ဗိုလ်ချုပ်ကြီးသူရတင်ဦးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို နစကဥက္ကဋ္ဌ သွားရောက်ဂါရဝပြု

0
406

ဗိုလ်ချုပ်ကြီးသူရတင်ဦးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို နစကဥက္ကဋ္ဌ သွားရောက်ဂါရဝပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့နာယကတစ်ဦးလည်းဖြစ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ သူရဦးတင်ဦးကို နစကဥက္ကဋ္ဌက ဒီကနေ့ မနက်ပိုင်းမှာ သွားရောက်ဂါရဝပြုခဲ့တယ်လို့ နစကသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းမှာရှိတဲ့ သူရဦးတင်ဦးရဲ့ နေအိမ်ထိသွားပြီး သူရဦးတင်ဦးကို ဂါရဝပြုတွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံခဲ့တာနဲ့ ပတ်သတ်ပြီး“သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်မးပြီး အားပေးစကားပြောခဲ့တာရှိတယ်။လိုအပ်လာရင် တပ်မတော်ဆေးရုံမှာ တက်ရောက်ကုသနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာရှိပါတယ်”လို့ ပြောပါတယ်။

နစကဥက္ကဋ္ဌဟာ သူရဦးတင်ဦးရဲ့ နေအိမ်ဆီသွားရောက် ဂါရဝပြုခဲ့သလို ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့် ထံကိုလည်း သွားရောက် ဂါရဝပြု​တွေ့ဆုံခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြော ပါတယ်။

“ကျန်းမာရေးအခြေအနေတွေမေးမြန်းဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ပြောကြားခဲ့သလို နေပြည်တော်မှာ တည်ထားကိုးကွယ်ထားတဲ့ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအကြောင်း ပြောကြားခဲ့တယ်”လို့ ပြောခဲ့ပါတယ်။

ဆက်လက်၍ SSC ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေတဲ့ ဗိုလ်ကလေးတင့်အောင်ထံကိုလည်း သတင်းမေးသွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Zaw Gyi

ဗိုလ္ခ်ဳပ္ႀကီးသူရတင္ဦးႏွင့္ ဗိုလ္ခ်ဳပ္ႀကီးခင္ညြန္႔ကို နစကဥကၠ႒ သြားေရာက္ဂါရဝျပဳ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ့နာယကတစ္ဦးလည္းျဖစ္၊တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္းတစ္ဦးလည္းျဖစ္တဲ့ သူရဦးတင္ဦးကို နစကဥကၠ႒က ဒီကေန႔ မနက္ပိုင္းမွာ သြားေရာက္ဂါရဝျပဳခဲ့တယ္လို႔ နစကသတင္းျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ သံလြင္လမ္းမွာရွိတဲ့ သူရဦးတင္ဦးရဲ့ ေနအိမ္ထိသြားၿပီး သူရဦးတင္ဦးကို ဂါရဝျပဳေတြ႕ဆုံခဲ့တာျဖစ္ၿပီး ေတြ႕ဆုံခဲ့တာနဲ႔ ပတ္သတ္ၿပီး“သူ႔ရဲ့ က်န္းမာေရးအေျခအေနကို ေမးျမန္မးၿပီး အားေပးစကားေျပာခဲ့တာရွိတယ္။လိုအပ္လာရင္ တပ္မေတာ္ေဆး႐ုံမွာ တက္ေရာက္ကုသနိုင္ဖို႔ ညႇိႏွိုင္းေဆာင္ရြက္ေပးခဲ့တာရွိပါတယ္”လို႔ ေျပာပါတယ္။

နစကဥကၠ႒ဟာ သူရဦးတင္ဦးရဲ့ ေနအိမ္ဆီသြားေရာက္ ဂါရဝျပဳခဲ့သလို ဝန္ႀကီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီးခင္ညႊန႔္ ထံကိုလည္း သြားေရာက္ ဂါရဝျပဳ​ေတြ႕ဆုံခဲ့တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္ေျပာ ပါတယ္။

“က်န္းမာေရးအေျခအေနေတြေမးျမန္းျဖစ္ခဲ့တယ္။ ျမန္မာနိုင္ငံရဲ့ ျဖစ္ေပၚေနတဲ့ နိုင္ငံေရးအေျခအေနေတြကို ေျပာၾကားခဲ့သလို ေနျပည္ေတာ္မွာ တည္ထားကိုးကြယ္ထားတဲ့ “မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအေၾကာင္း ေျပာၾကားခဲ့တယ္”လို႔ ေျပာခဲ့ပါတယ္။

ဆက္လက္၍ SSC ေဆး႐ုံတြင္ တက္ေရာက္ကုသမွုခံယူေနတဲ့ ဗိုလ္ကေလးတင့္ေအာင္ထံကိုလည္း သတင္းေမးသြားေရာက္ခဲ့တယ္လို႔လည္း သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here