ကြည့်မြင်တိုင်ဆန္ဒပြပွဲ ဖြိုခွဲ နှိမ်နင်းမှု ကုလအတွင်းရေးမှူးချုပ်နှင့်အမေရိကန်တို့ရှုတ်ချပြစ်တင်

0
183

(Unicode)

ကြည့်မြင်တိုင်ဆန္ဒပြပွဲ ဖြိုခွဲ နှိမ်နင်းမှု ကုလအတွင်းရေးမှူးချုပ်နှင့်အမေရိကန်တို့ရှုတ်ချပြစ်တင်

ပြီးခဲ့တဲ့ ဒီဇင်ဘာ၅ရက်နေ့ မနက်ပိုင်းက ရန်ကုန်ကြည်မြင်တိုင် ပန်းပင်ကြီးလမ်းမပေါ်အတွင်း ဖြစ်ခဲ့တဲ့ ရန်ကုန်သပိတ်ဆန္ဒပြလူငယ်တွေကို ကားနဲ့ ဝင်ပြီး ဖြိုခွင်းသော ဖြစ်စဉ်ကို ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကရှုတ်ချခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က“ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုဟာ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ချိုးဖောက်မှုဖြစ်သလို ထိန်းထိန်းသိမ်းသိမ်းရှိဖို့နဲ့ ဆွေးနွေးကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်ကို ရှင်းရှင်းလင်းလင်း အာခံလိုက်တာဖြစ်တယ်” လို့ ဒီဇင်ဘာ၆ရက်နေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တဲ့အကြောင်း VOAသတင်းဌာနကဖော်ပြထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်၊ ဖိနှိပ်မှုတွေကို ရှောင်ကြဉ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂက ထပ်ပြီး ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးကလည်း “ရန်ကုန်မြို့အတွင်းဆန္ဒပြနေသူများကို လုံခြုံရေးတပ်ဖွဲ့များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ဖြိုခွင်းသောသတင်းများကြောင့် မိမိတို့ ထိတ်လန့်တုန်လှုပ်မိပါသည်”ဟု ကြေညာချက်ထုတ်ခဲ့ပါတယ်။

နစကဘက်ကတော့ ကြည်မြင်တိုင်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သေဆုံးသူ မရှိသေးဘူးလို့ ဒီဇင်ဘာလ ၅ရက်နေ့နဲ့ ၆ရက်နေ့ညတွေမှာ ဆက်တိုက်သတင်းထုတ်ပြန်ထားပါတယ်။

ဆန္ဒပြဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အသက် ၁၅နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၁၁ဦးအဖမ်းခံထားရပါတယ်။

အဖမ်းခံထားရတဲ့အထဲ သတင်းထောက် ၂ဦးပါပါဝင်ပါတယ်။

ဖမ်းဆီးခံထားရသူတွေအနက်က ကိုဘိုဘိုစံ၊ကိုကောင်းနှင့် မမှူးရတနာ(ခ) ကရေဇင်တို့မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ အသီးသီး ရရှိထားပါတယ်။မမှူးရတနာ(ခ)ကရေဇင်ကတော့ ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေအပြင် ခြေသလုံးရိုး ဒဏ်ရာ ရရှိထားပြီး ၃ဦးစလုံး တပ်မတော်ဆေးရုံမှာ ဆေးကုသခံယူနေပါတယ်။

ရန်ကုန်မြို့ရှိ ဆန္ဒပြမှုဖြစ်စဉ်တွေကို လိုက်ပါ သတင်းရယူနေတဲ့ Myanmar Pressphoto Agency ရဲ့ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ ဒီဇင်ဘာလ ၅ ရက်နေ့ ကြည့်မြင်တိုင်ဖြစ်စဉ်တွင် ဖမ်းဆီးခံရခြင်းနဲ့ ပတ်သတ်ပြီး ပြည်သူလူထုရဲ့ သိပိုင်ခွင့် အတွက် မီဒီယာတာဝန်ကို ထမ်းဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းသာ ဖြစ်တယ်လို့ Myanmar Pressphoto Agency အယ်ဒီတာအဖွဲ့က ထုတ်ပြန်ထားပါတယ်။

(Zawgyi)

ၾကည့္ျမင္တိုင္ဆႏၵျပပြဲ ၿဖိဳခြဲ ႏွိမ္နင္းမွု ကုလအတြင္းေရးမွူးခ်ဳပ္ႏွင့္အေမရိကန္တို႔ရွုတ္ခ်ျပစ္တင္

ၿပီးခဲ့တဲ့ ဒီဇင္ဘာ၅ရက္ေန႔ မနက္ပိုင္းက ရန္ကုန္ၾကည္ျမင္တိုင္ ပန္းပင္ႀကီးလမ္းမေပၚအတြင္း ျဖစ္ခဲ့တဲ့ ရန္ကုန္သပိတ္ဆႏၵျပလူငယ္ေတြကို ကားနဲ႔ ဝင္ၿပီး ၿဖိဳခြင္းေသာ ျဖစ္စဥ္ကို ကမၻာ့ကုလသမဂၢအတြင္းေရးမွူးခ်ဳပ္ကရွုတ္ခ်ခဲ့ပါတယ္။

