ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်မဲ့ (၁၉)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များအစည်းအ ဝေးနဲ့အာဆီယံဆိုင်ရာအစည်းအဝေးတွေကို နစ က ဥက္ကဋ္ဌတက်ရောက်နိုင်ရေး ဖိတ်ကြားမှုကို ဆွေးနွေး

0
150

(Unicode)

ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်မဲ့ (၁၉)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များအစည်းအ ဝေးနဲ့အာဆီယံဆိုင်ရာအစည်းအဝေးတွေကို နစ က ဥက္ကဋ္ဌတက်ရောက်နိုင်ရေး ဖိတ်ကြားမှုကို ဆွေးနွေး

နစက ဥက္ကဋ္ဌနဲ့ ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General VONG PISEN တို့ဟာ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက Video Conferencing နဲ့တွေ့ဆုံစဥ်မှာ ၂၀၂၂ ခုနှစ်၊မတ် လမှာ ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်မဲ့ (၁၉)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များအစည်းအ ဝေးနဲ့အာဆီယံဆိုင်ရာအစည်းအဝေးတွေကို နစ က ဥက္ကဋ္ဌတက်ရောက်နိုင်ရေး အကြောင်းအရာအပါအဝင် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုအတွက် မြန်မာနိုင်ငံက တတ်နိုင်တဲ့ကဏ္ဍတွေမှာ အပြည့်အဝပါဝင်ကူညီဆောင်ရွက်ပေးသွားမှာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြောင်းလဲမှုအခြေအနေတွေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေမှာ ကမ္ဘာဒီးယားနိုင်ငံက နားလည်မှုအပြည့်နဲ့ရပ်တည်ပေးခဲ့မှုကိုလည်း ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံတွေအချင်းချင်းစည်းလုံးညီညွတ်ဖို့ အာဆီယံပဋိဥာဥ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက အချို့နိုင်ငံတွေက ချိုးဖောက်နေခြင်းဟာ အဖွဲ့ဝင်နိုင်ငံတွေအကုန်လုံးကိုထိခိုက်မှုရှိလာနိုင်တဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံ သံတမန်ဆက်ဆံရေး တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုတွေ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်တာကြောင့် ချစ်ကြည်ရင်းနှီးမှုကလည်း ပိုမိုမြင့်တက်လာစေပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိစ္စများနှင့်မူး ယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေးတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများနှင့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်က ဆေးကုသရေးအဖွဲ့တွေက မြန်မာနိုင်ငံကိုလာရောက်ပူးပေါင်းမည့်ကိစ္စများဆွေးနွေးခဲ့ပြီး အခုလိုပူးပေါင်းပေးမယ့်အပေါ် ဝမ်းသာဂုဏ်ယူကြောင်း နစကဥက္ကဌက ပြောခဲ့ပါတယ်။

နှစ်နိုင်ငံအစိုးရနဲ့တပ်မတော်နှစ်ရပ်ကြား ချစ် ကြည်ရေးခရီးစဥ်တွေ နှစ်နိုင်ငံရေတပ်စစ်ရေယာဥ်တွေ ချစ်ကြည်ရေးခရီးစဥ်အဖြစ် အပြန်အလှန်စေလွှတ်ဖို့ကိုလည်းဆွေးနွေးခဲ့ပြီး နယ် ပယ်ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုတွေကို ဆက်လက်တိုးမြှင့်လုပ်ဆောင် သွားမယ့်အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

(Zawgyi)

ကေမၻာဒီးယားနိုင္ငံမွာျပဳလုပ္မဲ့ (၁၉)ႀကိမ္ေျမာက္ အာဆီယံကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအ ေဝးနဲ႔အာဆီယံဆိုင္ရာအစည္းအေဝးေတြကို နစ က ဥကၠ႒တက္ေရာက္နိုင္ေရး ဖိတ္ၾကားမွုကို ေဆြးေႏြး

