ဒဂုံတောင်မှာ ကျောင်းကပြန်လာတဲ့ မူလတန်းပြဆရာမ နေအိမ်ရှေ့မှာသေနတ်နဲ့သုံးချက်ပစ်ခံရ

0
164

(Unicode)

ဒဂုံတောင်မှာ ကျောင်းကပြန်လာတဲ့ မူလတန်းပြဆရာမ နေအိမ်ရှေ့မှာသေနတ်နဲ့သုံးချက်ပစ်ခံရ

Photo-CJ

ရန်ကုန်တိုင်း၊ဒဂုံတောင်ပိုင်း၊ ၂၅ ရပ်ကွက်က အမ က(၂)ဒဂုံတောင်က မူလတန်းပြဆရာမ ဒေါ်ဇွန်ထက်ထက်ဝင်းဟာ ဒီနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ချင်းတွင်းလမ်းက သူ့အိမ်ရှေ့မှာ သေနတ်နဲ့သုံးချက်ပစ်ခတ်ခံခဲ့ရတယ်လို ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

“ဆရာမပြန်လာတာကိုတွေ့တယ် အိမ်ရှေ့ရောက်တော့စက်ဘီးဒေါက်ထောက်ဆွဲခြင်းကိုင်ပြီး အိမ်ထဲအဝင်မှာ သေနတ်နဲ့သုံးချက်ဆက်တိုက်ပစ်သွားတာ အရင်ကလဲဆရာမကအဲ့အတိုင်းပဲပြန် လာနေကြ ဆရာမကအေးတယ်”လို့ရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။

မူလတန်းပြဆရာမကို ဆိုင်ကယ်မောင်းလာသူနှစ်ယောက်က သေနတ်နဲ့ပစ်ခတ်ပြီးမောင်းပြေးသွားခဲ့တာဖြစ်ပါတယ်။

ဆရာမဒေါ်ဇွန်ထက်ထက်ဝင်းဟာ ကျည်ဖောက်ဝင်ဒဏ်ရာသုံးချက်ရခဲ့တာကြောင့် ဒဂုံတောင်ပြည်သူ့ဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက်မှာ ခွဲစိတ်ကုသဖို့လိုအပ်တာကြောင့် အမှတ်(၂)တပ်မတော်စစ်ဆေးရုံကိုထပ်မံပို့ဆောင်ခဲ့ရပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here