ကုလသမဂၢ အတြင္းေရးမွူးခ်ဳပ္ရဲ့ ေျပာခြင့္ရ Stephane Dujarric က“ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို သတ္ျဖတ္မွုဟာ အေျခခံ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္မွု၊ လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ကို ခ်ိဳးေဖာက္မွုျဖစ္သလို ထိန္းထိန္းသိမ္းသိမ္းရွိဖို႔နဲ႔ ေဆြးေႏြးၾကဖို႔ ကုလသမဂၢ လုံျခဳံေရးေကာင္စီရဲ့ ေတာင္းဆိုခ်က္ကို ရွင္းရွင္းလင္းလင္း အာခံလိုက္တာျဖစ္တယ္” လို႔ ဒီဇင္ဘာ၆ရက္ေန႔ နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တဲ့အေၾကာင္း VOAသတင္းဌာနကေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္အေနနဲ႔ အၾကမ္းဖက္၊ ဖိႏွိပ္မွုေတြကို ေရွာင္ၾကဥ္ၿပီး ျမန္မာနိုင္ငံကို ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေရး ေဆာင္ရြက္ဖို႔လည္း ကုလသမဂၢက ထပ္ၿပီး ေျပာဆိုထားပါတယ္။

ျမန္မာနိုင္ငံအေျခစိုက္ အေမရိကန္သံ႐ုံးကလည္း “ရန္ကုန္ၿမိဳ႕အတြင္းဆႏၵျပေနသူမ်ားကို လုံျခဳံေရးတပ္ဖြဲ႕မ်ားက ေသနတ္ႏွင့္ပစ္၊ ကားႏွင့္တိုက္၍ၿဖိဳခြင္းေသာသတင္းမ်ားေၾကာင့္ မိမိတို႔ ထိတ္လန႔္တုန္လွုပ္မိပါသည္”ဟု ေၾကညာခ်က္ထုတ္ခဲ့ပါတယ္။

နစကဘက္ကေတာ့ ၾကည္ျမင္တိုင္ျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး ေသဆုံးသူ မရွိေသးဘူးလို႔ ဒီဇင္ဘာလ ၅ရက္ေန႔နဲ႔ ၆ရက္ေန႔ညေတြမွာ ဆက္တိုက္သတင္းထုတ္ျပန္ထားပါတယ္။

ဆႏၵျပျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး အသက္ ၁၅ႏွစ္အရြယ္ အမ်ိဳးသမီးငယ္တစ္ဦးအပါအဝင္ စုစုေပါင္း ၁၁ဦးအဖမ္းခံထားရပါတယ္။

အဖမ္းခံထားရတဲ့အထဲ သတင္းေထာက္ ၂ဦးပါပါဝင္ပါတယ္။

ဖမ္းဆီးခံထားရသူေတြအနက္က ကိုဘိုဘိုစံ၊ကိုေကာင္းႏွင့္ မမွူးရတနာ(ခ) ကေရဇင္တို႔မွာ ဦးေခါင္းေပါက္ျပဲဒဏ္ရာေတြ အသီးသီး ရရွိထားပါတယ္။မမွူးရတနာ(ခ)ကေရဇင္ကေတာ့ ဦးေခါင္းေပါက္ျပဲဒဏ္ရာေတြအျပင္ ေျခသလုံးရိုး ဒဏ္ရာ ရရွိထားၿပီး ၃ဦးစလုံး တပ္မေတာ္ေဆး႐ုံမွာ ေဆးကုသခံယူေနပါတယ္။

ရန္ကုန္ၿမိဳ႕ရွိ ဆႏၵျပမွုျဖစ္စဥ္ေတြကို လိုက္ပါ သတင္းရယူေနတဲ့ Myanmar Pressphoto Agency ရဲ့ ဓာတ္ပုံ သတင္းေထာက္ ကိုေကာင္းဆက္လင္းနဲ႔ ႐ုပ္သံသတင္းေထာက္ မမွူးရတနာခက္မို႔မို႔ထြန္းတို႔ ဒီဇင္ဘာလ ၅ ရက္ေန႔ ၾကည့္ျမင္တိုင္ျဖစ္စဥ္တြင္ ဖမ္းဆီးခံရျခင္းနဲ႔ ပတ္သတ္ၿပီး ျပည္သူလူထုရဲ့ သိပိုင္ခြင့္ အတြက္ မီဒီယာတာဝန္ကို ထမ္းေဆာင္ေနစဥ္ ဖမ္းဆီးခံခဲ့ရျခင္းသာ ျဖစ္တယ္လို႔ Myanmar Pressphoto Agency အယ္ဒီတာအဖြဲ႕က ထုတ္ျပန္ထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here