ညောင်နှစ်ပင်အတွင်း လုပ်ပိုင်ခွင့်ရရှိထားသောလုပ်ငန်းအား အနည်းဆုံး၅၀ရာခိုင်နှုန်းမလုပ်လျှင် ပြန်သိမ်းမည်

0
238

(Unicode)

ညောင်နှစ်ပင်အတွင်း လုပ်ပိုင်ခွင့်ရရှိထားသောလုပ်ငန်းအား အနည်းဆုံး၅၀ရာခိုင်နှုန်းမလုပ်လျှင် ပြန်သိမ်းမည်

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်းရှိ လုပ်ကိုင်ခွင့်ရရှိထားသော လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အသိပေးချက်တစ်ရပ်ကို ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်ကြီးကြပ်မှုကော်မတီက ဒီဇင်ဘာလ ၆ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး(မှော်ဘီ/လှည်းကူး)မြို့နယ်၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန် (၁/၂/၂-တိုးချဲ့/၃) အတွင်းရှိ လုပ်ကိုင်ခွင့်ရရှိထား သော လုပ်ငန်းရှင်များအတွက် အသိပေးချက်တစ်ရပ်ဖြစ်သည်။

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန် အတွင်း လုပ်ကိုင်ခွင့်ရ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ကိုင်ခွင့်ရရှိထားသော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအား အနည်းဆုံး (၅၀)ရာခိုင်နှုန်းဆောင်ရွက်ကြရန်နှင့် မဆောင်ရွက်လျှင် နိုင်ငံတော်မှ ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း အသိပေး ကြေညာခြင်းဖြစ်သည်။

နောက်ဆုံးသတ်မှတ်ထားသည့် ရက်မှာ ၃၁-၁-၂၀၂၂ရက်အထိ ဖြစ်သည်ဟု ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်ကြီးကြပ်မှုကော်မတီထံက သိရသည်။

(Zawgyi)

ေညာင္ႏွစ္ပင္အတြင္း လုပ္ပိုင္ခြင့္ရရွိထားေသာလုပ္ငန္းအား အနည္းဆုံး၅၀ရာခိုင္ႏႈန္းမလုပ္လွ်င္ ျပန္သိမ္းမည္

ေညာင္ႏွစ္ပင္စိုက္ပ်ိဳးေမြးျမဴေရးအထူးဇုန္အတြင္းရွိ လုပ္ကိုင္ခြင့္ရရွိထားေသာ လုပ္ငန္းရွင္မ်ားလိုက္နာေဆာင္႐ြက္ရမည့္ အသိေပးခ်က္တစ္ရပ္ကို ေညာင္ႏွစ္ပင္စိုက္ပ်ိဳးေမြးျမဴေရးအထူးဇုန္ႀကီးၾကပ္မႈေကာ္မတီက ဒီဇင္ဘာလ ၆ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီး(ေမွာ္ဘီ/လွည္းကူး)ၿမိဳ႕နယ္၊ ေညာင္ႏွစ္ပင္ စိုက္ပ်ိဳးေမြးျမဴေရးဇုန္ (၁/၂/၂-တိုးခ်ဲ႕/၃) အတြင္းရွိ လုပ္ကိုင္ခြင့္ရရွိထား ေသာ လုပ္ငန္းရွင္မ်ားအတြက္ အသိေပးခ်က္တစ္ရပ္ျဖစ္သည္။

ေညာင္ႏွစ္ပင္စိုက္ပ်ိဳးေမြးျမဴေရးဇုန္ အတြင္း လုပ္ကိုင္ခြင့္ရ လုပ္ငန္းရွင္မ်ားအေနျဖင့္ မိမိတို႔ လုပ္ကိုင္ခြင့္ရရွိထားေသာ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္ငန္းမ်ားအား အနည္းဆုံး (၅၀)ရာခိုင္ႏႈန္းေဆာင္႐ြက္ၾကရန္ႏွင့္ မေဆာင္႐ြက္လွ်င္ ႏိုင္ငံေတာ္မွ ျပန္လည္သိမ္းယူမည္ျဖစ္ေၾကာင္း အသိေပး ေၾကညာျခင္းျဖစ္သည္။

ေနာက္ဆုံးသတ္မွတ္ထားသည့္ ရက္မွာ ၃၁-၁-၂၀၂၂ရက္အထိ ျဖစ္သည္ဟု ေညာင္ႏွစ္ပင္စိုက္ပ်ိဳးေမြးျမဴေရးအထူးဇုန္ႀကီးၾကပ္မႈေကာ္မတီထံက သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here