ရာသီဥတုဆိုးရွားတာကြောင့် အင်ဒိုနီးရှားမီး တောင်ရှိ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တရပ်နား

0
271

(Unicode)

ရာသီဥတုဆိုးရွားတာကြောင့် အင်ဒိုနီးရှားမီး တောင်ရှိ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တရပ်နား

အင်ဒိုနီးရှားနိုင်ငံရှိ Semeru မီးတောင်ပေါက်ကွဲမှုကြောင့် လူ၁၄ဦးသေဆုံးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေရာ တနင်္လာ နေ့မှာမိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။

အန္တရာယ်ဆက်လက်ရှိနိုင်သေးတာကြောင့် သတိပြုနေထိုင်ကြဖို့လည်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

ဂျာဗားကျွန်းကအမြင့်ဆုံးမီးတောင်ဟာ စနေနေ့မှာ ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး ပြာတွေဟာ ၄င်းရဲ့ပတ်ဝန်းအနီးအနားက ရွာတွေကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် လူ၅၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ မီးလောင်ဒဏ်ရာများရရှိခဲ့ပါတယ်။

ပြာပုံထဲမှာ အိမ်ခေါင်မိုးစွန်းတွေကိုတွေ့ရပြီး မြေပြင်မှာတော့ စစ်တပ်အရာရှိတွေ၊ရဲတွေနဲ့ဒေသခံတွေက ဒုက္ခသည်တွေကို ရှာဖွေဖို့အတွက် လက်နဲ့ရွှံ့တွေတူးနေတာကို ဝေဟင်မှတ်တမ်းအရ တွေ့ရပါတယ်။

Semeru မီးတောင်စောင့်ကြည့်စင်အကြီးအကဲ Liswanto က လူတွေကို မီးတောင်နဲ့ဘေးကင်းတဲ့အကွာအဝေးမှာနေဖို့ တနင်္လာနေ့ကသတိပေးခဲ့ပေမယ့်လည်း စိုးရိမ်နေတဲ့နေထိုင်သူအချို့ဟာ ၄င်းတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ တိရစ္ဆာန် တွေကို စစ်ဆေးဖို့အတွက် ၄င်းတို့ရဲ့ နေအိမ် တွေကို ပြန်သွားကြတယ်လို့ သတင်းတွေထွက် ပေါ်နေပါတယ်။

Semeru ရဲ့အနေအထားဟာ အဆင့်၂မှာရှိနေဆဲဖြစ်ပြီး ဒီအဆင့်မှာ အန္တရာယ်တွေရှိ​နေဆဲပဲလို့ Liswanto ကပြောပါတယ်။

ချော်ရည်စီးဆင်းမှုကြောင့် မာလန်းမြို့နယ်၊ လူမာဂျန်းခရိုင်ရှိ နယ်မြေ၂ခုကို ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်း ပျက်ဆီးခဲ့ပါတယ်။

မီးတောင်ပြာတွေဖုံးလွှမ်းနေတဲ့ ထရပ်ကား ၂စီးဟာ ဆမ်ဘာဝူလာဧရိယာမှာ ကယ်ဆယ်ရေးလုပ်နေရင်း လေပြင်းတိုက်ခတ်မှုကြောင့် လုပ်ငန်းတွေ ရုပ်ခြည်းရပ်ဆိုင်းသွားခဲ့တယ်လို့ ရိုက်တာမျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးအေဂျင်စီမှ Dewa Arya က ၄င်းအဖွဲ့ဟာ တနင်္လာနေ့က သေဆုံးသူ ၅ဦးရှိတဲ့ မိသားစုတစ်ခုကို ပြန်လည်ရယူဖို့ လုပ် ဆောင်နေပေမယ့်လည်း ဆိုးရွားတဲ့ရာသီဥတုကြောင့် ခေတ္တရပ်တန့်သွားခဲ့တယ်လို့ ဆိုပါတယ်။

