တောင်ကိုရီးယားမှာ တစ်ရက်တည်းနဲ့ ၇၀၀၀ ကျော် ကိုဗစ်ကူးစက်ခံရ

0
58

(Unicode)

တောင်ကိုရီးယားမှာ တစ်ရက်တည်းနဲ့ ၇၀၀၀ ကျော် ကိုဗစ်ကူးစက်ခံရ

Photo credit-Nikkei Asia

တောင်ကိုရီးယားမှာ တစ်ရက်တည်းနဲ့ ကူးစက် မှုအသစ် ၇၀၀၀ ကျော်ရှိခဲ့ပြီး ပထမဆုံးအကြိမ် ကူးစက်မှုအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရဟာ အိုမီခရွန်မျိုးကွဲရဲ့ ကူးစက်ပျံ့နှံ့မှုတွေကြားမှာ နိုင်ငံရဲ့ဆေးဘက်ဆိုင်ရာစနစ်ကို အားကောင်းစေဖို့ ရုန်းကန်နေရပါတယ်။

တောင်ကိုရီးယားကျန်းမာရေးအရာရှိတွေက နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် အရေအတွက်ဟာ အင်္ဂါနေ့မှာ ၇၁၇၅ ခုရှိကြောင်းပြောခဲ့ပါတယ်။ဒါဟာ သောကြာနေ့ကကူးစက်မှုထက် ၁၈၀၀ကျော်ပိုများခဲ့တာပါ။

လူနာ ၈၄၀ ဟာ ပြင်းထန်တဲ့အခြေအနေမှာ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပြီး ဒါကမှတ်တမ်းသစ်ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့မြို့တော်ဆိုးလ်မြို့ရဲ့ ဧရိယာမှာတော့ ပြင်းထန်တဲ့လူနာတွေအတွက် သီးသန့်ထားတဲ့ ကုတင် ၈၀%ကျော်ဟာ ပြည့်နေခဲ့ပြီလို့ ဆိုပါတယ်။

တောင်ကိုရီးယားဟာ အိုမီခရွန်အမျိုးအစားကူးစက်မှု ၃၈ခုရှိကြောင်း အတည်ပြုထားပြီးဖြစ်ပါတယ်။အဲ့ဒီထဲမှာ ဆိုးလ်မြို့အနီး၊ အင်ချွန်းမှာရှိတဲ့ ဘုရားကျောင်းရဲ့ အခမ်းအနားက ကူးစက်မှုတွေပါ ပါဝင်ပါတယ်။

အစိုးရက နိုဝင်ဘာလမှာ ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ခဲ့ပြီး စားသောက်ဆိုင်တွေကို ပုံမှန်အလုပ်ချိန်တွေ စတင်ခွင့်ပြုခဲ့ပါတယ်။

ဒါပေမယ့် တနင်္လာနေ့ကစပြီး ကူးစက်မှုတွေပြန် မြင့်တက်လာခဲ့တာကြောင့် ကန့်သတ်ချက်အ ချို့ကို ပြန်တင်းကျပ်ထားပါတယ်။ဒါ့အပြင် အ ခမ်းအနားတွေမှာ ပါဝင်သူအရေအတွက်တွေကိုလည်း ကန့်သတ်ထားပါတယ်။

တောင်ကိုရီးယားဝန်ကြီးချုပ် Kim Boo-kyungက ဆေးရုံမှာခုတင်တွေထပ်ဖြည့်ထားပေမယ့်လည်း ကူးစက်မှုအရှိန်ဟာများနေတာကြောင့်
အစိုးရအနေနဲ့ ရုန်းကန်နေရတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

အစိုးရဟာ နိုင်ငံရဲ့ဆေးဘက်ဆိုင်ရာစနစ်အားကောင်းစေဖို့နဲ့ အိမ်မှာပြန်ကောင်းမွန်လာသူတွေအတွက် အကူအညီတွေပေးဖို့ ရည်ရွယ်ထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

Source- NHK
Photo credit-Nikkei Asia

(Zawgyi)

ေတာင္ကိုရီးယားမွာ တစ္ရက္တည္းနဲ႔ ၇၀၀၀ ေက်ာ္ ကိုဗစ္ကူးစက္ခံရ

ေတာင္ကိုရီးယားမွာ တစ္ရက္တည္းနဲ႔ ကူးစက္ မႈအသစ္ ၇၀၀၀ ေက်ာ္ရွိခဲ့ၿပီး ပထမဆုံးအႀကိမ္ ကူးစက္မႈအျမင့္ဆုံးအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

