မြန်မာစစ်အစိုးရ အာဆီယံအစည်းအ​ဝေးများကိုတက်ရောက်ခွင့်ရှိဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

0
72

(Unicode)

မြန်မာစစ်အစိုးရ အာဆီယံအစည်းအ​ဝေးများကိုတက်ရောက်ခွင့်ရှိဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာစစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးဖို့အတွက် မြန် မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားပြီး နစကအား အာဆီယံအစည်းအဝေးများကို ဖိတ်ကြားသင့်တယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံဖြစ်ပေမယ့်လည်း ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာ သိမ်းပြီးနောက် အောက်တိုဘာလမှာ ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံနှစ်ပတ်လည်ထိပ်သီးအစည်းအဝေးကို အဆင့်တူတက် ရောက်ဖို့အတွက် အဖွဲ့ဝင်တွေရဲ့သဘောတူညီမှုကိုမရရှိခဲ့တာကြောင့် စစ်အစိုးရခေါင်းဆောင် ကို မဖိတ်ကြားခဲ့ဘဲ နိုင်ငံ​ရေးနဲ့ မပတ်သက်​သောသူသာ တက်​ရောက်ဖို့ အ​ကြောင်းကြားခဲ့ပါတယ် ။

လာမည့်နှစ်မှာ ကမ္ဘောဒီးယားက အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး အဖွဲ့ဝင် ၁၀ဦးလုံးကို ကိုယ်စားပြုမှာဖြစ် တယ်လို့ ဝန်ကြီးချုပ်က တနင်္လာနေ့က ပြောခဲ့ပါတယ်။

“အာဆီယံရဲ့ မိသားစုဝင်ဖြစ်လို့ အစည်းအဝေးတက်ဖို့ လုပ်ပိုင်ခွင့်ရှိတယ်” လို့ တရုတ်ကထောက်ပံ့တဲ့ ဆောက်လုပ်ရေးပရောဂျက်တစ်ခုဖွင့်
ပွဲအခမ်းအနားမှာ ဟွန်ဆန်က မှတ်ချက်ပေးခဲ့ပါတယ်။

မြန်မာစစ်တပ်ကခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ အင်္ဂါနေ့မှာ ကမ္ဘောဒီးယားကိုသွားရောက်မှာဖြစ်ပြီး ဟွန်ဆန်က မြန်မာနိုင်ငံကို မ ကြာမီ လာရောက်လည်ပတ်ဖွယ်ရှိကြောင်း သိရပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဖို့ နေပြည်တော်ကို သွားရောက်ဖြစ်ဖို့ များပါတယ်။ခေါင်းဆောင်ပိုင်းနဲ့တွဲမလုပ်ရင် ဘယ်သူနဲ့တွဲ
လုပ်ရမှာလဲ” လို့ ဟွန်ဆန်ကဆိုပါတယ်။

ဟွန်ဆန်က အာဆီယံ ပဋိဥာဥ်အရ တခြားအဖွဲ့ဝင်နိုင်ငံတွေကို နှင်ထုတ်ပိုင်ခွင့်မရှိသလို အချင်းချင်းရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြင်းမပြုဖို့ အာဆီယံရဲ့ ကာလရှည်ကြာကျင်းပခဲ့တဲ့ ညီလာခံကို ကိုးကားပြောဆိုခဲ့ပါတယ်။

Source- CNA

(Zawgyi)

ျမန္မာစစ္အစိုးရ အာဆီယံအစည္းအ​ေဝးမ်ားကိုတက္ေရာက္ခြင့္ရွိဟု ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေျပာ

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ျမန္မာစစ္အစိုးရႏွင့္ ေတြ႕ဆုံေဆြးေႏြးဖို႔အတြက္ ျမန္ မာႏိုင္ငံကို လာေရာက္ဖို႔ စီစဥ္ထားၿပီး နစကအား အာဆီယံအစည္းအေဝးမ်ားကို ဖိတ္ၾကားသင့္တယ္လို႔ ဒီဇင္ဘာ ၆ ရက္ေန႔က ေျပာခဲ့ပါတယ္။

ျမန္မာႏိုင္ငံဟာ အာဆီယံအဖြဲ႕ဝင္ ၁၀ႏိုင္ငံျဖစ္ေပမယ့္လည္း ေဖေဖာ္ဝါရီ ၁ရက္ေန႔ အာဏာ သိမ္းၿပီးေနာက္ ေအာက္တိုဘာလမွာ ဘ႐ူႏိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပတဲ့ အာဆီယံႏွစ္ပတ္လည္ထိပ္သီးအစည္းအေဝးကို အဆင့္တူတက္ ေရာက္ဖို႔အတြက္ အဖြဲ႕ဝင္ေတြရဲ႕သေဘာတူညီမႈကိုမရရွိခဲ့တာေၾကာင့္ စစ္အစိုးရေခါင္းေဆာင္ ကို မဖိတ္ၾကားခဲ့ဘဲ ႏိုင္ငံ​ေရးနဲ႔ မပတ္သက္​ေသာသူသာ တက္​ေရာက္ဖို႔ အ​ေၾကာင္းၾကားခဲ့ပါတယ္ ။

လာမည့္ႏွစ္မွာ ကေမာၻဒီးယားက အာဆီယံအလွည့္က် ဥကၠဌအျဖစ္ တာဝန္ယူေဆာင္႐ြက္မွာျဖစ္ၿပီး အဖြဲ႕ဝင္ ၁၀ဦးလုံးကို ကိုယ္စားျပဳမွာျဖစ္ တယ္လို႔ ဝန္ႀကီးခ်ဳပ္က တနလၤာေန႔က ေျပာခဲ့ပါတယ္။

“အာဆီယံရဲ႕ မိသားစုဝင္ျဖစ္လို႔ အစည္းအေဝးတက္ဖို႔ လုပ္ပိုင္ခြင့္ရွိတယ္” လို႔ တ႐ုတ္ကေထာက္ပံ့တဲ့ ေဆာက္လုပ္ေရးပေရာဂ်က္တစ္ခုဖြင့္
ပြဲအခမ္းအနားမွာ ဟြန္ဆန္က မွတ္ခ်က္ေပးခဲ့ပါတယ္။

ျမန္မာစစ္တပ္ကခန္႔အပ္ထားတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဟာ အဂၤါေန႔မွာ ကေမာၻဒီးယားကိုသြားေရာက္မွာျဖစ္ၿပီး ဟြန္ဆန္က ျမန္မာႏိုင္ငံကို မ ၾကာမီ လာေရာက္လည္ပတ္ဖြယ္ရွိေၾကာင္း သိရပါတယ္။

“ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံဖို႔ ေနျပည္ေတာ္ကို သြားေရာက္ျဖစ္ဖို႔ မ်ားပါတယ္။ေခါင္းေဆာင္ပိုင္းနဲ႔တြဲမလုပ္ရင္ ဘယ္သူနဲ႔တြဲ
လုပ္ရမွာလဲ” လို႔ ဟြန္ဆန္ကဆိုပါတယ္။

ဟြန္ဆန္က အာဆီယံ ပဋိဥာဥ္အရ တျခားအဖြဲ႕ဝင္ႏိုင္ငံေတြကို ႏွင္ထုတ္ပိုင္ခြင့္မရွိသလို အခ်င္းခ်င္းရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ ျခင္းမျပဳဖို႔ အာဆီယံရဲ႕ ကာလရွည္ၾကာက်င္းပခဲ့တဲ့ ညီလာခံကို ကိုးကားေျပာဆိုခဲ့ပါတယ္။

Source- CNA


LEAVE A REPLY

Please enter your comment!
Please enter your name here