စင်ကာပူ နိုင်ငံမှာ ‘ထာဝရအမေ’ ဇာတ်ဝင်ခန်းများ သွားရောက် ရိုက်ကူးခဲ့

0
117

htar-wa-yaပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း (အသည်း)ရဲ့ အကြောင်းကို ရိုက်ကူး ပုံဖော်နေတဲ့ “ထာဝရအမေ” ရုပ်ရှင် ဇာတ်ကားကြီး ထဲက ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း အဖြစ် သရုပ်ဆောင်မယ့် နေတိုးက အသည်းရောင် အသားဝါ အကြောင်း ဟောပြောတဲ့ ဇာတ်ဝင် ခန်း ကို အောက်တိုဘာလ ၃ဝ ရက်နေ့ မနက် ၈နာရီက  Rose Garden  ဟိုတယ်မှာ ရိုက်ကူး ခဲ့ပါတယ်။ အမေအတွက် ရိုက်ကူး ရလို့ ဂုဏ်ယူ မိတယ်လို့ ဆိုတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က ဒီဇာတ်ကားနဲ့ ပတ် သက်ပြီး..

“ဒီနေ့က  Pre Ending ရိုက် ကူးတာပါ။ ဇာတ်လမ်းအရ ဒီဘက် မှာ အမေက ရန်ကုန်မှာ ပြဿနာ တက်နေပြီ။ ဒီဘက်မှာ သူက ပရိသတ် အားပေးမှု ထုနဲ့ထည် နဲ့အတူ အသည်းရောင် အသားဝါကို ဘယ်လို ကာကွယ်လို့ရလဲ ဆိုတာ ရှင်းတဲ့အချိန် အဲဒီ ဇာတ်ဝင်ခန်း ကို ရိုက်ကူးတာပါ။ စင်ကာပူ မှာလည်း ဇာတ်ကား တစ်ကားလုံးကို အစ အဆုံး နောက်ကြောင်းပြန်တဲ့ အခန်းကို သွားရောက် ရိုက်ကူးမှာပါ။ ဇာတ်သိမ်း မတိုင်ခင် သူတို့ တအားကြေကွဲတဲ့ အခန်းတွေ လည်း ရိုက် ကူးမှာပါ။ တဖြည်းဖြည်း ရိုက်ကူးရင်း၊ ရိုက်ကူးရင်းနဲ့ ဇာတ်ရဲ့ တည် ဆောက်မှု အားကောင်းမှုတွေ ကို တွေ့လာရတယ်။ ဇာတ်ကား ဆက်ပြီး တာ ၉ဝ ရာခိုင်နှုန်းပြီးနေတော့ သရုပ်ဆောင်တွေ ရဲ့ အားကောင်းမှုက လည်း စိတ်ကြိုက် ဖြစ်လာတယ်။ ဒါပေမဲ့ Editing ပီပြင်ဖို့ရယ်၊ ကာလာ ပီပြင် ဖို့ရယ်၊ နောက် ခံ တေးဂီတပီပြင်ဖို့ရယ်၊ နောက် လိုအပ်တာလေး ရှိရင် ဖြည့်ရိုက်ကူး ဖို့ရယ် အဲဒါလေးတွေ ကျွန်တော် လုပ်နေပါတယ်။ အဲဒါ ပြီးရင်တော့ ကျွန်တော် ကျေနပ်ပါပြီ။ ကျွန်တော် ဒီဇာတ်ကားကို International Movie ဖြစ်အောင် လုပ်ပါတယ်။ ဘန် ကောက်က Cantana  ကုမ္ပဏီ နဲ့ သွားလုပ်မှာပါ။ အဲဒီအတွက် အကောင်းဆုံးဖြစ် အောင် လုပ်မှာပါ” လို့ ပြောပါတယ်။ ဒီဇာတ်ကားကို  နိုဝင်ဘာလ ၂ရက်နေ့ မှ နိုဝင်ဘာ လ ၅ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here