မင်းတပ်မြို့နယ်တွင် အကူအညီများဆက်လက်ပေးအပ်

0
199

(Unicode)

မင်းတပ်မြို့နယ်တွင် အကူအညီများဆက်လက်ပေးအပ်

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း နှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မင်းတပ်မြို့တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်တိုက်ပေးအပ်လျက်ရှိနေသည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာနက ယနေ့ ဒီဇင်ဘာလ ၉ ရက်တွင် ပြောသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိပြည်သူလူထုအတွက် အခြေခံလိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ရွေ့လျားဆေးကုသခန်းများဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်သော ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတိုမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၇) ဦးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ဝန်ထမ်း (၅) ဉီး စုစုပေါင်း (၂၂) ဦးတိုသည် မင်းတပ်မြို့နယ်ရှိ ရပ်ရွာလူထုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအစာနှင့် အစားအစာမဟုတ်သော ပစ္စည်းများ၊ COVID-19 ကာကွယ်ရေးပစ္စည်းများ၊ အနွေးထည်များ စသည့် စုစုပေါင်း ပစ္စည်း (၁၃) မျိုးတို့ကို နေရပ်စွန့်ခွာစခန်း (၉) ခုရှိ အိမ်ထောင်စု (၂၀၀) စု၊ လူဉီးရေ (၉၂၅) ဦးအတွက် ယခုနှစ် အောက်တိုဘာလ (၁၈) ရက်မှ နိုဝင်ဘာလ (၂၀) ရက်နေ့ထိ သွားရောက်ဖြန့်ဝေခဲ့သည်ဟု ယင်းဌာနကဆိုသည်။

MRCS မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းက“စိန်ခေါ်မှုတွေနဲ့ ကြန့်ကြာမှုတွေရှိနေပေမဲ့လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့က အစားအသောက်၊ တာပေါ်လင်၊ စောင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းစတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ရဲ့ အထောက်အပံ့ဖြင့် ငွေသားထောက်ပံ့ခြင်းနဲ့ ရွေ့လျားကျန်းမာရေး ဆေးခန်းဖွင့်လှစ်ပြီး ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်” ဟု ပြောသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ထိခိုက်ခံစားရသူများအနက်မှ အလိုအပ်ဆုံးအိမ်ထောင်စု (၁၅၈) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၁၆) သိန်း ထောက်ပံ့ပေးခဲ့ကြောင်းလည်းသိရသည်။

ထိုအပြင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုရွေ့လျားဆေးပေးခန်းကိုလည်း နေရပ်စွန့်ခွာစခန်း(၅) နေရာတွင် တပတ်လျှင် (၆) ရက် ဖွင့်လှစ်ခဲ့ပြီး လူနာပေါင်း (၃,၄၉၀) ဦးအား ကြည့်ရှုစောင့်ရှောက်ပေးနိုင်ခဲ့ကာ အဆိုပါလူနာများအနက်မှ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သည့် လူနာ (၇) ဦးကို မင်းတပ်ဆေးရုံနှင့် ပခုက္ကူဆေးရုံသို လွှပြောင်းပေးနိုင်ခဲ့သည်ဟုသိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်၍ မင်းတပ်မြို့နယ်အတွင်း ဒေသများသို့ ကနဦးကယ်ဆယ်ရေးပစ္စည်းများကို ကြက်ခြေနီလှုပ်ရှားမှုမှ ပစ္စည်းအချို့နှင့်အတူ ပံ့ပိုးပေးခဲ့ပြီး လိုအပ်ချက်များကို အကဲဖြတ်ရန် သွားရောက်ခဲ့ပါသည်။ အလားတူ သြဂုတ်လနှင့် စက်တင်ဘာလများတွင် အစားအသောက်နှင့် အစားအသောက်မဟုတ်သော ပစ္စည်းများကို ပံ့ပိုးပေးသည့်အပြင် ကြက်ခြေနီလှုပ်ရှားမှုဖြင့် ရွေ့လျားကျန်းမာရေးဆေးခန်းများကိုလည်း ဖွင့်လှစ်ပေးခဲ့သည်ဟု လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာနက ပြောဆိုထားသည်။

