Omicron အန္တရာယ်ကို သတ်မှတ်ရန် စောလွန်းတယ်လို့ WHO အကြီးအကဲပြော

0
116

(Unicode)

Omicron အန္တရာယ်ကို သတ်မှတ်ရန် စောလွန်းတယ်လို့ WHO အကြီးအကဲပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက Omicron မျိုးကွဲကို သတိထားဖို့ပြောဆိုလိုက်ပြီး ပြောင်း လဲသွားတဲ့မျိုးကွဲအန္တရာယ်နဲ့ပတ်သက်ပြီး “အတိအကျသိရန် စောလွန်းသည်” ဟု ပြောခဲ့ပါတယ်။

WHO ရဲ့ ညွှန်ကြားရေးမှုးချုပ် Tedros က ဗုဒ္ဓ ဟူးနေ့က ဆွစ်ဇာလန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “တောင်အာဖရိကမှ ထွက်ပေါ် လာတဲ့အချက်အလက်တွေအရ Omicron နဲ့ပတ်သက်ပြီး ရောဂါဖြစ်ပြီးသူတွေမှာ ပြန်လည် ကူးစက်နိုင်ခြေ တိုးလာနိုင်ကြောင်း ယူဆပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါဟာ အရင်က ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကို ကြောက်လန့်မှုဖြစ်စေနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

Tedros က Omicron အမျိုးအစားဟာ ရောဂါပြင်းထန်မှုနည်းနိုင်တယ်လို့ အကြံပြုခဲ့ပြီး “Omicron ဟာ Delta ထက် ရောဂါဖြစ်ပွါးမှုနှုန်းပျော့စေတဲ့ အထောက်အထားအချို့လည်း ရှိတယ်”လို့ ပြောခဲ့ပါတယ်။

သို့သော် အခြေအနေကို အကဲခတ်ရန် အချက် အလက်တွေပိုပြီးလိုအပ်တာကြောင့် ပြည်သူတွေကို သတိရှိရှိနေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

Source-NHK

(Zawgyi)







Source-NHK


LEAVE A REPLY

Please enter your comment!
Please enter your name here