ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်း ကစားသမား ၁၃ ယောက်သာပြိုင်ပွဲဝင်ဖို့အဆင်သင့်ဖြစ်

0
126

ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်း ကစားသမား ၁၃ ယောက်သာပြိုင်ပွဲဝင်ဖို့အဆင်သင့်ဖြစ်

စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာ ၅ ရက်ကစပြီး ကျင်းပမဲ့ ၂၀၂၀ ပြည့်နှစ် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်မဲ့ မြန်မာ့လက်ရွေးစင်က စားသမား ၁၄ ယောက်ဟာ ဒဏ်ရာပြဿနာ၊ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှု ရှိ မရှိပြန်လည်စစ်ဆေးနေတာတွေကြောင့် ၁၃ ယောက်သာ ဒီနေ့ အိမ်ရှင်စင်ကာပူအသင်းနဲ့ယှဥ်ပြိုင်မဲ့ပွဲစဥ်အတွက် အဆင်သင့်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းမှာ ဒူးဒဏ်ရာရထားတဲ့ ကွင်းလယ်ကစားသမား မျိုးကိုထွန်းကို ဒီဇင်ဘာ ၄ ရက်က မြန်မာနိုင်ငံကိုပြန်လွှတ်ခဲ့ပါတယ်။

အပြီးသတ်ရွေးချယ်ထားတဲ့ ကစားသမား ၂၇ ယောက်ထဲကမှ ဒဏ်ရာပြင်းထန်တဲ့ ကစားသမားလေးယောက် ကိုဗစ်(၁၉)ရောဂါ ပိုးတွေ့လို့ ပြန် လည်စစ်ဆေးမှုခံယူနေရတဲ့ကစားသမား ၁၀ ယောက်(စုစုပေါင်း ၁၄ ယောက်)ရှိနေပါတယ်။

စင်ကာပူနဲ့ကစားဖို့အတွက် ကစားသမားလုံ လောက်တယ် ကစားသမားကောင်းတွေနဲ့ အိမ်ရှင်စင်ကာပူကို အကောင်းဆုံးရင်ဆိုင်ကစားသွားမှာပါလို့ မြန်မာအသင်းနည်းပြက သတင်းစာရှင်း လင်းပွဲမှာ ပြောထားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီနေ့ည မြန်မာစံတော်ချိန် ည ၇ နာရီ စင်ကာပူအမျိုးသားအားကစားကွင်းမှာ အဖွင့်ပွဲစဥ်အဖြစ်စတင်ကစားရမှာဖြစ်ပါတယ်။

Zaw Gyi

ဆူဇူကီးဖလားၿပိဳင္ပြဲဝင္ ျမန္မာေဘာလုံးအသင္း ကစားသမား ၁၃ ေယာက္သာၿပိဳင္ပြဲဝင္ဖို႔အဆင္သင့္ျဖစ္

စင္ကာပူနိုင္ငံမွာ ဒီဇင္ဘာ ၅ ရက္ကစၿပီး က်င္းပမဲ့ ၂၀၂၀ ျပည့္ႏွစ္ အာဆီယံဆူဇူကီးဖလားၿပိဳင္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္မဲ့ ျမန္မာ့လက္ေရြးစင္က စားသမား ၁၄ ေယာက္ဟာ ဒဏ္ရာျပႆနာ၊ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားမွု ရွိ မရွိျပန္လည္စစ္ေဆးေနတာေတြေၾကာင့္ ၁၃ ေယာက္သာ ဒီေန႔ အိမ္ရွင္စင္ကာပူအသင္းနဲ႔ယွဥ္ၿပိဳင္မဲ့ပြဲစဥ္အတြက္ အဆင္သင့္ျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာ့လက္ေရြးစင္အသင္းမွာ ဒူးဒဏ္ရာရထားတဲ့ ကြင္းလယ္ကစားသမား မ်ိဳးကိုထြန္းကို ဒီဇင္ဘာ ၄ ရက္က ျမန္မာနိုင္ငံကိုျပန္လႊတ္ခဲ့ပါတယ္။

အၿပီးသတ္ေရြးခ်ယ္ထားတဲ့ ကစားသမား ၂၇ ေယာက္ထဲကမွ ဒဏ္ရာျပင္းထန္တဲ့ ကစားသမားေလးေယာက္ ကိုဗစ္(၁၉)ေရာဂါ ပိုးေတြ႕လို႔ ျပန္ လည္စစ္ေဆးမွုခံယူေနရတဲ့ကစားသမား ၁၀ ေယာက္(စုစုေပါင္း ၁၄ ေယာက္)ရွိေနပါတယ္။

စင္ကာပူနဲ႔ကစားဖို႔အတြက္ ကစားသမားလုံ ေလာက္တယ္ ကစားသမားေကာင္းေတြနဲ႔ အိမ္ရွင္စင္ကာပူကို အေကာင္းဆုံးရင္ဆိုင္ကစားသြားမွာပါလို႔ ျမန္မာအသင္းနည္းျပက သတင္းစာရွင္း လင္းပြဲမွာ ေျပာထားပါတယ္။

ျမန္မာ့လက္ေရြးစင္အသင္းဟာ ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ည ၇ နာရီ စင္ကာပူအမ်ိဳးသားအားကစားကြင္းမွာ အဖြင့္ပြဲစဥ္အျဖစ္စတင္ကစားရမွာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here