မြို့တော်ခန်းမရှေ့ကရေစုကန်ကို တလအတွင်း အပြီးလုပ်မည်

0
435

မြို့တော်ခန်းမရှေ့ကရေစုကန်ကို တလအတွင်း အပြီးလုပ်မည်

မြို့တော်ခန်းမရှေ့မှာ ဆောက်လုပ်လျက်ရှိတဲ့ ရေစုကန်ကို လာမယ့်နှစ် ဇန်နဝါရီ ဒုတိယပတ် မှာ အပြီးတည်ဆောက်သွားမယ်လို့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှသိရပါတယ်။

၄င်းရေစုကန်ဟာ အလျား ၇၀ပေ၊အနံ ၃၃ပေ၊အနက် ၇ပေရှိပြီး ရေဂါလံ ၁သိန်း သိုလှောင်သိမ်းဆည်းနိုင်ပါတယ်။

“မိုးကြီးရင် မြို့တော်ခန်းမဝန်းကျင်မှာရေကြီးတယ်၊ သိပ်တော့မကြာဘူး၊ မြို့တော်ခန်းမနဲ့ဆူးလေဘုရားကြားကားလမ်းပေါ်မှာရေဆင်းပေါက်တွေရှိတယ်၊ အဲဒီကရေက ပန်းခြံထဲကမြောင်းကနေ ရန်ကုန်မြစ်ထဲဆင်းတယ်၊ မိုးကြီးရင်မြောင်းတွေပါပြည့်ကုန်တော့ ခုလိုရေစုကန် တူးပြီးခုနကရေဝင်ပေါက်ကနေ ကန်ထဲမှာအရင်လှောင်ထားလိုက်ပြီးစုထားမယ်၊ မိုးတိတ်ရင် နဂိုမြောင်းထဲကိုပြန်ဖေါက်ထုတ်လိုက်မယ်၊ အဲဒါဆိုလမ်းပေါ်ရေမတင်တော့ဘူး၊ အဲဒီအတွက် ရေစုကန်တူးတာပါ”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရေစုကန်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြထားပါတယ်။

ရေစုကန်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဦးစီးကာ တည်ဆောက်နေပြီး လက်ရှိမှာ ၃၅%ပြီးစီးပြီလို့ သိရပါတယ်။

zaw gyi


မြို့တော်ခန်းမရှေ့မှာ ဆောက်လုပ်လျက်ရှိတဲ့ ရေစုကန်ကို လာမယ့်နှစ် ဇန်နဝါရီ ဒုတိယပတ် မှာ အပြီးတည်ဆောက်သွားမယ်လို့ ရန် beကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှသိရပါတယ်။

၎င်းရေစုကန်ဟာ အလျား ၇၀ပေ၊အနံ ၃၃ပေ၊အနက် ၇ပေရှိပြီး ရေဂါလံ ၁သိန်း သိုလှောင်သိမ်းဆည်းနိုင်ပါတယ်။




LEAVE A REPLY

Please enter your comment!
Please enter your name here