စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲမှ တဆင့် သီးခြာ းစာချတန်းသုံးကျမ်းလုံးအပြီးအောင် (၃)ပါးထွက်ပေါ်

0
278

စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲမှတဆင့် သီးခြားစာချတန်းသုံးကျမ်းလုံးအပြီးအောင် (၃)ပါးထွက်ပေါ်

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟတလျှောက်မေးပွဲကို ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၁)ရက်မှ နတ်တော်လဆန်း (၅)ရက်နေ့အထိ (၄-၁၂-၂၀၂၁ စနေနေ့ မှ ၈-၁၂-၂၀၂၁ ဗုဒ္ဓဟူးနေ့အထိ) ၅ ရက်တိုင်တိုင်နေ့စဉ် ၁၂းဝဝ နာရီမှ ညနေ ၁၆းဝဝ နာရီအထိ ကျင်းပခဲ့သည့် စာလျှောက်မေးပွဲရေးဖြေအဖြေလွှာများ စစ်ဆေးချက်အမှတ်များအရ သီးခြားစာချတန်းမှ သုံးကျမ်းလုံးအပြီးအောင် (၃)ပါး၊ နှစ်ကျမ်းအောင် (၄)ပါး၊ တစ်ကျမ်းအောင် (၆)ပါးနှင့် သီးခြား စာသင်တန်းမှ (၂)ပါးအောင်မြင်ကြောင်း ယနေ့ ဒီဇင်ဘာ၁၁ရက်တွင် စာလျှောက်မေးပွဲကျင်းပရေးကော်မတီက အောင်စာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။

သီးခြားစာချတန်း(၃)ကျမ်းလုံးအပြီးအောင် အရှင်မြတ်၃ပါးမှာ ရန်ကုန်တိုင်းသုံးခွမြို့နယ်ဆယ်ရွာဇာတိ အရှင်ဝါယာမိန္ဒာလင်္ကာရာဘိဝံသ(မန္တလေးမစိုးရိမ်တိုက်သစ်၊ဓမ္မဒါယာဒကျောင်းတိုက်)၊စစ်ကိုင်း ကန့်ဘလူ မဲသည်ကျေးရွာဇာတိ အရှင်ပညာသာရာလင်္ကာရာဘိဝံသ(မန္တလေး အောင်ချမ်းသာပရိယတ္တိစာသင်တိုက်)၊မန္တလေး မတ္တရာအောက်တောင်ကိုင်းကျေးရွာ ဇာတိ အရှင် အဂ္ဂဉာဏာလင်္ကာရာဘိဝံသ(မန္တလေး မြစကြာတောရကျောင်းတိုက် မနောရထပူရဏီ)တို့ဖြစ်ကြသည်။

သီးခြားစာချတန်း သုံးကျမ်းလုံးအပြီးအောင် အရှင်မြတ်၃ပါးနှင့်သီးခြားစာသင်တန်းအောင် အရှင်မြတ် ၂ပါးတို့အား ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၆ရက်တွင် ဘွဲတံဆိပ်နှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းမည်ဟု သိရသည်။

၁၀၃ကြိမ်မြောက်စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲသို့ သီးခြားစာသင်တန်း၆၇ပါး၊သီးခြားစာချတန်း ၂၅ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

Zaw Gyi

ေစတိယဂၤဏပရိယတၱိဓမၼာႏုဂၢဟစာေလၽွာက္ေမးပြဲမွတဆင့္ သီးျခားစာခ်တန္းသုံးက်မ္းလုံးအၿပီးေအာင္ (၃)ပါးထြက္ေပၚ

ေရႊတိဂုံေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕က ႀကီးမွူးက်င္းပေသာ (၁၀၃)ႀကိမ္ေျမာက္ ေစတိယဂၤဏပရိယတၱိဓမၼာႏုဂၢဟတေလၽွာက္ေမးပြဲကို ၁၃၈၃ ခုႏွစ္၊ နတ္ေတာ္လဆန္း (၁)ရက္မွ နတ္ေတာ္လဆန္း (၅)ရက္ေန႔အထိ (၄-၁၂-၂၀၂၁ စေနေန႔ မွ ၈-၁၂-၂၀၂၁ ဗုဒၶဟူးေန႔အထိ) ၅ ရက္တိုင္တိုင္ေန႔စဥ္ ၁၂းဝဝ နာရီမွ ညေန ၁၆းဝဝ နာရီအထိ က်င္းပခဲ့သည့္ စာေလၽွာက္ေမးပြဲေရးေျဖအေျဖလႊာမ်ား စစ္ေဆးခ်က္အမွတ္မ်ားအရ သီးျခားစာခ်တန္းမွ သုံးက်မ္းလုံးအၿပီးေအာင္ (၃)ပါး၊ ႏွစ္က်မ္းေအာင္ (၄)ပါး၊ တစ္က်မ္းေအာင္ (၆)ပါးႏွင့္ သီးျခား စာသင္တန္းမွ (၂)ပါးေအာင္ျမင္ေၾကာင္း ယေန႔ ဒီဇင္ဘာ၁၁ရက္တြင္ စာေလၽွာက္ေမးပြဲက်င္းပေရးေကာ္မတီက ေအာင္စာရင္းကို ထုတ္ျပန္ေၾကညာလိုက္သည္။

သီးျခားစာခ်တန္း(၃)က်မ္းလုံးအၿပီးေအာင္ အရွင္ျမတ္၃ပါးမွာ ရန္ကုန္တိုင္းသုံးခြၿမိဳ႕နယ္ဆယ္ရြာဇာတိ အရွင္ဝါယာမိႏၵာလကၤာရာဘိဝံသ(မႏၲေလးမစိုးရိမ္တိုက္သစ္၊ဓမၼဒါယာဒေက်ာင္းတိုက္)၊စစ္ကိုင္း ကန႔္ဘလူ မဲသည္ေက်းရြာဇာတိ အရွင္ပညာသာရာလကၤာရာဘိဝံသ(မႏၲေလး ေအာင္ခ်မ္းသာပရိယတၱိစာသင္တိုက္)၊မႏၲေလး မတၱရာေအာက္ေတာင္ကိုင္းေက်းရြာ ဇာတိ အရွင္ အဂၢဉာဏာလကၤာရာဘိဝံသ(မႏၲေလး ျမစၾကာေတာရေက်ာင္းတိုက္ မေနာရထပူရဏီ)တို႔ျဖစ္ၾကသည္။

သီးျခားစာခ်တန္း သုံးက်မ္းလုံးအၿပီးေအာင္ အရွင္ျမတ္၃ပါးႏွင့္သီးျခားစာသင္တန္းေအာင္ အရွင္ျမတ္ ၂ပါးတို႔အား ၂၀၂၂ခုႏွစ္ ဇန္နဝါရီ ၁၆ရက္တြင္ ဘြဲတံဆိပ္ႏွင့္ ေအာင္လက္မွတ္ ဆက္ကပ္လွူဒါန္းမည္ဟု သိရသည္။

၁၀၃ႀကိမ္ေျမာက္ေစတိယဂၤဏပရိယတၱိဓမၼာႏုဂၢဟစာေလၽွာက္ေမးပြဲသို႔ သီးျခားစာသင္တန္း၆၇ပါး၊သီးျခားစာခ်တန္း ၂၅ပါးတို႔ ဝင္ေရာက္ေျဖဆိုခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here