(Zawgyi)

မင္းတပ္ၿမိဳ႕နယ္တြင္ အကူအညီမ်ားဆက္လက္ေပးအပ္

အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ၊ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီႏွင့္လျခမ္းနီအသင္းမ်ားဖက္ဒေရးရွင္း ႏွင့္ ေနာ္ေဝနိုင္ငံၾကက္ေျခနီအသင္းတို႔၏ အေထာက္အပံ့ျဖင့္ ျမန္မာနိုင္ငံၾကက္ေျခနီအသင္းသည္ မင္းတပ္ၿမိဳ႕တြင္ လူသားခ်င္းစာနာမွုဆိုင္ရာ အကူအညီမ်ား ဆက္တိုက္ေပးအပ္လ်က္ရွိေနသည္ဟု ျမန္မာနိုင္ငံၾကက္ေျခနီအသင္း လူမွုက႐ုဏာလုပ္ငန္းဆိုင္ရာျပန္ၾကားဆက္သြယ္ေရးဌာနက ယေန႔ ဒီဇင္ဘာလ ၉ ရက္တြင္ ေျပာသည္။

၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ရွိျပည္သူလူထုအတြက္ အေျခခံလိုအပ္သည့္ ပစၥည္းမ်ား ေထာက္ပံ့ျခင္းႏွင့္ ေရြ႕လ်ားေဆးကုသခန္းမ်ားဖြင့္လွစ္ၿပီး က်န္းမာေရး ေစာင့္ေရွာက္မွု ေပးခဲ့ရာတြင္ ျမန္မာနိုင္ငံၾကက္ေျခနီအသင္းမွ ညႊန္ၾကားေရးမွူး ေဒၚေအးေအးၿငိမ္း ဦးေဆာင္ေသာ ဝန္ထမ္းမ်ား၊ မေကြးတိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတိုမွ ၾကက္ေျခနီေစတနာလုပ္အားရွင္ (၁၇) ဦးႏွင့္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီမွ ဝန္ထမ္း (၅) ဉီး စုစုေပါင္း (၂၂) ဦးတိုသည္ မင္းတပ္ၿမိဳ႕နယ္ရွိ ရပ္ရြာလူထုအတြက္ အေျခခံလိုအပ္ခ်က္မ်ားျဖစ္သည့္ အစားအစာႏွင့္ အစားအစာမဟုတ္ေသာ ပစၥည္းမ်ား၊ COVID-19 ကာကြယ္ေရးပစၥည္းမ်ား၊ အေႏြးထည္မ်ား စသည့္ စုစုေပါင္း ပစၥည္း (၁၃) မ်ိဳးတို႔ကို ေနရပ္စြန႔္ခြာစခန္း (၉) ခုရွိ အိမ္ေထာင္စု (၂၀၀) စု၊ လူဉီးေရ (၉၂၅) ဦးအတြက္ ယခုႏွစ္ ေအာက္တိုဘာလ (၁၈) ရက္မွ နိုဝင္ဘာလ (၂၀) ရက္ေန႔ထိ သြားေရာက္ျဖန႔္ေဝခဲ့သည္ဟု ယင္းဌာနကဆိုသည္။

