မူဆယ်မြို့က စည်ပင်ရုံးလက်လုပ်ဗုံးနဲ့ပစ်ပေါက်ခံရပြီး နှစ်ယောက်ဒဏ်ရာရ

0
396

(Unicode)

မူဆယ်မြို့က စည်ပင်ရုံးလက်လုပ်ဗုံးနဲ့ပစ်ပေါက်ခံရပြီး နှစ်ယောက်ဒဏ်ရာရ

ရှမ်း(မြောက်)၊မူဆယ်မြို့က စျေးရပ်ကွက်မှာရှိတဲ့ စည်ပင်ရုံး ဒီနေ့နေ့လည် ၁ နာရီလောက်က လက် လုပ်ဗုံးနဲ့ပစ်ပေါက်ခံရတာကြောင့် စည်ပင်ဝန် ထမ်းနှစ်ယောက်ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စည်ပင်ရုံးဝင်းထဲကို ဆိုင်ကယ်စီးလာသူနှစ်ယောက်က လက်လုပ်ဗုံးနဲ့ပစ်ပေါက်ပြီးမောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။စည်ပင်ဝန်ထမ်းအမျိုးသမီးနှစ်ယောက် ဒဏ်ရာရခဲ့ပြီး ရုံးမှာကာထားတဲ့ မှန်တွေလည်းကွဲအက်ပျက်စီးသွားခဲ့ပါတယ်။

“ဒီနေ့မူဆယ်မှာ ဆိုင်တွေပိတ်ထားတယ် ပြန်ဖွင့်ကြဖို့ စည်ပင်ဝန်ထမ်းတွေကလိုက်ပြောကြသေးတယ် နေ့လည်လောက်ကြ ဗုံးပေါက်တာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

“ဒဏ်ရာရတဲ့နှစ်ယောက်ကို လူမှုကူညီရေးကားတွေနဲ့ဆေးရုံကိုပို့လိုက်တာတွေ့တယ် စစ်ကားတွေကော ရဲကားတွေကောလူအင်အားအတော်များများနဲ့ရောက်လာကြတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

အခင်းဖြစ်နေရာနဲ့လမ်းမတွေပေါ်မှာတော့ လုံခြုံ ရေးအဖွဲ့တွေက ဖြတ်သန်းသွားနေသူတွေကိုစစ် ဆေးနေပါတယ်။

(Zawgyi)


ရှမ်း(မြောက်)၊မူဆယ်မြို့က ဈေးရပ်ကွက်မှာရှိတဲ့ စည်ပင်ရုံး ဒီနေ့နေ့လည် ၁ နာရီလောက်က လက် လုပ်ဗုံးနဲ့ပစ်ပေါက်ခံရတာကြောင့် စည်ပင်ဝန် ထမ်းနှစ်ယောက်ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။






LEAVE A REPLY

Please enter your comment!
Please enter your name here