ေတာင္ကိုရီးယားအစိုးရဟာ အိုမီခ႐ြန္မ်ိဳးကြဲရဲ႕ ကူးစက္ပ်ံ႕ႏွံ႔မႈေတြၾကားမွာ ႏိုင္ငံရဲ႕ေဆးဘက္ဆိုင္ရာစနစ္ကို အားေကာင္းေစဖို႔ ႐ုန္းကန္ေနရပါတယ္။

ေတာင္ကိုရီးယားက်န္းမာေရးအရာရွိေတြက ႏိုင္ငံတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအသစ္ အေရအတြက္ဟာ အဂၤါေန႔မွာ ၇၁၇၅ ခုရွိေၾကာင္းေျပာခဲ့ပါတယ္။ဒါဟာ ေသာၾကာေန႔ကကူးစက္မႈထက္ ၁၈၀၀ေက်ာ္ပိုမ်ားခဲ့တာပါ။

လူနာ ၈၄၀ ဟာ ျပင္းထန္တဲ့အေျခအေနမွာ ရွိေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာခဲ့ၿပီး ဒါကမွတ္တမ္းသစ္ျဖစ္ပါတယ္။

ေတာင္ကိုရီးယားရဲ႕ၿမိဳ႕ေတာ္ဆိုးလ္ၿမိဳ႕ရဲ႕ ဧရိယာမွာေတာ့ ျပင္းထန္တဲ့လူနာေတြအတြက္ သီးသန္႔ထားတဲ့ ကုတင္ ၈၀%ေက်ာ္ဟာ ျပည့္ေနခဲ့ၿပီလို႔ ဆိုပါတယ္။

ေတာင္ကိုရီးယားဟာ အိုမီခ႐ြန္အမ်ိဳးအစားကူးစက္မႈ ၃၈ခုရွိေၾကာင္း အတည္ျပဳထားၿပီးျဖစ္ပါတယ္။အဲ့ဒီထဲမွာ ဆိုးလ္ၿမိဳ႕အနီး၊ အင္ခြၽန္းမွာရွိတဲ့ ဘုရားေက်ာင္းရဲ႕ အခမ္းအနားက ကူးစက္မႈေတြပါ ပါဝင္ပါတယ္။

အစိုးရက ႏိုဝင္ဘာလမွာ ကို႐ိုနာဗိုင္းရပ္စ္ကန္႔သတ္ခ်က္အခ်ိဳ႕ကို ေျဖေလွ်ာ့ခဲ့ၿပီး စားေသာက္ဆိုင္ေတြကို ပုံမွန္အလုပ္ခ်ိန္ေတြ စတင္ခြင့္ျပဳခဲ့ပါတယ္။

ဒါေပမယ့္ တနလၤာေန႔ကစၿပီး ကူးစက္မႈေတြျပန္ ျမင့္တက္လာခဲ့တာေၾကာင့္ ကန္႔သတ္ခ်က္အ ခ်ိဳ႕ကို ျပန္တင္းက်ပ္ထားပါတယ္။ဒါ့အျပင္ အ ခမ္းအနားေတြမွာ ပါဝင္သူအေရအတြက္ေတြကိုလည္း ကန္႔သတ္ထားပါတယ္။

ေတာင္ကိုရီးယားဝန္ႀကီးခ်ဳပ္ Kim Boo-kyungက ေဆး႐ုံမွာခုတင္ေတြထပ္ျဖည့္ထားေပမယ့္လည္း ကူးစက္မႈအရွိန္ဟာမ်ားေနတာေၾကာင့္
အစိုးရအေနနဲ႔ ႐ုန္းကန္ေနရတယ္လို႔ ဗုဒၶဟူးေန႔က ေျပာခဲ့ပါတယ္။

အစိုးရဟာ ႏိုင္ငံရဲ႕ေဆးဘက္ဆိုင္ရာစနစ္အားေကာင္းေစဖို႔နဲ႔ အိမ္မွာျပန္ေကာင္းမြန္လာသူေတြအတြက္ အကူအညီေတြေပးဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္က ေျပာခဲ့ပါတယ္။

Source- NHK
Photo credit-Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here