သက်တော်စောင့် ချယ်ရီထက်ရဲ့ တတိယမြောက် ရုံးချိန်း ဒီဇင်ဘာ ၉ ရက်ချိန်းဆို

0
231

သက်တော်စောင့် ချယ်ရီထက်ရဲ့ တတိယမြောက် ရုံးချိန်း ဒီဇင်ဘာ ၉ ရက်ချိန်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တစ်ယောက်ဖြစ်ခဲ့တဲ့ ဒုရဲအုပ်ချယ်ရီထက်ကိုစွဲဆိုထားတဲ့ ပုဒ်မ-၅၀၅(က) အမှုအတွက် နေပြည်တော်၊အချုပ်ထောင်တွင်း တရားရုံးမှာ စစ်ဆေးမဲ့ တတိယမြောက် ရုံးချိန်းကို ဒီဇင်ဘာ ၉ ရက်မှာချိန်းဆိုလိုက်တယ်လို့ ရှေ့ နေအသိုင်းအ ဝိုင်းက သိရပါတယ်။

သက်တော်စောင့်ဒုရဲအုပ်ချယ်ရီထက်ကိုစွဲဆိုထားတဲ့အမှုအတွက် ဒုတိယမြောက်ရုံးချိန်းကို ဒီဇင် ဘာ ၂ ရက်နေ့မှာ တရားလိုဖြစ်တဲ့ ဒုရဲမှူးဇော်ဝင်းထွန်းကို စစ်ဆေးခဲ့တယ်လို့ ရှေ့နေအသိုင်း အဝိုင်းကပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့မှာစတင်စစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီနေ့မှာတော့ တရားလိုဖက်ကတင်ပြတဲ့ ချယ်ရီထက်ရဲ့ဖုန်းကိုဖွင့်စစ်ဆေးကာသက်သေတင်သွင်းဖို့ တင်ပြချက်ကို ချက်ရီထက်ရဲ့ရှေ့နေတွေဖက်က ကန့်ကွက်ခဲ့ပါတယ်။

သက်တော်စောင့်ချယ်ရီထက်ဟာ ဇွန်လအတွင်းက ဘီးလင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်ဖြစ်ခဲ့သလို NLD ပါတီတင်တစ်ယောက်ဖြစ်တဲ့ ဒေါ်သီရိရတနာနဲ့ဆက်သွယ်ခဲ့ပြီး အပြန်အလှန်ပေးပို့ထားတဲ့အချက်အလက်တွေကြောင့် စက်တင်ဘာလမှာ ဖမ်းဆီးခံခဲ့ရတာပါ။

Zaw Gyi

သက္ေတာ္ေစာင့္ ခ်ယ္ရီထက္ရဲ့ တတိယေျမာက္ ႐ုံးခ်ိန္း ဒီဇင္ဘာ ၉ ရက္ခ်ိန္းဆို

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ့ သက္ေတာ္ေစာင့္တစ္ေယာက္ျဖစ္ခဲ့တဲ့ ဒုရဲအုပ္ခ်ယ္ရီထက္ကိုစြဲဆိုထားတဲ့ ပုဒ္မ-၅၀၅(က) အမွုအတြက္ ေနျပည္ေတာ္၊အခ်ဳပ္ေထာင္တြင္း တရား႐ုံးမွာ စစ္ေဆးမဲ့ တတိယေျမာက္ ႐ုံးခ်ိန္းကို ဒီဇင္ဘာ ၉ ရက္မွာခ်ိန္းဆိုလိုက္တယ္လို႔ ေရွ႕ ေနအသိုင္းအ ဝိုင္းက သိရပါတယ္။

သက္ေတာ္ေစာင့္ဒုရဲအုပ္ခ်ယ္ရီထက္ကိုစြဲဆိုထားတဲ့အမွုအတြက္ ဒုတိယေျမာက္႐ုံးခ်ိန္းကို ဒီဇင္ ဘာ ၂ ရက္ေန႔မွာ တရားလိုျဖစ္တဲ့ ဒုရဲမွူးေဇာ္ဝင္းထြန္းကို စစ္ေဆးခဲ့တယ္လို႔ ေရွ႕ေနအသိုင္း အဝိုင္းကေျပာပါတယ္။

နိုဝင္ဘာ ၂၄ ရက္ေန႔မွာစတင္စစ္ေဆးခဲ့တာျဖစ္ၿပီး အဲဒီေန႔မွာေတာ့ တရားလိုဖက္ကတင္ျပတဲ့ ခ်ယ္ရီထက္ရဲ့ဖုန္းကိုဖြင့္စစ္ေဆးကာသက္ေသတင္သြင္းဖို႔ တင္ျပခ်က္ကို ခ်က္ရီထက္ရဲ့ေရွ႕ေနေတြဖက္က ကန္႔ကြက္ခဲ့ပါတယ္။

သက္ေတာ္ေစာင့္ခ်ယ္ရီထက္ဟာ ဇြန္လအတြင္းက ဘီးလင္းၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္တစ္ေယာက္ျဖစ္ခဲ့သလို NLD ပါတီတင္တစ္ေယာက္ျဖစ္တဲ့ ေဒၚသီရိရတနာနဲ႔ဆက္သြယ္ခဲ့ၿပီး အျပန္အလွန္ေပးပို႔ထားတဲ့အခ်က္အလက္ေတြေၾကာင့္ စက္တင္ဘာလမွာ ဖမ္းဆီးခံခဲ့ရတာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here