၂၀၂၂မှာကြည့်ရမည့် K-Drama ဇာတ်လမ်းတွဲများ

0
269

၂၀၂၂မှာကြည့်ရမည့် K-Drama ဇာတ်လမ်းတွဲများ

(၁)Jaebeol House Youngest Son (JTBC)

နာမည်ကြီးဝတ္ထုကိုအခြေခံ ရိုက်ကူးထားပြီး လုပ်ငန်းစုကြီးရဲ့ အငယ်ဆုံးသားအဖြစ် ပြန်ဝင်စားတဲ့ အတွင်းရေးမှူးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။

Song Jong Ki နဲ့ Shin Hyun Bin တို့သရုပ် ဆောင်ထားပြီး ပြသမယ့်ရက်ကိုတော့ မကြေ ညာသေးပါဘူး။

(၂)Why Oh Soo Jae (SBS)

ရှေ့နေ Oh Soo Jae နဲ့လူငယ်လေးတယောက် ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး ရှေ့နေရဲ့ မှားယွင်းခဲ့တဲ့ဆုံး ဖြတ်ချက်ကြောင့် ဘဝတစ်ခုလုံးကို
ပြောင်းလဲသွားတဲ့ အကြောင်းရိုက်ကူးထားတာပါ။

Seo Hyun Jin နဲ့ Hwang Inyeob တို့သရုပ် ဆောင်ထားပြီး ၂၀၂၂ခုနှစ် ၊မတ်လမှာ ထုတ်လွှင့်ပြသမှာပါ။

(၃)A Business Proposal (SBS)

ကုမ္ပဏီရဲ့ CEO မှန်းမသိပဲ blind date သွားတွေ့ခဲ့ပြီး အဲ့ဒီ့ကနေ ဖြစ်ပေါ်လာမယ့်အဖြစ်အပျက်တွေကို ရိုက်ကူးထားတာပါ။

Ahmed Hyoseob နဲ့ Kim Se Jung တို့ပါဝင် ထားပြီး ၂၀၂၂ခုနှစ်၊မတ်လမှာ ထုတ်လွှင့်မှာပါ။

(၄)Twenty-Five,Twenty-One (tvN)

၁၉၈၈ခုနှစ်ကို အခြေခံထားပြီး IMF အကျပ်အတည်းရဲ့ စိန်ခေါ်မှုနဲ့ ခက်ခဲတဲ့ကာလတွေကြားက အချစ်ဇာတ်လမ်းကို သရုပ်ဖော်ထားတာပါ။

Nam Joo Hyuk နဲ့ Kim Taeri တို့ သရုပ်ဆောင် ထားပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ပြသမယ် လို့ ကြေညာထားပါတယ်။

(၅)Big Mouse (tvN)

ဒီဇာတ်လမ်းထဲမှာတော့ ဇာတ်ကောင်တွေဟာ လူသတ်မှုဖြစ်စဉ်မှာပါဝင်နေပြီး အဲ့ဒီ့ထဲကနေ ရုန်းထွက်ဖို့ကြိုးစားတဲ့အကြောင်း ရိုက်ကူးထားတာပါ။

Girl’s Generation အဖွဲ့ဝင် Yoona နဲ့ Lee Jung Suk တို့ သရုပ်ဆောင်ထားပြီး ထုတ်လွှင့်မယ့်ရက်ကိုတော့ အတည်မပြုရသေးပါဘူး။

(၆)Again My Life (tvN)

Web drama ကိုအခြေခံထားပြီး သေခါနီးဆဲဆဲမှာ ဒုတိယအခွင့်အရေးရရှိခဲ့တဲ့ အစိုးရရှေ့နေတယောက်အကြောင်း ရိုက်ကူးထားတာပါ။

Lee Junki နဲ့ Kim Jieun တို့ ပါဝင်ထားပြီး ၂၀၂၂ ခုနှစ် အစောပိုသ်းမှာ ထုတ်လွှင့်မှာပါ။

(၇) Island (tvN)

ဒီဇာတ်လမ်းကတော့ ဂျယ်ဂျူကျွန်းပေါ်က စိတ်ကူးယာဉ်ဇာတ်လမ်းဖြစ်ပြီး ကျွန်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ရိုက်ကူးထားတာပါ။

Cha Eun Woo,Lee Dahee နဲ့ Kim Nan Gil တို့ပါဝင်ထားပြီး ထုတ်လွှင့်မယ့်ရက်ကိုတော့ အတည်မပြုထားသေးပါဘူး။

(၈)Crazy Love

လူသတ်မှုနဲ့ သတိပေးခြင်းခံထားရတဲ့ CEO တစ်ဦးနဲ့ မကြာခင်ကွယ်လွန်တော့မှာကို ကိုယ့်ကိုယ်ကို သိထားတဲ့ အတွင်းရေးမှူးတစ်ယောက် အကြောင်းကို ရိုက်ကူရထားတာပါ။

Kim Jae Wook နဲ့ Krystal တို့ ပါဝင်ထားပြီး ၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလမှာ ပြသသွားမှာပါ။

(Zawgyi)





(၂)Why Oh Soo Jae (SBS)









(၅)Big Mouse (tvN)



(၆)Again My Life (tvN)



(၇) Island (tvN)



(၈)Crazy Love




LEAVE A REPLY

Please enter your comment!
Please enter your name here