လူတွေဟာ သူတို့ရဲ့ပျောက်ဆုံးနေတဲ့ ဆွေမျိုးတွေရဲ့ ဓာတ်ပုံကို Facebookမှာ တင်ခဲ့ကြပြီး သူ့တို့ကိုတွေ့ခဲ့ရင် အချက်အလက်တွေပေးပို့ပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ လူပေါင်း ၁၀၀ကျော်အတွက် မီးဖိုချောင်နဲ့ ကျန်းမာရေးအထောက်အကူပြု အဆောက်အဦးတွေ ထူထောင်ထားပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ကလေးငယ်တွေကို လက်တွဲကူညီရန် ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်ထားပြီး ဆန်၊စောင်နှင့် အဝတ်အထည်များအပါအဝင် ရာနှင့်ချီသော ကယ်ဆယ်ရေးပစ္စည်းများကိုပါ အဆိုပါဒေသကို ပေးပို့ထားကြောင်း CNN Indonesia က ဖော်ပြခဲ့ပါတယ်။

Semeru မီးတောင်ဟာ အင်ဒိုနီးရှားမှာရှိတဲ့ မီးတောင်ရှင် ၁၀၀ ကျော်ထဲမှ တစ်ခုလည်းဖြစ်ပါတယ်။

Source-CNA
Photo Credit-AP

(Zawgyi)

ရာသီဥတုဆိုး႐ြားတာေၾကာင့္ အင္ဒိုနီးရွားမီး ေတာင္ရွိ ရွာေဖြေရးႏွင့္ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေခတၱရပ္နား

အင္ဒိုနီးရွားႏိုင္ငံရွိ Semeru မီးေတာင္ေပါက္ကြဲမႈေၾကာင့္ လူ၁၄ဦးေသဆုံးခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးေတြ ဆက္လက္လုပ္ေဆာင္ေနရာ တနလၤာ ေန႔မွာမိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေခတၱရပ္ဆိုင္းခဲ့ရပါတယ္။

အႏၲရာယ္ဆက္လက္ရွိႏိုင္ေသးတာေၾကာင့္ သတိျပဳေနထိုင္ၾကဖို႔လည္း တာဝန္ရွိသူေတြက တိုက္တြန္းထားပါတယ္။

ဂ်ာဗားကြၽန္းကအျမင့္ဆုံးမီးေတာင္ဟာ စေနေန႔မွာ ျပင္းထန္စြာေပါက္ကြဲခဲ့ၿပီး ျပာေတြဟာ ၄င္းရဲ႕ပတ္ဝန္းအနီးအနားက ႐ြာေတြကို ဖုံးလႊမ္းသြားခဲ့ပါတယ္။

မီးေတာင္ေပါက္ကြဲမႈေၾကာင့္ လူ၅၀ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အမ်ားစုမွာ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ပါတယ္။

ျပာပုံထဲမွာ အိမ္ေခါင္မိုးစြန္းေတြကိုေတြ႕ရၿပီး ေျမျပင္မွာေတာ့ စစ္တပ္အရာရွိေတြ၊ရဲေတြနဲ႔ေဒသခံေတြက ဒုကၡသည္ေတြကို ရွာေဖြဖို႔အတြက္ လက္နဲ႔႐ႊံ႕ေတြတူးေနတာကို ေဝဟင္မွတ္တမ္းအရ ေတြ႕ရပါတယ္။

Semeru မီးေတာင္ေစာင့္ၾကည့္စင္အႀကီးအကဲ Liswanto က လူေတြကို မီးေတာင္နဲ႔ေဘးကင္းတဲ့အကြာအေဝးမွာေနဖို႔ တနလၤာေန႔ကသတိေပးခဲ့ေပမယ့္လည္း စိုးရိမ္ေနတဲ့ေနထိုင္သူအခ်ိဳ႕ဟာ ၄င္းတို႔ပိုင္ဆိုင္တဲ့ ပစၥည္းေတြနဲ႔ တိရစာၦန္ ေတြကို စစ္ေဆးဖို႔အတြက္ ၄င္းတို႔ရဲ႕ ေနအိမ္ ေတြကို ျပန္သြားၾကတယ္လို႔ သတင္းေတြထြက္ ေပၚေနပါတယ္။

