ပြင်ဦးလွင်မြို့နှင့်တာချီလိတ်မြို့တို့တွင် စိတ် ကြွရူးသွပ်ဆေးပြားများဖမ်းမိ

0
128

(Unicode)

ပြင်ဦးလွင်မြို့နှင့်တာချီလိတ်မြို့တို့တွင် စိတ် ကြွရူးသွပ်ဆေးပြားများဖမ်းမိ

ဒီဇင်ဘာလ ၇ရက်နေ့ ည ၈နာရီ၄၅မိနစ်အချိန် က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ ပြင်ဦးလွင်မြို့နယ်၊ဝက်ဝံကျေးရွာအနီး တား ဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဝက်ဝံကျေးရွာ ကွင်းလမ်းအတိုင်း နောင်ချိုဘက်မှ ပြင်ဦးလွင်ဘက်သို့ ထက်ဝေယံမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရှာဖွေခဲ့ပါတယ်။

၄င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြား (ကာလတန်ဖိုး ငွေကျပ် ၄သိန်း)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဆက်လက်ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၁၀နာရီအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ဝက်ဝံကျေးရွာအုပ်စု၊ဝက်ဝံဘူတာကွက်သစ်၊ပိတ်ချင်းမြောင်ဘုရားသွားလမ်းနေ ကျော်ဝဏ္ဏထွန်း ၏နေအိမ်အား ရှာဖွေရာ နေအိမ်အတွင်းမှ စိတ် ကြွရူးသွပ်ဆေးပြား ၃၃၅၅ပြား(ကာလတန်ဖိုး၆၇.၁သိန်း)နှင့် လက်ကိုင်ဖုန်းတစ်လုံးကို ရှာဖွေသိမ်းဆည်း ရမိခဲ့ပါတယ်။

ဒါကြောင့်ထက်ဝေယ့ (၂၅)နှစ်နှင့် ကျော်ဝဏ္ဏထွန်း (၃၈)နှစ်တို့အား ပြင်ဦးလွင်မြို့နယ်၊ပိတ် ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၇ရက်နေ့ သန်းခေါင်ယံ နံနက် ၁၂နာရီ ၁၅မိနစ်အချိန်က ပူးပေါင်းအဖွဲ့ဟာ သတင်းအရ တာချီလိတ်မြို့၊ဝိန်းကျောက်ရပ် ကွက်၊ရွှေခသာလမ်းကြားတွင် လမ်းလျှောက် လာသော အိုက်ပေါက်အားစစ်ဆေးရှာဖွေရာ၄င်းကိုင်ဆောင်ထားတဲ့ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၈၀၀ပြား(ကာလတန်ဖိုး ၈၉.၆)သိန်းအား သိမ်းဆည်းရမိခဲ့ပါတယ်။

ထို့ကြောင့် အိုက်ပေါက်(၂၇)နှစ်အား တာချီလိတ်မြို့နယ်၊ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သေ ာဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။

(Zawgyi)

ျပင္ဦးလြင္ၿမိဳ႕ႏွင့္တာခ်ီလိတ္ၿမိဳ႕တို႔တြင္ စိတ္ ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းမိ

ဒီဇင္ဘာလ ၇ရက္ေန႔ ည ၈နာရီ၄၅မိနစ္အခ်ိန္ က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ဟာ
ျပင္ဦးလြင္ၿမိဳ႕နယ္၊ဝက္ဝံေက်း႐ြာအနီး တား ဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနစဥ္ ဝက္ဝံေက်း႐ြာ ကြင္းလမ္းအတိုင္း ေနာင္ခ်ိဳဘက္မွ ျပင္ဦးလြင္ဘက္သို႔ ထက္ေဝယံေမာင္းႏွင္လာတဲ့ ဆိုင္ကယ္ကို စစ္ေဆးရွာေဖြခဲ့ပါတယ္။

၄င္းထံမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၂၀၀)ျပား (ကာလတန္ဖိုး ေငြက်ပ္ ၄သိန္း)ႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။

ဆက္လက္ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ည ၁၀နာရီအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ဝက္ဝံေက်း႐ြာအုပ္စု၊ဝက္ဝံဘူတာကြက္သစ္၊ပိတ္ခ်င္းေျမာင္ဘုရားသြားလမ္းေန ေက်ာ္ဝဏၰထြန္း ၏ေနအိမ္အား ရွာေဖြရာ ေနအိမ္အတြင္းမွ စိတ္ ႂကြ႐ူးသြပ္ေဆးျပား ၃၃၅၅ျပား(ကာလတန္ဖိုး၆၇.၁သိန္း)ႏွင့္ လက္ကိုင္ဖုန္းတစ္လုံးကို ရွာေဖြသိမ္းဆည္း ရမိခဲ့ပါတယ္။

ဒါေၾကာင့္ထက္ေဝယ့ (၂၅)ႏွစ္ႏွင့္ ေက်ာ္ဝဏၰထြန္း (၃၈)ႏွစ္တို႔အား ျပင္ဦးလြင္ၿမိဳ႕နယ္၊ပိတ္ ခ်င္းေျမာင္နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရပါတယ္။

အလားတူ ဒီဇင္ဘာ ၇ရက္ေန႔ သန္းေခါင္ယံ နံနက္ ၁၂နာရီ ၁၅မိနစ္အခ်ိန္က ပူးေပါင္းအဖြဲ႕ဟာ သတင္းအရ တာခ်ီလိတ္ၿမိဳ႕၊ဝိန္းေက်ာက္ရပ္ ကြက္၊ေ႐ႊခသာလမ္းၾကားတြင္ လမ္းေလွ်ာက္ လာေသာ အိုက္ေပါက္အားစစ္ေဆးရွာေဖြရာ၄င္းကိုင္ေဆာင္ထားတဲ့ လက္ဆြဲအိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၂၈၀၀ျပား(ကာလတန္ဖိုး ၈၉.၆)သိန္းအား သိမ္းဆည္းရမိခဲ့ပါတယ္။

ထို႔ေၾကာင့္ အိုက္ေပါက္(၂၇)ႏွစ္အား တာခ်ီလိတ္ၿမိဳ႕နယ္၊ေဟာင္လိတ္နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသ ာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here