လမ်းမတော်မြို့နယ်က NLD ပါတီဝင် အမျိုးသမီး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

0
155

(Unicode)

လမ်းမတော်မြို့နယ်က NLD ပါတီဝင် အမျိုးသမီး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊လမ်းမတော်မြို့နယ်၊(၉)ရပ်ကွက်၊ဇော်ဂျီလမ်းနေထိုင်တဲ့ မှာ NLD ပါတီဝင်ဖြစ်ပြီး ဆုံဆည်းရာ ပရဟိတအသင်းရဲ့ ဘဏ္ဍာရေးမှူးတစ်ယောက်ဖြစ်တဲ့ မခင်နေမျိုးဟာ ဒီနေ့မနက် ၅ နာရီလောက်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို မိသားစုနဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

“သူက မနက်အစောပိုင်းမှာသူ့ဆန်ဆိုင်ကိုသွားဖွင့်နေကြ ဒီနေ့လည်းဆိုင်သွားဖွင့်တုန်း သေနတ်နဲ့ပစ်ခံလိုက်ရတာ ကားတစ်စီးပေါ်ကနေ လူတစ်ယောက်ဆင်းလာပြီးပစ်သွားတာ ပစ်ပြီးတာနဲ့မောင်းပြေးသွားတယ်”လို့မိသားစုနဲ့နီးစပ်တဲ့သူတစ်ယောက်ကပြောပါတယ်။

မခင်နေမျိုးဟာ NLD ပါတီဝင်တစ်ယောက်ဖြစ်သလို ဆုံဆည်းရာ ပရဟိတအသင်းရဲ့ ဘဏ္ဍာရေးမှူးတစ်ယောက်လည်းဖြစ်ပြီး အသင်းအတွက် အရေးပေါ်လူနာတင်ယာဥ်လှူဒါန်းရာမှာလည်း မတည်အလှူရှင်တစ်ယောက်အဖြစ်လူသိများပါတယ်။

သေနတ်နဲ့ပစ်ခံရတာကြောင့် မခင်နေမျိုးဟာ ဗိုက် ၊ ရင်ဘတ်နဲ့လည်ပင်းတိုမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဥ် မနက် ၆ နာရီလောက်မှာသေဆုံးခဲ့တယ်လို မိသားစုနဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
Photo-CJ

(Zawgyi)

လမ္းမေတာ္ၿမိဳ႕နယ္က NLD ပါတီဝင္ အမ်ိဳးသမီး ေသနတ္နဲ႔ပစ္ခတ္ခံရၿပီး ေသဆုံး

ရန္ကုန္တိုင္း၊လမ္းမေတာ္ၿမိဳ႕နယ္၊(၉)ရပ္ကြက္၊ေဇာ္ဂ်ီလမ္းေနထိုင္တဲ့ မွာ NLD ပါတီဝင္ျဖစ္ၿပီး ဆုံဆည္းရာ ပရဟိတအသင္းရဲ႕ ဘ႑ာေရးမႉးတစ္ေယာက္ျဖစ္တဲ့ မခင္ေနမ်ိဳးဟာ ဒီေန႔မနက္ ၅ နာရီေလာက္မွာ ေသနတ္နဲ႔ပစ္ခံရၿပီး ေသဆုံးခဲ့တယ္လို မိသားစုနဲ႔နီးစပ္တဲ့သူေတြဆီက သိရပါတယ္။

“သူက မနက္အေစာပိုင္းမွာသူ႔ဆန္ဆိုင္ကိုသြားဖြင့္ေနၾက ဒီေန႔လည္းဆိုင္သြားဖြင့္တုန္း ေသနတ္နဲ႔ပစ္ခံလိုက္ရတာ ကားတစ္စီးေပၚကေန လူတစ္ေယာက္ဆင္းလာၿပီးပစ္သြားတာ ပစ္ၿပီးတာနဲ႔ေမာင္းေျပးသြားတယ္”လို႔မိသားစုနဲ႔နီးစပ္တဲ့သူတစ္ေယာက္ကေျပာပါတယ္။

မခင္ေနမ်ိဳးဟာ NLD ပါတီဝင္တစ္ေယာက္ျဖစ္သလို ဆုံဆည္းရာ ပရဟိတအသင္းရဲ႕ ဘ႑ာေရးမႉးတစ္ေယာက္လည္းျဖစ္ၿပီး အသင္းအတြက္ အေရးေပၚလူနာတင္ယာဥ္လႉဒါန္းရာမွာလည္း မတည္အလႉရွင္တစ္ေယာက္အျဖစ္လူသိမ်ားပါတယ္။

ေသနတ္နဲ႔ပစ္ခံရတာေၾကာင့္ မခင္ေနမ်ိဳးဟာ ဗိုက္ ၊ ရင္ဘတ္နဲ႔လည္ပင္းတိုမွာ က်ည္ေဖာက္ဝင္ဒဏ္ရာေတြရရွိခဲ့ၿပီး ေဆးကုသမႈခံယူေနစဥ္ မနက္ ၆ နာရီေလာက္မွာေသဆုံးခဲ့တယ္လို မိသားစုနဲ႔နီးစပ္တဲ့သူေတြဆီက သိရပါတယ္။
Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here