တိုက်ကြီးမြို့နယ်က တပ်ကြပ်ကြီး(ငြိမ်း)သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး

0
427

(Unicode)

တိုက်ကြီးမြို့နယ်က တပ်ကြပ်ကြီး(ငြိမ်း)သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊ကူးသီးနောင်ရွာက တပ်ကြပ်ကြီး(ငြိမ်း)တစ်ယောက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်က သေနတ်နဲ့အနီးကပ်ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူတို့ကအိမ်ဆိုင်ဖွင့်ထားတာ စျေးလာဝယ်သလိုနဲ့အနီးကပ်တေ့ပစ်သွားတာ ဖြစ်တဲ့နေရာမှာပဲသေသွားတယ် ဆိုင်ကယ်နဲ့လာတာပစ်တဲ့လူက”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

သေဆုံးသွားတဲ့ တပ်ကြပ်ကြီး(ငြိမ်း)ရဲ့ရုပ်အလောင်းကို ရဲကားတစ်စီးလိုက်ပါလာပြီး မြို့နယ်က နိဗ္ဗာန်ယာဥ်နဲ့လာသယ်သွားတယ်လို့ သိရပါတယ်။

“စစ်ဆေးတာကတော့ဘာစစ်သလဲမမေးနဲ့ လမ်းတွေကိုပိတ်ပြီးတော့ကိုစစ်တာ ဆိုင်ကယ်‌တွေကိုအဓိကထားစစ်ပေမဲ့ တစ်နာရီခွဲလောက်ကိုကြာတယ်ကားကိုရပ်ထားရတာ ကျွန်တော်တို့ပြန်ထွက်လာတဲ့အချိန်အထိ စစ်ကားတွေကော ရဲကားတွေကောအများကြီးပဲသွားနေကြတယ်”လို့ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ယောက်ကပြောပါတယ်။

အခင်းဖြစ်နေရာအနီးတဝိုက်နဲ့ရပ်ကွက်ထဲကအိမ်တွေထဲကိုလည်း လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြပါတယ်။

(Zawgyi)

တိုက္ႀကီးၿမိဳ႕နယ္က တပ္ၾကပ္ႀကီး(ၿငိမ္း)ေသနတ္နဲ႔ပစ္ခတ္ခံရလို႔ ေသဆုံး

ရန္ကုန္တိုင္း၊တိုက္ႀကီးၿမိဳ႕နယ္၊ကူးသီးေနာင္႐ြာက တပ္ၾကပ္ႀကီး(ၿငိမ္း)တစ္ေယာက္ ဒီေန႔မနက္ ၁၁ နာရီခြဲေလာက္က ေသနတ္နဲ႔အနီးကပ္ပစ္ခတ္ခံရလို႔ ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

“သူတို႔ကအိမ္ဆိုင္ဖြင့္ထားတာ ေစ်းလာဝယ္သလိုနဲ႔အနီးကပ္ေတ့ပစ္သြားတာ ျဖစ္တဲ့ေနရာမွာပဲေသသြားတယ္ ဆိုင္ကယ္နဲ႔လာတာပစ္တဲ့လူက”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။

ေသဆုံးသြားတဲ့ တပ္ၾကပ္ႀကီး(ၿငိမ္း)ရဲ႕႐ုပ္အေလာင္းကို ရဲကားတစ္စီးလိုက္ပါလာၿပီး ၿမိဳ႕နယ္က နိဗၺာန္ယာဥ္နဲ႔လာသယ္သြားတယ္လို႔ သိရပါတယ္။

“စစ္ေဆးတာကေတာ့ဘာစစ္သလဲမေမးနဲ႔ လမ္းေတြကိုပိတ္ၿပီးေတာ့ကိုစစ္တာ ဆိုင္ကယ္‌ေတြကိုအဓိကထားစစ္ေပမဲ့ တစ္နာရီခြဲေလာက္ကိုၾကာတယ္ကားကိုရပ္ထားရတာ ကြၽန္ေတာ္တို႔ျပန္ထြက္လာတဲ့အခ်ိန္အထိ စစ္ကားေတြေကာ ရဲကားေတြေကာအမ်ားႀကီးပဲသြားေနၾကတယ္”လို႔ကိုယ္တိုင္ႀကဳံေတြ႕ခဲ့သူတစ္ေယာက္ကေျပာပါတယ္။

အခင္းျဖစ္ေနရာအနီးတဝိုက္နဲ႔ရပ္ကြက္ထဲကအိမ္ေတြထဲကိုလည္း လုံၿခဳံေရးအဖြဲ႕ေတြက ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ့ၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here