အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့်စားသုံးဆီများအား ထိန်းချုပ် အစားအသောက်အဖြစ် သတ်မှတ်

0
249

အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့်စားသုံးဆီများအား ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်

 

မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁
ဖြင့် အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့် နှင့် အမှတ်တံဆိပ်ပါ စားသုံးဆီတို့အား ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်သည်။

ထုတ်လုပ်သူများလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား အသေးစိတ်ထုတ်ပြန်သွားရန်လည်းရှိနေသည်ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောသည်။

“ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် တာဝန်ရှိသူတွေက ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်လိုက်တာပါ။ရေသန့်ကတော့ ထုတ်ဝေခွင့်ရှိမှ မှတ်ပုံတင်ပြီးမှ ထုတ်ရတာပေါ့။စစ်ဆေးမှုတွေလည်းရှိတယ်။ ဆီကတော့ လိုင်စင်တစ်ခုခုရှိရင် ထုတ်ဝေလို့ ရတာရှိတယ်။အခု ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်တဲ့အတွက် လမ်းညွှန်ချက်တွေအတိုင်းဆောင်ရွက်ရတော့မယ်။ဥပမာ ပဲဆီဆိုရင် ပဲဆီစစ်ရမယ်။နှမ်းဆီဆိုရင် နှမ်းဆီစစ်ရမယ်။ရောမယ်ဆိုရင်လည်း ဘယ်လောက်ရောတယ်။ဖော်ပြရမယ်။ဒီလိုတွေ ရှိလာလိမ့်မယ်။အသေးစိတ်ကို နေပြည်တော်ကနေ ထုတ်ပြန်ပါလိမ့်မယ်”ဟု ၎င်းကပြောသည်။

စားသုံးဆီများကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်မှုသည် ပထမဦးဆုံးအကြိမ် ဖြစ်ကာ ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုများအပေါ် စိစစ်ခံရန်ရှိနေသည်ဟုလည်းသိရသည်။

မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့အနေဖြင့် အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့်စားသုံးဆီများအား ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်မှုကို အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၃၈ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၆ (င) အရ သတ်မှတ်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောဆိုထားသည်။

 

Zaw Gyi

 

အမွတ္တံဆိပ္ပါ ဘူးသြင္းေသာက္ေရသန႔္ႏွင့္စားသုံးဆီမ်ားအား ထိန္းခ်ဳပ္အစားအေသာက္အျဖစ္ သတ္မွတ္

ျမန္မာနိုင္ငံအစားအေသာက္ႏွင့္ေဆးဝါးအာဏာပိုင္အဖြဲ႕က အမိန႔္ေၾကာ္ျငာစာအမွတ္ ၅၂၄/၂၀၂၁
ျဖင့္ အမွတ္တံဆိပ္ပါ ဘူးသြင္းေသာက္ေရသန႔္ ႏွင့္ အမွတ္တံဆိပ္ပါ စားသုံးဆီတို႔အား ထိန္းခ်ဳပ္အစားအေသာက္အျဖစ္ သတ္မွတ္လိုက္သည္။

ထုတ္လုပ္သူမ်ားလိုက္နာေဆာင္ရြက္ရမည့္ အခ်က္အလက္မ်ားအား အေသးစိတ္ထုတ္ျပန္သြားရန္လည္းရွိေနသည္ဟု အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတာဝန္ရွိသူတစ္ဦးကေျပာသည္။

“ျပည္သူေတြရဲ့ က်န္းမာေရးအတြက္ တာဝန္ရွိသူေတြက ထိန္းခ်ဳပ္အစားအေသာက္အျဖစ္သတ္မွတ္လိုက္တာပါ။ေရသန႔္ကေတာ့ ထုတ္ေဝခြင့္ရွိမွ မွတ္ပုံတင္ၿပီးမွ ထုတ္ရတာေပါ့။စစ္ေဆးမွုေတြလည္းရွိတယ္။ ဆီကေတာ့ လိုင္စင္တစ္ခုခုရွိရင္ ထုတ္ေဝလို႔ ရတာရွိတယ္။အခု ထိန္းခ်ဳပ္အစားအေသာက္အျဖစ္ သတ္မွတ္လိုက္တဲ့အတြက္ လမ္းညႊန္ခ်က္ေတြအတိုင္းေဆာင္ရြက္ရေတာ့မယ္။ဥပမာ ပဲဆီဆိုရင္ ပဲဆီစစ္ရမယ္။ႏွမ္းဆီဆိုရင္ ႏွမ္းဆီစစ္ရမယ္။ေရာမယ္ဆိုရင္လည္း ဘယ္ေလာက္ေရာတယ္။ေဖာ္ျပရမယ္။ဒီလိုေတြ ရွိလာလိမ့္မယ္။အေသးစိတ္ကို ေနျပည္ေတာ္ကေန ထုတ္ျပန္ပါလိမ့္မယ္”ဟု ၎ကေျပာသည္။

စားသုံးဆီမ်ားကို ထိန္းခ်ဳပ္အစားအေသာက္အျဖစ္ သတ္မွတ္လိုက္မွုသည္ ပထမဦးဆုံးအႀကိမ္ ျဖစ္ကာ ထုတ္လုပ္သူမ်ားအေနျဖင့္ ထုတ္လုပ္မွုမ်ားအေပၚ စိစစ္ခံရန္ရွိေနသည္ဟုလည္းသိရသည္။

ျမန္မာနိုင္ငံအစားအေသာက္ႏွင့္ေဆးဝါးအာဏာပိုင္အဖြဲ႕အေနျဖင့္ အမွတ္တံဆိပ္ပါ ဘူးသြင္းေသာက္ေရသန႔္ႏွင့္စားသုံးဆီမ်ားအား ထိန္းခ်ဳပ္အစားအေသာက္အျဖစ္ သတ္မွတ္မွုကို အမ်ိဳးသားအစားအေသာက္ ဥပေဒပုဒ္မ ၃၈ (ခ) အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ ယင္းဥပေဒပုဒ္မ ၆ (င) အရ သတ္မွတ္ျခင္းျဖစ္သည္ဟု ျမန္မာနိုင္ငံအစားအေသာက္ႏွင့္ေဆးဝါးအာဏာပိုင္အဖြဲ႕ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here