မိုးညှင်းမြို့နယ်မှာ ခရီးသည်တင်ကားပေါ်က အမျိုးသမီးနှစ်ယောက်ကို ဘိန်းဖြူတွေနဲ့အတူဖမ်းမိ

0
115

(Unicode)

မိုးညှင်းမြို့နယ်မှာ ခရီးသည်တင်ကားပေါ်က အမျိုးသမီးနှစ်ယောက်ကို ဘိန်းဖြူတွေနဲ့အတူဖမ်းမိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၉ ရက်မနက် ၇ နာရီ ၄၅ မိနစ်လောက်က ခရီးသည်တင်ကားပေါ်မှာလိုက်လာတဲ့ အမျိုးသမီးနှစ်ယောက်ဆီကနေ ဘိန်းဖြူတွေဖမ်းမိခဲ့တယ်လို့ ရဲကပြောပါတယ်။

ဘိန်းဖြူ ၂ ဒသမ ၆၃ ကီလိုကို အမျိုးသမီးနှစ်ယောက်ရဲ့အိတ်ထဲကနေဖမ်းမိတာဖြစ်တယ်လို့ ရဲကပြောပါတယ်။

မန္တလေးဖက်ကနေ မြစ်ကြီးနားဖက်ကိုမောင်းလာတဲ့ ခရီးသည်တင်ကားပေါ်က မဇယ်ညွယ်(၃၈)နှစ်နဲ့မဇောင်းလမ်(၂၆)နှစ်တို့က ဘိန်းဖြူတွေကို ဆာ လာအိတ်ထဲက ဂွမ်းစောင်ဟောင်းတွေ အဝတ်ဟောင်းတွေထဲမှာ ရောနှောထည့်ထားတာဖြစ်ပါတယ်။

ဖမ်းမိသူနှစ်ယောက်ကို မိုးညှင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ထားပြီး ဆက် စပ်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းမိဖို့အတွက် စစ် ဆေးနေပါတယ်။

(Zawgyi)

မိုးညႇင္းၿမိဳ႕နယ္မွာ ခရီးသည္တင္ကားေပၚက အမ်ိဳးသမီးႏွစ္ေယာက္ကို ဘိန္းျဖဴေတြနဲ႔အတူဖမ္းမိ

ကခ်င္ျပည္နယ္၊မိုးညႇင္းၿမိဳ႕နယ္၊နန္႔စီးေအာင္ပူးေပါင္းစစ္ေဆးေရးဂိတ္မွာ ဒီဇင္ဘာ ၉ ရက္မနက္ ၇ နာရီ ၄၅ မိနစ္ေလာက္က ခရီးသည္တင္ကားေပၚမွာလိုက္လာတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ဆီကေန ဘိန္းျဖဴေတြဖမ္းမိခဲ့တယ္လို႔ ရဲကေျပာပါတယ္။

ဘိန္းျဖဴ ၂ ဒသမ ၆၃ ကီလိုကို အမ်ိဳးသမီးႏွစ္ေယာက္ရဲ႕အိတ္ထဲကေနဖမ္းမိတာျဖစ္တယ္လို႔ ရဲကေျပာပါတယ္။

မႏၲေလးဖက္ကေန ျမစ္ႀကီးနားဖက္ကိုေမာင္းလာတဲ့ ခရီးသည္တင္ကားေပၚက မဇယ္ၫြယ္(၃၈)ႏွစ္နဲ႔မေဇာင္းလမ္(၂၆)ႏွစ္တို႔က ဘိန္းျဖဴေတြကို ဆာ လာအိတ္ထဲက ဂြမ္းေစာင္ေဟာင္းေတြ အဝတ္ေဟာင္းေတြထဲမွာ ေရာေႏွာထည့္ထားတာျဖစ္ပါတယ္။

ဖမ္းမိသူႏွစ္ေယာက္ကို မိုးညႇင္းၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာေဆး ဝါးမ်ားဆိုင္ရာဥပေဒအရအမႈဖြင့္ထားၿပီး ဆက္ စပ္ျပစ္မႈက်ဴးလြန္သူေတြကိုဖမ္းမိဖို႔အတြက္ စစ္ ေဆးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here