၂၀၁၈ခုနှစ်ပို့ကုန်ရငွေပြန်လည်ထည့်သွင်းဖို့ကျန်နေသေးသည့် ကုမ္ပဏီ ၂၅၀ကျော်ရှိဟု စီး/ကူးဆို

0
110

(Unicode)

၂၀၁၈ခုနှစ်ပို့ကုန်ရငွေပြန်လည်ထည့်သွင်းဖို့ကျန်နေသေးသည့် ကုမ္ပဏီ ၂၅၀ကျော်ရှိဟု စီး/ကူးဆို

၂၀၁၈ခုနှစ် ပို့ကုန်ရငွေပြန်လည်ထည့်သွင်းရန် ကျန်နေသေးသော ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေအားလုံးကို မိမိတို့ဘဏ် စာရင်းအသီးသီးသို့ နိုင်ငံခြားငွေဖြင့် ဆောလျင်စွာထည့်သွင်းကြဖို့ ဒီဇင်ဘာပထမအပါတ်ထဲတွင် ညွှန်ကြားစာဖြင့် အသိပေးထားသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနကသိရသည်။

၂၀၁၈ ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ယနေ့အထိ ပို့ကုန်ရငွေ အားလုံးကို လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏ သက်ဆိုင်ရာ ဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ(၆၁၅)ခုရှိသည်ကို စိစစ်တွေ့ ရှိရသဖြင့် အဆိုပါကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့်ရက်မှ ရက်ပေါင်း(၉၀)အတွင်း ပို့ကုန် ရငွေအားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် (၉-၈-၂၀၂၁) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ များနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် Website တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထဲမှ ကုမ္ပဏီအများစုသည် ဖြေရှင်းပြီးဖြစ်ကာ ကျန်ရှိနေသည့် ကုမ္ပဏီအရေအတွက်မှာ ကုမ္ပဏီ(၂၅၉)ခု ဟု ယင်းဦးစီးဌာနက ပြောဆိုထားသည်။

အဆိုပါ ကုမ္ပဏီ(၂၅၉)ခုတို့၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အား (၁၁-၉-၂၀၂၁) ရက်နေ့မှစ၍ ဆက်လက်ယာယီပိတ်သိမ်းထားဆဲဖြစ်ပါသဖြင့် ပို့ကုန်ရငွေအားလုံးကို မိမိတို့ဘဏ် စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ဆောလျင်စွာထည့်သွင်းကြရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၁၅-၁၁-၂၀၂၁) ရက်နေ့မှ (၂၂-၁၁-၂၀၂၁)ရက်နေ့အထိ ပို့ကုန်ရငွေ အပြည့်အဝဝင်ရောက်ပြီးသော ကုမ္ပဏီ(၄)ခုနှင့် ကျန်ရှိသော ပို့ကုန်ရငွေအတွက် ငွေပြန်လည်ဝင်ရောက်မည်မဟုတ်ကြောင်း အထောက်အထားများဖြင့် တင်ပြလာသည့် ကုမ္ပဏီ (၃၂)ခု၊ စုစုပေါင်းကုမ္ပဏီ(၇)ခုစာရင်းအား ပေးပို့လာခဲ့ပါသဖြင့် ပို့ကုန်ရငွေပြန်လည်ထည့်သွင်းရန် ကုမ္ပဏီ(၂၅၉)ခု ကျန်ရှိနေသည်ဟု ယင်းဦးစီးဌာနကပြောဆိုသည်။

၂၀၁၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဌာန်းထားပြီးယင်းဥပဒေပြဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေ အားလုံးကို ပို့ကုန်များ သင်္ဘောတင်သည့်နေ့မှ (၆)လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေ စာရင်းအသီးသီးသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိသည်ဟု ယင်းဦးစီးဌာနကဆိုသည်။

(Zawgyi)

၂၀၁၈ခုႏွစ္ပို႔ကုန္ရေငြျပန္လည္ထည့္သြင္းဖို႔က်န္ေနေသးသည့္ ကုမၸဏီ ၂၅၀ေက်ာ္ရွိဟု စီး/ကူးဆို

၂၀၁၈ခုႏွစ္ ပို႔ကုန္ရေငြျပန္လည္ထည့္သြင္းရန္ က်န္ေနေသးေသာ ကုမၸဏီမ်ားအေနျဖင့္ ပို႔ကုန္ရေငြအားလုံးကို မိမိတို႔ဘဏ္ စာရင္းအသီးသီးသို႔ ႏိုင္ငံျခားေငြျဖင့္ ေဆာလ်င္စြာထည့္သြင္းၾကဖို႔ ဒီဇင္ဘာပထမအပါတ္ထဲတြင္ ၫႊန္ၾကားစာျဖင့္ အသိေပးထားသည္ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ကုန္သြယ္ေရးဦးစီးဌာနကသိရသည္။

