အမေရိကန်တွင် တရက်တည်းနဲ့ ကူးစက်မှု ၁၀၀၀၀၀ ကျော်ရှိပြီး စံချိန်အမြင့်ဆုံးဖြစ်

0
152

အမေရိကန်တွင် တရက်တည်းနဲ့ ကူးစက်မှု ၁၀၀၀၀၀ ကျော်ရှိပြီး စံချိန်အမြင့်ဆုံးဖြစ်

အမေရိကန်နိုင်ငံ၊ကျန်းမာရေးအရာရှိတွေရဲ့ ပြောကြားချက်အရ အပတ်စဉ်ပျမ်းမျှကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအရေအတွက်ဟာ ၁ရက်ကို
၁၁၈,၀၀၀ ကျော်ထိ မြင့်တက်လာပြီး လူပေါင်း၇၄၀၀ ခန့် ဆေးရုံမှာ ဆေးကုသမှုခံနေရကြောင်း သိရပါတယ်။

အပတ်စဉ်ပျမ်းမျှကူးစက်နှုန်းဟာ ယခင်ရက် သတ္တပတ်ထက် ၃၇%ကျော် ခုန်တက်သွားတယ် လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုများပြားလာတာကြောင့် အ များပြည်သူဆိုင်ရာ နေရာတွေသာမက စီးပွါးရေးလုပ်ငန်းတွေနဲ့ပွဲတော်အခမ်းအနားတွေမှာ လာရောက်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးထားရင်တောင်မှ မဖြစ်မနေ mask တပ်ဆင်ကြဖို့ နယူးယောက်ပြည် နယ်အုပ်ချုပ်ရေးမှူး Kathy Hochul က သော ကြာနေ့က ကြေညာခဲ့ပါတယ်။

၄င်းစီမံချက်ဟာ တနင်္လာနေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး ဇန်နဝါရီ ၁၅ရက်အထိ ဆက်လက် တည်ရှိနေပါ။နောက်ပိုင်းမှာတော့ အခြေအနေကို ပြန်လည်အကဲဖြတ်မှာဖြစ်ပါတယ်။

အားလပ်ရက်ရာသီတလျှောက် နယူးယောက် မြို့သားတွေရဲ့ ဒေသတွင်းစီးပွါးရေးကိုကာကွယ်ဖို့ဟာ ဦးစားပေးဖြစ်ပြီး ၄င်းတို့အဆင်ပြေဖို့အတွက် ချမှတ်ထားတဲ့စည်းမျဉ်းတွေက အ ထောက်အကူပြုလိမ့်မယ်လို့ Hochul ကပြောပါတယ်။

အမေရိကရှိ ပြည်နယ် ၂၅ခုမှာ တွေ့ရှိထားတဲ့ Omicron မျိုးကွဲကြောင့် သေဆုံးမှုအစီရင်ခံစာမရှိသေးကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများက ပြောပါတယ်။အတည် ပြုလူနာ ၄၃ဦးမှာ ၁ဦးတည်းသာ ဆေးရုံတက်ခဲ့ရတယ်လို့ ဆိုပါတယ်။

CDC ဒါရိုက်တာ Rochelle Walensky က ပြည် သူတွေကို ကာကွယ်ဆေးထိုးဖို့ တောင်းဆိုထားပြီး ကနဦးအချက်အလက်တွေအရ ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်းဟာကိုဗစ်၁၉မျိုးကွဲတွေကို ကာကွယ်နိုင်မှုပိုမြင့်တယ်လို့ ပြောခဲ့ပါတယ်။

