ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာအမှုအတွက်တရားလိုကို ယ​နေ့တွင် စစ်ဆေး

0
128

(Unicode)

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာအမှုအတွက်တရားလိုကို ယ​နေ့တွင် စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အမှုတွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်မြေနေရာအတွက် တရားလိုဖြစ်သူ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူးဦးရဲထက်ကို ဒီနေ့ နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်က အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

ရန်ကုန်မြို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ကို ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ်(၆၀)မှာဖွင့်လှစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ရာမှာ လုပ်ထုံးလုပ်နည်းတွေနဲ့မညီပဲ ဌားရမ်းခဲ့တာကြောင့် နိုင်ငံတော်က ငွေကျပ်သန်း ၅၂၀၀ ကျော်ဆုံးရှုံးခဲ့ရတယ်ဆိုပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲကိုပဲ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ တရားစွဲဆိုခဲ့ပြီး လက်ရှိမှာတော့ အဲဒီအမှုကို နေပြည်တော်က အ ထူးတရားရုံးမှာလွှဲပြောင်း စစ်ဆေးနေပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုတစ်ယောက်ထဲကိုပဲစစ်ဆေးခဲ့ပေမဲ့ နောက်တစ်ပတ် ဒီဇင်ဘာ ၁၇ ရက် ရုံးချိန်းမှာတော့ တရားလိုနှစ်ယောက်ကိုစစ်ဆေးသွားဖို့ရှိတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နစက ကစွဲဆိုထားတဲ့အမှု​တွေထဲက နှစ်မှုကိုတော့ ဒီဇင်ဘာ ၆ ရက်ကအမိန့်ချမှတ်ခဲ့ပြီး နှစ်မှုပေါင်းအတွက် ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ပါတယ်။

ချမှတ်ထားတဲ့ထောင်ဒဏ်လေးနှစ်ထဲက နှစ်နှစ်ကိုတော့ နစက ကအဲဒီနေ့ညမှာပဲလျော့ပေါ့ပေးခဲ့ပြီး ကျန်နှစ်နှစ်ကိုတော့ လက်ရှိထိန်းသိမ်းထားတဲ့နေရာမှပဲကျခံစေဖို့ကို ထုတ်ပြန်ခဲ့ပါတယ်။

(Zawgyi)

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းေျမေနရာအမႈအတြက္တရားလိုကို ယ​ေန႔တြင္ စစ္ေဆး

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္​ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲဆိုထားတဲ့ အမႈေတြထဲက တစ္ခုျဖစ္တဲ့ ရန္ကုန္ၿမိဳ႕က ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း႐ုံးခ်ဳပ္ေျမေနရာအတြက္ တရားလိုျဖစ္သူ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စစ္ေဆးေရးမႉးဦးရဲထက္ကို ဒီေန႔ ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳ႕နယ္က အထူးတရား႐ုံးမွာ စတင္စစ္ေဆးခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း႐ုံးခ်ဳပ္ကို ဗဟန္းၿမိဳ႕နယ္၊တကၠသိုလ္ရိပ္သာလမ္းက ၿခံအမွတ္(၆၀)မွာဖြင့္လွစ္ဖို႔အတြက္ ေဒၚေအာင္ဆန္းစုၾကည္က လုပ္ေဆာင္ရာမွာ လုပ္ထုံးလုပ္နည္းေတြနဲ႔မညီပဲ ဌားရမ္းခဲ့တာေၾကာင့္ ႏိုင္ငံေတာ္က ေငြက်ပ္သန္း ၅၂၀၀ ေက်ာ္ဆုံးရႈံးခဲ့ရတယ္ဆိုၿပီး တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၅ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တစ္ေယာက္ထဲကိုပဲ ရန္ကုန္တိုင္းတရားလႊတ္ေတာ္မွာ တရားစြဲဆိုခဲ့ၿပီး လက္ရွိမွာေတာ့ အဲဒီအမႈကို ေနျပည္ေတာ္က အ ထူးတရား႐ုံးမွာလႊဲေျပာင္း စစ္ေဆးေနပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ တရားလိုတစ္ေယာက္ထဲကိုပဲစစ္ေဆးခဲ့ေပမဲ့ ေနာက္တစ္ပတ္ ဒီဇင္ဘာ ၁၇ ရက္ ႐ုံးခ်ိန္းမွာေတာ့ တရားလိုႏွစ္ေယာက္ကိုစစ္ေဆးသြားဖို႔ရွိတယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းက သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို နစက ကစြဲဆိုထားတဲ့အမႈ​ေတြထဲက ႏွစ္မႈကိုေတာ့ ဒီဇင္ဘာ ၆ ရက္ကအမိန္႔ခ်မွတ္ခဲ့ၿပီး ႏွစ္မႈေပါင္းအတြက္ ေထာင္ဒဏ္ေလးႏွစ္ခ်မွတ္ခဲ့ပါတယ္။

ခ်မွတ္ထားတဲ့ေထာင္ဒဏ္ေလးႏွစ္ထဲက ႏွစ္ႏွစ္ကိုေတာ့ နစက ကအဲဒီေန႔ညမွာပဲေလ်ာ့ေပါ့ေပးခဲ့ၿပီး က်န္ႏွစ္ႏွစ္ကိုေတာ့ လက္ရွိထိန္းသိမ္းထားတဲ့ေနရာမွပဲက်ခံေစဖို႔ကို ထုတ္ျပန္ခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here