ဓာတ်အားပေးစက်ရုံစီမံကိန်း (၂)ခု ဖော်ဆောင်ဖို့ အတွက် တင်ဒါခေါ်ထား

0
178

(Unicode)

ဓာတ်အားပေးစက်ရုံစီမံကိန်း (၂)ခု ဖော်ဆောင်ဖို့ အတွက် တင်ဒါခေါ်ထား

နေပြည်တော်၊ ဒီဇင်ဘာ ၇

သဘာဝဓာတ်ငွေ့နဲ့ ဆိုလာပေါင်းစပ်ထားတဲ့ ဓာတ်အားပေးစက်ရုံ(၂) ခု ဖော်ဆောင်ဖို့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တင်ဒါဖိတ်ခေါ်ထားပါတယ်။

မနေ့က ရက်စွဲနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့လက်အောက်ကလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)က အခု ပေးမယ့် တင်ဒါဖိတ်ခေါ်ထားပါတာလို့သိရပါတယ်။

အခုတင်ဒါမှာ သက်သာခွင့်ကာလအဖြစ် စီးပွားဖြစ်လုပ်ငန်းစတင်ချိန်ကစလို့ ၁၅ နှစ်အထိ သတ်မှတ်ပေးထားပြီး ဓာတ်ပေးစက်ရုံ‌ တွေရဲ့ စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)က တစ်ရက်စာ သဘာဝဓာတ်ငွေ့ကုဗပေ ၁၀ သန်း ပံ့ပိုးပေးသွားမယ်လို့ လည်းသိရပါတယ်။

စီမံကိန်းတည်နေရာကို မကွေးမြို့နဲ့ မြင်းခြံမြို့ တွေမှာ တည်ဆောက်ဖို့ သတ်မှတ်ထားပြီး စာချုပ်ပါ Hybrid Power Plant ကနေ ဓာတ်အား ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။‌

စိတ်ဝင်စားသူများအနေနဲ့ တင်ဒါပုံစံတစ်ခုစီအတွက် ကျပ်ငွေ ၃ သိန်း သတ်မှတ်ထားပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ အထိ နေပြည်တော် EPGE နဲ့ သက်ဆိုင်ရာ ရန်ကုန်ရုံးခွဲ တွေမှာ လာရောက်ပေးသွင်းရမယ်လို့သိရပါတယ်။

(Zawgyi)

ဓာတ္အားေပးစက္႐ုံစီမံကိန္း (၂)ခု ေဖာ္ေဆာင္ဖို႔ အတြက္ တင္ဒါေခၚထား

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၇

သဘာဝဓာတ္ေငြ႕နဲ႔ ဆိုလာေပါင္းစပ္ထားတဲ့ ဓာတ္အားေပးစက္႐ုံ(၂) ခု ေဖာ္ေဆာင္ဖို႔လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက တင္ဒါဖိတ္ေခၚထားပါတယ္။

မေန႔က ရက္စြဲနဲ႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနရဲ႕လက္ေအာက္ကလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္း(EPGE)က အခု ေပးမယ့္ တင္ဒါဖိတ္ေခၚထားပါတာလို႔သိရပါတယ္။

အခုတင္ဒါမွာ သက္သာခြင့္ကာလအျဖစ္ စီးပြားျဖစ္လုပ္ငန္းစတင္ခ်ိန္ကစလို႔ ၁၅ ႏွစ္အထိ သတ္မွတ္ေပးထားၿပီး ဓာတ္ေပးစက္႐ုံ‌ ေတြရဲ႕ စီမံကိန္းအတြက္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္း(EPGE)က တစ္ရက္စာ သဘာဝဓာတ္ေငြ႕ကုဗေပ ၁၀ သန္း ပံ့ပိုးေပးသြားမယ္လို႔ လည္းသိရပါတယ္။

စီမံကိန္းတည္ေနရာကို မေကြးၿမိဳ႕နဲ႔ ျမင္းၿခံၿမိဳ႕ ေတြမွာ တည္ေဆာက္ဖို႔ သတ္မွတ္ထားၿပီး စာခ်ဳပ္ပါ Hybrid Power Plant ကေန ဓာတ္အား ၁၀၀ မဂၢါဝပ္ ထုတ္လုပ္ႏိုင္ဖို႔ စီစဥ္ထားပါတယ္။‌

စိတ္ဝင္စားသူမ်ားအေနနဲ႔ တင္ဒါပုံစံတစ္ခုစီအတြက္ က်ပ္ေငြ ၃ သိန္း သတ္မွတ္ထားၿပီး ၂၀၂၂ခုႏွစ္၊ ဇန္နဝါရီလ ၆ ရက္ေန႔ အထိ ေနျပည္ေတာ္ EPGE နဲ႔ သက္ဆိုင္ရာ ရန္ကုန္႐ုံးခြဲ ေတြမွာ လာေရာက္ေပးသြင္းရမယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here