နစက ဥကၠ႒နဲ႔ ကေမၻာဒီးယားဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General VONG PISEN တို႔ဟာ ဒီဇင္ဘာ ၈ ရက္ညေနပိုင္းက Video Conferencing နဲ႔ေတြ႕ဆုံစဥ္မွာ ၂၀၂၂ ခုႏွစ္၊မတ္ လမွာ ကေမၻာဒီးယားနိုင္ငံမွာျပဳလုပ္မဲ့ (၁၉)ႀကိမ္ေျမာက္ အာဆီယံကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအ ေဝးနဲ႔အာဆီယံဆိုင္ရာအစည္းအေဝးေတြကို နစ က ဥကၠ႒တက္ေရာက္နိုင္ေရး အေၾကာင္းအရာအပါအဝင္ ကေမၻာဒီးယားနိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒တာဝန္ထမ္းေဆာင္မွုအတြက္ ျမန္မာနိုင္ငံက တတ္နိုင္တဲ့က႑ေတြမွာ အျပည့္အဝပါဝင္ကူညီေဆာင္ရြက္ေပးသြားမွာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာနိုင္ငံရဲ့နိုင္ငံေရးေျပာင္းလဲမွုအေျခအေနေတြနဲ႔ ရခိုင္ျပည္နယ္အေရးကိစၥေတြမွာ ကမၻာဒီးယားနိုင္ငံက နားလည္မွုအျပည့္နဲ႔ရပ္တည္ေပးခဲ့မွုကိုလည္း ေျပာဆိုခဲ့ၾကပါတယ္။

ဒါ့အျပင္ အာဆီယံနိုင္ငံေတြအခ်င္းခ်င္းစည္းလုံးညီညြတ္ဖို႔ အာဆီယံပဋိဥာဥ္ကို အာဆီယံအဖြဲ႕ဝင္နိုင္ငံေတြထဲက အခ်ိဳ႕နိုင္ငံေတြက ခ်ိဳးေဖာက္ေနျခင္းဟာ အဖြဲ႕ဝင္နိုင္ငံေတြအကုန္လုံးကိုထိခိုက္မွုရွိလာနိုင္တဲ့ကိစၥေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာနိုင္ငံနဲ႔ကေမၻာဒီးယားနိုင္ငံ သံတမန္ဆက္ဆံေရး တပ္မေတာ္ႏွစ္ရပ္ၾကား ခ်စ္ၾကည္ရင္းႏွီးမွုေတြ ေတြ႕ဆုံေဆြးေႏြးမွုေတြကို လုပ္ေဆာင္တာေၾကာင့္ ခ်စ္ၾကည္ရင္းႏွီးမွုကလည္း ပိုမိုျမင့္တက္လာေစၿပီး ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးကိစၥမ်ားႏွင့္မူး ယစ္ေဆးဝါးနဲ႔ နယ္စပ္ျဖတ္ေက်ာ္မွုခင္းႏွိမ္နင္းေရးေတြကိုလည္း ေဆြးေႏြးခဲ့ပါတယ္။

ဒါ့အျပင္ ကိုဗစ္၁၉ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ ႏွစ္နိုင္ငံပူးေပါင္းေဆာင္ရြက္ သြားမည့္ အေျခအေနမ်ားႏွင့္ ကေမၻာဒီးယားဘုရင့္တပ္မေတာ္က ေဆးကုသေရးအဖြဲ႕ေတြက ျမန္မာနိုင္ငံကိုလာေရာက္ပူးေပါင္းမည့္ကိစၥမ်ားေဆြးေႏြးခဲ့ၿပီး အခုလိုပူးေပါင္းေပးမယ့္အေပၚ ဝမ္းသာဂုဏ္ယူေၾကာင္း နစကဥကၠဌက ေျပာခဲ့ပါတယ္။

ႏွစ္နိုင္ငံအစိုးရနဲ႔တပ္မေတာ္ႏွစ္ရပ္ၾကား ခ်စ္ ၾကည္ေရးခရီးစဥ္ေတြ ႏွစ္နိုင္ငံေရတပ္စစ္ေရယာဥ္ေတြ ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ အျပန္အလွန္ေစလႊတ္ဖို႔ကိုလည္းေဆြးေႏြးခဲ့ၿပီး နယ္ ပယ္က႑ေပါင္းစုံမွာ ႏွစ္နိုင္ငံပူးေပါင္းေဆာင္ ရြက္မွုေတြကို ဆက္လက္တိုးျမႇင့္လုပ္ေဆာင္ သြားမယ့္အေၾကာင္းေတြကိုလည္း ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here