အကွာအဝေးတစ်ခုကအလုပ်တွေအတွက် နောက်ဆုံးပေါ်စက်ရုပ် Sony မိတ်ဆက်

0
239

(Unicode)

အကွာအဝေးတစ်ခုကအလုပ်တွေအတွက် နောက်ဆုံးပေါ်စက်ရုပ် Sony မိတ်ဆက်

Sony Group ဟာ စက်ရုံတွေနဲ့ စတိုးဆိုင်တွေမှာ အသုံးပြုဖို့အတွက် ၄င်းရဲ့နောက်ဆုံးပေါ် စက် ရုပ်တွေနဲ့ အခြားနည်းပညာတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ ကိုရိုနာကပ်ရောဂါကို ရင်ဆိုင်ဖို့ အဝေးထိန်းစနစ်တွေနဲ့ လိုအပ် ချက် တွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။

စက်ရုပ်မှာ အရာဝတ္ထုတွေနဲ့ ၄င်းတို့ရဲ့မျက်နှာပြ

င်အကွာအဝေးကို သိရှိနိုင်တဲ့ အာရုံခံစနစ်ပါဝင် ပါတယ်။

သမာရိုးကျစက်ရုပ်တွေမှာ အရာဝတ္ထုတစ်ခုရဲ့ ပုံသဏ္ဍာန်နဲ့အလေးချိန်လိုမျိုး အချက်အလက် တွေကို ကြိုတင်ထည့်သွင်းဖို့ လိုအပ်ပါတယ်။

ယခုမော်ဒယ်သစ်ကတော့ အာရုံခံကိရိယာတွေကနေ ရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ၄င်းရဲ့ချုပ်ကိုင်မှုကို ချက်ချင်းချိန်ညှိနိုင်ပါတယ်။

ဆိုလိုတာကတော့ စက်ရုပ်မော်ဒယ်သစ်ဟာ ပန်းနဲ့ကိတ်မုန့်လို နူးညံ့သိမ်မွေ့တဲ့ အရာတွေကို ဆုပ်ကိုင်နိုင်တယ်ဆိုတာပါ။

စတိုးဆိုင်မှာ ပစ္စည်းတွေကို စနစ်တကျစီပေးတာမျိုးမှာ စက်ရုပ်လေးတွေက အဆင်ပြေနိုင်ပါတယ်။

Sony ဟာ အရင်ကတည်းက စမတ်ဖုန်းကင်မရာတွေအတွက် အာရုံကိရိယာတွေကို တီထွင်ခဲ့တာပါ။

Sony ဟာ သူတို့ရဲ့နည်းပညာကို နောက်ဆုံးပေါ် စက်ရုပ်ပေါ်မှာ အသုံးချဖို့လုပ်ဆောင်နေတာဖြစ်ပြီး ဒါဟာ ကပ်ရောဂါကာလအတွင်း အဝေးကနေ အလုပ်လုပ်ဖို့အတွက် နည်းလမ်းအသစ်တွေကို ဖြစ်ပေါ်စေပါတယ်။

(Zawgyi)













LEAVE A REPLY

Please enter your comment!
Please enter your name here