Source -NHK

Zaw Gyi

အေမရိကန္တြင္ တရက္တည္းနဲ႔ ကူးစက္မွု ၁၀၀၀၀၀ ေက်ာ္ရွိၿပီး စံခ်ိန္အျမင့္ဆုံးျဖစ္

အေမရိကန္နိုင္ငံ၊က်န္းမာေရးအရာရွိေတြရဲ့ ေျပာၾကားခ်က္အရ အပတ္စဥ္ပ်မ္းမၽွကိုရိုနာဗိုင္းရပ္စ္ကူးစက္မွုအေရအတြက္ဟာ ၁ရက္ကို
၁၁၈,၀၀၀ ေက်ာ္ထိ ျမင့္တက္လာၿပီး လူေပါင္း၇၄၀၀ ခန္႔ ေဆး႐ုံမွာ ေဆးကုသမွုခံေနရေၾကာင္း သိရပါတယ္။

အပတ္စဥ္ပ်မ္းမၽွကူးစက္ႏွုန္းဟာ ယခင္ရက္ သတၱပတ္ထက္ ၃၇%ေက်ာ္ ခုန္တက္သြားတယ္ လို႔ ဆိုပါတယ္။

ဗိုင္းရပ္စ္ကူးစက္မွုမ်ားျပားလာတာေၾကာင့္ အ မ်ားျပည္သူဆိုင္ရာ ေနရာေတြသာမက စီးပြါးေရးလုပ္ငန္းေတြနဲ႔ပြဲေတာ္အခမ္းအနားေတြမွာ လာေရာက္သူေတြအေနနဲ႔ ကာကြယ္ေဆးထိုးထားရင္ေတာင္မွ မျဖစ္မေန mask တပ္ဆင္ၾကဖို႔ နယူးေယာက္ျပည္ နယ္အုပ္ခ်ဳပ္ေရးမွူး Kathy Hochul က ေသာ ၾကာေန႔က ေၾကညာခဲ့ပါတယ္။

၄င္းစီမံခ်က္ဟာ တနလၤာေန႔မွာ စတင္အသက္ဝင္မွာျဖစ္ၿပီး ဇန္နဝါရီ ၁၅ရက္အထိ ဆက္လက္ တည္ရွိေနပါ။ေနာက္ပိုင္းမွာေတာ့ အေျခအေနကို ျပန္လည္အကဲျဖတ္မွာျဖစ္ပါတယ္။

အားလပ္ရက္ရာသီတေလၽွာက္ နယူးေယာက္ ၿမိဳ႕သားေတြရဲ့ ေဒသတြင္းစီးပြါးေရးကိုကာကြယ္ဖို႔ဟာ ဦးစားေပးျဖစ္ၿပီး ၄င္းတို႔အဆင္ေျပဖို႔အတြက္ ခ်မွတ္ထားတဲ့စည္းမ်ဥ္းေတြက အ ေထာက္အကူျပဳလိမ့္မယ္လို႔ Hochul ကေျပာပါတယ္။

အေမရိကရွိ ျပည္နယ္ ၂၅ခုမွာ ေတြ႕ရွိထားတဲ့ Omicron မ်ိဳးကြဲေၾကာင့္ ေသဆုံးမွုအစီရင္ခံစာ
မရွိေသးေၾကာင္း ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ေရးစင္တာမ်ားက ေျပာပါတယ္။အတည္ ျပဳလူနာ ၄၃ဦးမွာ ၁ဦးတည္းသာ ေဆး႐ုံတက္ခဲ့
ရတယ္လို႔ ဆိုပါတယ္။

CDC ဒါရိုက္တာ Rochelle Walensky က ျပည္ သူေတြကို ကာကြယ္ေဆးထိုးဖို႔ ေတာင္းဆိုထားၿပီး ကနဦးအခ်က္အလက္ေတြအရ ထပ္ေဆာင္းကာကြယ္ေဆးထိုးျခင္းဟာကိုဗစ္၁၉မ်ိဳးကြဲေတြကို ကာကြယ္နိုင္မွုပိုျမင့္တယ္လို႔ ေျပာခဲ့ပါတယ္။

Source -NHK


LEAVE A REPLY

Please enter your comment!
Please enter your name here