ကုလအကြီးအကဲ ဂူတာရက်စ် ကိုရိုနာဗိုင်းရပ် စ်ကူးစက်သူနဲ့ ထိတွေ့ခဲ့တာကြောင့် သီးသန့်ခွဲနေ

0
136

(Unicode)

ကုလအကြီးအကဲ ဂူတာရက်စ် ကိုရိုနာဗိုင်းရပ် စ်ကူးစက်သူနဲ့ ထိတွေ့ခဲ့တာကြောင့် သီးသန့်ခွဲနေ

Photo credit-AFP

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ကိုဗစ်၁၉ကူးစက်ခံထားရတဲ့ ကုလသမဂ္ဂအရာရှိတစ်ဦးနဲ့ အင်္ဂါနေ့က ထိတွေ့မှုရှိခဲ့တယ် လို့ သံတမန်သတင်းရင်းမြစ်များက ပြောပါတယ်။

အသက် ၇၂နှစ်အရွယ် ဂူတာရက်စ်ဟာ ၄င်းရဲ့လူချင်းတွေ့ဆုံမှုတွေကို ဖျက်သိမ်းလိုက်ပြီလို့ သတင်းရင်းမြစ်များက AFP ကို ပြောပါတယ်။

ဂူတာရက်စ်ဟာ ဗုဒ္ဓဟူးနေ့၊မက်ဟန်တန်မှာကျင်းပမယ့် ကုလသမဂ္ဂစာနယ်ဇင်းအဖွဲ့ရဲ့ နှစ် ပတ်လည် ဂုဏ်ပြုဧည့်ခံပွဲကို တက်ရောက်ဖို့ရှိပြီး ကြာသပတေးနေ့မှာပြုလုပ်မယ့် နိုင်ဂျာသမ္မတဦးဆောင်တဲ့ အကြမ်းဖက်မှုနှင့် ရာသီဥတုပြောင်းလဲမှုစိန်ခေါ်မှုများဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို တက်ရောက်ဖို့ရှိပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဂူတာရက်စ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဂူတာရက်စ်ဟာ ကမ္ဘာတဝှမ်းမှာ သန်းနှင့်ချီတဲ့သူတွေ ကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့အချိန်မှာ ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ အ ကြံပြုချက်အပေါ် အချိန်အတော်ကြာတုံ့ဆိုင်းခဲ့ပြီး မကြာသေးခင်ကမှ ထပ်ဆောင်းကာကွယ် ဆေးထိုးခဲ့တယ်လို့ ဒူဂျာရစ်က လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ပြောဆိုခဲ့တာရှိပါတယ်။

Source-CNA
Photo credit-AFP

(Zawgyi)

ကုလအႀကီးအကဲ ဂူတာရက္စ္ ကို႐ိုနာဗိုင္းရပ္ စ္ကူးစက္သူနဲ႔ ထိေတြ႕ခဲ့တာေၾကာင့္ သီးသန္႔ခြဲေန

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္ဟာ ကိုဗစ္၁၉ကူးစက္ခံထားရတဲ့ ကုလသမဂၢအရာရွိတစ္ဦးနဲ႔ အဂၤါေန႔က ထိေတြ႕မႈရွိခဲ့တယ္ လို႔ သံတမန္သတင္းရင္းျမစ္မ်ားက ေျပာပါတယ္။

အသက္ ၇၂ႏွစ္အ႐ြယ္ ဂူတာရက္စ္ဟာ ၄င္းရဲ႕လူခ်င္းေတြ႕ဆုံမႈေတြကို ဖ်က္သိမ္းလိုက္ၿပီလို႔ သတင္းရင္းျမစ္မ်ားက AFP ကို ေျပာပါတယ္။

ဂူတာရက္စ္ဟာ ဗုဒၶဟူးေန႔၊မက္ဟန္တန္မွာက်င္းပမယ့္ ကုလသမဂၢစာနယ္ဇင္းအဖြဲ႕ရဲ႕ ႏွစ္ ပတ္လည္ ဂုဏ္ျပဳဧည့္ခံပြဲကို တက္ေရာက္ဖို႔ရွိၿပီး ၾကာသပေတးေန႔မွာျပဳလုပ္မယ့္ ႏိုင္ဂ်ာသမၼတဦးေဆာင္တဲ့ အၾကမ္းဖက္မႈႏွင့္ ရာသီဥတုေျပာင္းလဲမႈစိန္ေခၚမႈမ်ားဆိုင္ရာ ကုလသမဂၢလုံၿခဳံေရးေကာင္စီအစည္းအေဝးကို တက္ေရာက္ဖို႔ရွိပါတယ္။

အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ စတီဖင္ဒူဂ်ာရစ္က ဂူတာရက္စ္ရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ျငင္းဆိုခဲ့ပါတယ္။

ဂူတာရက္စ္ဟာ ကမာၻတဝွမ္းမွာ သန္းႏွင့္ခ်ီတဲ့သူေတြ ကာကြယ္ေဆးလုံးဝမထိုးရေသးတဲ့အခ်ိန္မွာ ထပ္ေဆာင္းကာကြယ္ေဆးထိုးဖို႔ အ ႀကံျပဳခ်က္အေပၚ အခ်ိန္အေတာ္ၾကာတုံ႔ဆိုင္းခဲ့ၿပီး မၾကာေသးခင္ကမွ ထပ္ေဆာင္းကာကြယ္ ေဆးထိုးခဲ့တယ္လို႔ ဒူဂ်ာရစ္က လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက ေျပာဆိုခဲ့တာရွိပါတယ္။

Source-CNA
Photo credit-AFP


LEAVE A REPLY

Please enter your comment!
Please enter your name here