နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား တရားရုံးကအမိန့်များချမှတ်

0
123

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား တရားရုံးကအမိန့်များချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထား သည့် အမှုများထဲက သဘာဝဘေးဆိုင်ရာအမှု၊၅၀၅(ခ)အမှုတို့ကို နေပြည်တော်အထူးတရားရုံးက ယနေ့တွင် အမိန့်အသီးသီးချမှတ်လိုက်သည်ဟု ရှေ့နေအသိုင်းအဝိုင်းကသိရသည်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက သဘာဝဘေးဆိုင်ရာအမှုအတွက် ၂နှစ်၊၅၀၅(ခ)အတွက် ၂နှစ်ပါ။သမ္မတကြီးကိုလည်း အဲ့ဒီအမှုတွေနဲ့ ၂နှစ်စီ စုစုပေါင်း ၄နှစ်ချပါတယ်။ဒေါက်တာမျိုးအောင်ကိုတော့ ၅၀၅ (ခ) နဲ့ ၂နှစ် ချလိုက်တယ်လို့ သိရပါတယ်”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။

၅၀၅(ခ) အမှုပြစ်ဒဏ် ၂နှစ်နှင့် စပ်လျဉ်းပြီး စတင်ထိန်းသိမ်းစဉ်က ကာလအပိုင်းအခြားကို နှုတ်ပယ်ခဲ့သည်ဟုလည်း သိရသည်။

အမိန့်ချမှတ်လိုက်ပြီးဖြစ်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို မည်သည့်နေရာသို့ ပို့ဆောင်မည်နည်း ဆိုသည်ကို မသိရှိရသေးပေ။

“ဘယ်ကိုပို့မလဲ မသိဘူး”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။အချို့ကလည်း လုံခြုံရေးအရ​ဘယ်ကိုမှ မပို့​လောက်ဟု သုံးသပ်ကြသည်။

ပုဒ်မ၅၀၅(ခ) အမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ စာတင်ခဲ့သည့်ကိစ္စနှင့်ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ကို တရားစွဲဆိုခြင်းဖြစ်သည်။

(Zawgyi)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္းျမင့္တို႔အား တရား႐ုံးကအမိန႔္မ်ားခ်မွတ္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထား သည့္ အမႈမ်ားထဲက သဘာဝေဘးဆိုင္ရာအမႈ၊၅၀၅(ခ)အမႈတို႔ကို ေနျပည္ေတာ္အထူးတရား႐ုံးက ယေန႔တြင္ အမိန႔္အသီးသီးခ်မွတ္လိုက္သည္ဟု ေရွ႕ေနအသိုင္းအဝိုင္းကသိရသည္။

“ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြထဲက သဘာဝေဘးဆိုင္ရာအမႈအတြက္ ၂ႏွစ္၊၅၀၅(ခ)အတြက္ ၂ႏွစ္ပါ။သမၼတႀကီးကိုလည္း အဲ့ဒီအမႈေတြနဲ႔ ၂ႏွစ္စီ စုစုေပါင္း ၄ႏွစ္ခ်ပါတယ္။ေဒါက္တာမ်ိဳးေအာင္ကိုေတာ့ ၅၀၅ (ခ) နဲ႔ ၂ႏွစ္ ခ်လိုက္တယ္လို႔ သိရပါတယ္”ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူက ေျပာသည္။

၅၀၅(ခ) အမႈျပစ္ဒဏ္ ၂ႏွစ္ႏွင့္ စပ္လ်ဥ္းၿပီး စတင္ထိန္းသိမ္းစဥ္က ကာလအပိုင္းအျခားကို ႏႈတ္ပယ္ခဲ့သည္ဟုလည္း သိရသည္။

အမိန႔္ခ်မွတ္လိုက္ၿပီးျဖစ္၍ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္းျမင့္တို႔ကို မည္သည့္ေနရာသို႔ ပို႔ေဆာင္မည္နည္း ဆိုသည္ကို မသိရွိရေသးေပ။

“ဘယ္ကိုပို႔မလဲ မသိဘူး”ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးကေျပာသည္။အခ်ိဳ႕ကလည္း လုံၿခဳံေရးအရ​ဘယ္ကိုမွ မပို႔​ေလာက္ဟု သုံးသပ္ၾကသည္။

ပုဒ္မ၅၀၅(ခ) အမႈသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ေဖ့ဘုတ္စာမ်က္ႏွာေပၚတြင္ ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၏ စာတင္ခဲ့သည့္ကိစၥႏွင့္ပတ္သတ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္၊ဦးဝင္းျမင့္ႏွင့္ ေဒါက္တာမ်ိဳးေအာင္တို႔ကို တရားစြဲဆိုျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here