Semeru ရဲ႕အေနအထားဟာ အဆင့္၂မွာရွိေနဆဲျဖစ္ၿပီး ဒီအဆင့္မွာ အႏၲရာယ္ေတြရွိ​ေနဆဲပဲလို႔ Liswanto ကေျပာပါတယ္။

ေခ်ာ္ရည္စီးဆင္းမႈေၾကာင့္ မာလန္းၿမိဳ႕နယ္၊ လူမာဂ်န္းခ႐ိုင္ရွိ နယ္ေျမ၂ခုကို ဆက္သြယ္ေပးထားတဲ့ တံတားတစ္စင္း ပ်က္ဆီးခဲ့ပါတယ္။

မီးေတာင္ျပာေတြဖုံးလႊမ္းေနတဲ့ ထရပ္ကား ၂စီးဟာ ဆမ္ဘာဝူလာဧရိယာမွာ ကယ္ဆယ္ေရးလုပ္ေနရင္း ေလျပင္းတိုက္ခတ္မႈေၾကာင့္ လုပ္ငန္းေတြ ႐ုပ္ျခည္းရပ္ဆိုင္းသြားခဲ့တယ္လို႔ ႐ိုက္တာမ်က္ျမင္သက္ေသတစ္ဦးက ေျပာပါတယ္။

ရွာေဖြကယ္ဆယ္ေရးေအဂ်င္စီမွ Dewa Arya က ၄င္းအဖြဲ႕ဟာ တနလၤာေန႔က ေသဆုံးသူ ၅ဦးရွိတဲ့ မိသားစုတစ္ခုကို ျပန္လည္ရယူဖို႔ လုပ္ ေဆာင္ေနေပမယ့္လည္း ဆိုး႐ြားတဲ့ရာသီဥတုေၾကာင့္ ေခတၱရပ္တန္႔သြားခဲ့တယ္လို႔ ဆိုပါတယ္။

လူေတြဟာ သူတို႔ရဲ႕ေပ်ာက္ဆုံးေနတဲ့ ေဆြမ်ိဳးေတြရဲ႕ ဓာတ္ပုံကို Facebookမွာ တင္ခဲ့ၾကၿပီး သူ႔တို႔ကိုေတြ႕ခဲ့ရင္ အခ်က္အလက္ေတြေပးပို႔ေပးဖို႔ ေမတၱာရပ္ခံခဲ့ၾကပါတယ္။

အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတဲ့ လူေပါင္း ၁၀၀ေက်ာ္အတြက္ မီးဖိုေခ်ာင္နဲ႔ က်န္းမာေရးအေထာက္အကူျပဳ အေဆာက္အဦးေတြ ထူေထာင္ထားပါတယ္။

မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသြားတဲ့ ကေလးငယ္ေတြကို လက္တြဲကူညီရန္ ကာကြယ္ေရးအဖြဲ႕တစ္ဖြဲ႕ေစလႊတ္ထားၿပီး ဆန္၊ေစာင္ႏွင့္ အဝတ္အထည္မ်ားအပါအဝင္ ရာႏွင့္ခ်ီေသာ ကယ္ဆယ္ေရးပစၥည္းမ်ားကိုပါ အဆိုပါေဒသကို ေပးပို႔ထားေၾကာင္း CNN Indonesia က ေဖာ္ျပခဲ့ပါတယ္။

Semeru မီးေတာင္ဟာ အင္ဒိုနီးရွားမွာရွိတဲ့ မီးေတာင္ရွင္ ၁၀၀ ေက်ာ္ထဲမွ တစ္ခုလည္းျဖစ္ပါတယ္။

Source-CNA
Photo Credit-AP


LEAVE A REPLY

Please enter your comment!
Please enter your name here