ဩစတေးလျတွင် အသက် ၅နှစ်နှင့် ၁၁နှစ် ကြားကလေးငယ်များကို ကာကွယ်ဆေး ထိုးပေးမည်

0
130

(Unicode)

ဩစတေးလျတွင် အသက် ၅နှစ်နှင့် ၁၁နှစ် ကြားကလေးငယ်များကို ကာကွယ်ဆေး ထိုးပေးမည်

Photo credit-Reuters

ဩစတေးလျနိုင်ငံဟာ ဇန်နဝါရီ ၁၀ရက်နေ့ကစပြီး အသက် ၅နှစ်နှင့် ၁၁နှစ်ကြားကလေးငယ် တွေကို ကိုဗစ်၁၉ကာကွယ်ဆေးထိုးပေးဖို့ စ တင်စီမံ ဆောင်ရွက်မယ်လို့ ဝန်ကြီးချုပ် Scott Morrison က သောကြာနေ့မှာ ပြောလိုက်ပါတယ်။

“ဒီသတင်းဟာ မိမိတို့ရဲ့သားသမီးတွေကို ကာ ကွယ်ဆေးထိုးဖို့ အခွင့်အလမ်းကိုလိုလားတဲ့ နိုင် ငံတဝှမ်းက သန်းပေါင်းများစွာသော မိသားစုတွေအတွက် ဝမ်းသာစရာသတင်း ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဩစတေးလျဟာ ကမ္ဘာပေါ်မှာ ကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံမှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ ကြိုးပမ်းနေချိန်မှာ ယခုလို ဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။

ဩစတေးလျနိုင်ငံမှာ အသက်၁၆နှစ်နှင့်အထက်လူဦးရေ ၉၀%နီးပါးဟာ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူတွေဖြစ်ပြီး အသက် ၁၂နှစ်နှင့် ၁၅နှစ်ကြား ကလေးတွေရဲ့ ၇၀%ခန့်ဟာလည်း ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေ ဖြစ်ပါတယ်။

Photo credit-Reuters

(Zawgyi)

ဩစေတးလ်တြင္ အသက္ ၅ႏွစ္ႏွင့္ ၁၁ႏွစ္ ၾကားကေလးငယ္မ်ားကို ကာကြယ္ေဆး ထိုးေပးမည္

ဩစေတးလ်ႏိုင္ငံဟာ ဇန္နဝါရီ ၁၀ရက္ေန႔ကစၿပီး အသက္ ၅ႏွစ္ႏွင့္ ၁၁ႏွစ္ၾကားကေလးငယ္ ေတြကို ကိုဗစ္၁၉ကာကြယ္ေဆးထိုးေပးဖို႔ စ တင္စီမံ ေဆာင္႐ြက္မယ္လို႔ ဝန္ႀကီးခ်ဳပ္ Scott
Morrison က ေသာၾကာေန႔မွာ ေျပာလိုက္ပါတယ္။

“ဒီသတင္းဟာ မိမိတို႔ရဲ႕သားသမီးေတြကို ကာ ကြယ္ေဆးထိုးဖို႔ အခြင့္အလမ္းကိုလိုလားတဲ့ ႏိုင္ ငံတဝွမ္းက သန္းေပါင္းမ်ားစြာေသာ မိသားစုေတြအတြက္ ဝမ္းသာစရာသတင္း ျဖစ္ပါတယ္”
လို႔ ဝန္ႀကီးခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဩစေတးလ်ဟာ ကမာၻေပၚမွာ ကိုဗစ္၁၉ကာကြယ္ေဆးထိုးႏွံမႈ အမ်ားဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး
ကာကြယ္ေဆးထိုးလုပ္ငန္းေတြကို အရွိန္ျမႇင့္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ ယခုလို ဆုံးျဖတ္ခ်က္ထြက္ေပၚလာတာပါ။

ဩစေတးလ်ႏိုင္ငံမွာ အသက္၁၆ႏွစ္ႏွင့္အထက္လူဦးေရ ၉၀%နီးပါးဟာ ကာကြယ္ေဆး ၂ ႀကိမ္ထိုးႏွံၿပီးသူေတြျဖစ္ၿပီး အသက္ ၁၂ႏွစ္ႏွင့္ ၁၅ႏွစ္ၾကား ကေလးေတြရဲ႕ ၇၀%ခန္႔ဟာလည္း ကာကြယ္ေဆးအျပည့္ထိုးၿပီးသူေတြ ျဖစ္ပါတယ္။

Photo credit-Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here