၂၀၁၈ ခုႏွစ္အတြင္း ျပည္ပသို႔ ပို႔ကုန္တင္ပို႔ခဲ့ၿပီး ယေန႔အထိ ပို႔ကုန္ရေငြ အားလုံးကို လည္းေကာင္း၊ တစ္စိတ္တစ္ပိုင္းကိုလည္းေကာင္း မိမိတို႔၏ သက္ဆိုင္ရာ ဘဏ္စာရင္းတြင္ ျပန္လည္ထည့္သြင္းရန္ ပ်က္ကြက္ေသာ ပို႔ကုန္တင္ပို႔သည့္ ကုမၸဏီ(၆၁၅)ခုရွိသည္ကို စိစစ္ေတြ႕ ရွိရသျဖင့္ အဆိုပါကုမၸဏီမ်ားအေနျဖင့္ ယခုေၾကညာသည့္ရက္မွ ရက္ေပါင္း(၉၀)အတြင္း ပို႔ကုန္ ရေငြအားလုံးကို မိမိတို႔ဘဏ္စာရင္းအသီးသီးတြင္ ႏိုင္ငံျခားေငြျဖင့္ ထည့္သြင္းၾကရန္ (၉-၈-၂၀၂၁) ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာ မ်ားႏွင့္ ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္ Website တို႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုထဲမွ ကုမၸဏီအမ်ားစုသည္ ေျဖရွင္းၿပီးျဖစ္ကာ က်န္ရွိေနသည့္ ကုမၸဏီအေရအတြက္မွာ ကုမၸဏီ(၂၅၉)ခု ဟု ယင္းဦးစီးဌာနက ေျပာဆိုထားသည္။

အဆိုပါ ကုမၸဏီ(၂၅၉)ခုတို႔၏ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မွတ္ပုံတင္အား (၁၁-၉-၂၀၂၁) ရက္ေန႔မွစ၍ ဆက္လက္ယာယီပိတ္သိမ္းထားဆဲျဖစ္ပါသျဖင့္ ပို႔ကုန္ရေငြအားလုံးကို မိမိတို႔ဘဏ္ စာရင္းအသီးသီးတြင္ ႏိုင္ငံျခားေငြျဖင့္ ေဆာလ်င္စြာထည့္သြင္းၾကရန္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မ်ားအား အသိေပးထားသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ (၁၅-၁၁-၂၀၂၁) ရက္ေန႔မွ (၂၂-၁၁-၂၀၂၁)ရက္ေန႔အထိ ပို႔ကုန္ရေငြ အျပည့္အဝဝင္ေရာက္ၿပီးေသာ ကုမၸဏီ(၄)ခုႏွင့္ က်န္ရွိေသာ ပို႔ကုန္ရေငြအတြက္ ေငြျပန္လည္ဝင္ေရာက္မည္မဟုတ္ေၾကာင္း အေထာက္အထားမ်ားျဖင့္ တင္ျပလာသည့္ ကုမၸဏီ (၃၂)ခု၊ စုစုေပါင္းကုမၸဏီ(၇)ခုစာရင္းအား ေပးပို႔လာခဲ့ပါသျဖင့္ ပို႔ကုန္ရေငြျပန္လည္ထည့္သြင္းရန္ ကုမၸဏီ(၂၅၉)ခု က်န္ရွိေနသည္ဟု ယင္းဦးစီးဌာနကေျပာဆိုသည္။

၂၀၁၂ ခုႏွစ္၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒႏွင့္ ၂၀၁၅ ခုႏွစ္၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈ ဥပေဒကို ျပင္ဆင္သည့္ ဥပေဒ အခန္း(၁၁)၊ ပုဒ္မ ၃၈-ခ တြင္ မည္သူမွ် ပို႔ကုန္ရေငြအားလုံးကို သတ္မွတ္ကာလအတြင္း ႏိုင္ငံေတာ္အတြင္းရွိ ယင္း၏ ဘဏ္ေငြစာရင္းသို႔ ႏိုင္ငံျခားသုံးေငြျဖင့္ ထည့္သြင္းရန္ ပ်က္ကြက္ျခင္းမရွိေစရဟု ျပဌာန္းထားၿပီးယင္းဥပေဒျပဌာန္းခ်က္အရ ျပည္ပသို႔ ပို႔ကုန္တင္ပို႔သည့္ ကုမၸဏီမ်ားအေနျဖင့္ ပို႔ကုန္ရေငြ အားလုံးကို ပို႔ကုန္မ်ား သေဘၤာတင္သည့္ေန႔မွ (၆)လအတြင္း ႏိုင္ငံေတာ္အတြင္းရွိ ယင္း၏ ဘဏ္ေငြ စာရင္းအသီးသီးသို႔ ႏိုင္ငံျခားသုံးေငြျဖင့္ ထည့္သြင္းရန္ တာဝန္ရွိသည္ဟု ယင္းဦးစီးဌာနကဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here