို႔အတြက္ စစ္ ေဆးေနတယ္လို႔ ရဲကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here