MRCS မွ ညႊန္ၾကားေရးမွူး ေဒၚေအးေအးၿငိမ္းက“စိန္ေခၚမွုေတြနဲ႔ ၾကန႔္ၾကာမွုေတြရွိေနေပမဲ့လည္း ျမန္မာနိုင္ငံၾကက္ေျခနီအသင္း (MRCS)နဲ႔ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC) တို႔က အစားအေသာက္၊ တာေပၚလင္၊ ေစာင္၊ တစ္ကိုယ္ရည္သန႔္ရွင္းေရးသုံးပစၥည္းစတဲ့ လူသားခ်င္းစာနာေထာက္ထားမွု အကူအညီမ်ား ေပးအပ္နိုင္ခဲ့ပါတယ္။ ဒါ့အျပင္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီႏွင့္ လျခမ္းနီအသင္းမ်ား ဖက္ဒေရးရွင္း (IFRC) ရဲ့ အေထာက္အပံ့ျဖင့္ ေငြသားေထာက္ပံ့ျခင္းနဲ႔ ေရြ႕လ်ားက်န္းမာေရး ေဆးခန္းဖြင့္လွစ္ၿပီး ကူညီပံ့ပိုးေပးနိုင္ခဲ့ပါတယ္” ဟု ေျပာသည္။

မင္းတပ္ၿမိဳ႕နယ္အတြင္းရွိ ထိခိုက္ခံစားရသူမ်ားအနက္မွ အလိုအပ္ဆုံးအိမ္ေထာင္စု (၁၅၈) စုအတြက္ အိမ္ေထာင္စု (၁) စုလၽွင္ ေငြက်ပ္ (၂) သိန္းႏွုန္းျဖင့္ စုစုေပါင္း ေငြက်ပ္ (၃၁၆) သိန္း ေထာက္ပံ့ေပးခဲ့ေၾကာင္းလည္းသိရသည္။

ထိုအျပင္ ပဏာမက်န္းမာေရးေစာင့္ေရွာက္မွုေရြ႕လ်ားေဆးေပးခန္းကိုလည္း ေနရပ္စြန႔္ခြာစခန္း(၅) ေနရာတြင္ တပတ္လၽွင္ (၆) ရက္ ဖြင့္လွစ္ခဲ့ၿပီး လူနာေပါင္း (၃,၄၉၀) ဦးအား ၾကည့္ရွုေစာင့္ေရွာက္ေပးနိုင္ခဲ့ကာ အဆိုပါလူနာမ်ားအနက္မွ အေရးေပၚေဆးကုသမွုခံယူရန္လိုအပ္သည့္ လူနာ (၇) ဦးကို မင္းတပ္ေဆး႐ုံႏွင့္ ပခုကၠဴေဆး႐ုံသို လႊေျပာင္းေပးနိုင္ခဲ့သည္ဟုသိရသည္။

ျမန္မာနိုင္ငံၾကက္ေျခနီအသင္းသည္ ၂၀၂၁ ခုႏွစ္ ဇူလိုင္လမွစတင္၍ မင္းတပ္ၿမိဳ႕နယ္အတြင္း ေဒသမ်ားသို႔ ကနဦးကယ္ဆယ္ေရးပစၥည္းမ်ားကို ၾကက္ေျခနီလွုပ္ရွားမွုမွ ပစၥည္းအခ်ိဳ႕ႏွင့္အတူ ပံ့ပိုးေပးခဲ့ၿပီး လိုအပ္ခ်က္မ်ားကို အကဲျဖတ္ရန္ သြားေရာက္ခဲ့ပါသည္။ အလားတူ ၾသဂုတ္လႏွင့္ စက္တင္ဘာလမ်ားတြင္ အစားအေသာက္ႏွင့္ အစားအေသာက္မဟုတ္ေသာ ပစၥည္းမ်ားကို ပံ့ပိုးေပးသည့္အျပင္ ၾကက္ေျခနီလွုပ္ရွားမွုျဖင့္ ေရြ႕လ်ားက်န္းမာေရးေဆးခန္းမ်ားကိုလည္း ဖြင့္လွစ္ေပးခဲ့သည္ဟု လူမွုက႐ုဏာလုပ္ငန္းဆိုင္ရာျပန္ၾကားဆက္သြယ္ေရးဌာနက ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here