မက္ကဆီကိုမှာ ကုန်တင်ယာဉ်တိုက်မှုကြောင့် ဒါဇင်နဲ့ချီပြီးသေဆုံး

0
155

မက္ကဆီကိုမှာ ကုန်တင်ယာဉ်တိုက်မှုကြောင့် ဒါဇင်နဲ့ချီပြီးသေဆုံး

ဂွါတီမာလာမှ ရွှေ့ပြောင်းနေထိုင်သူအများစုကိုသယ်ဆောင်လာတဲ့ ထရပ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး မက္ကဆီကိုနိုင်ငံတောင်ပိုင်းက လူကူးတံတားတစ်ခုပေါ်သို့ ပြုတ်ကျခဲ့တာကြောင့်အနည်းဆုံးလူ ၅၄ဦးသေဆုံးပြီး ဒါဇင်နဲ့ချီတဲ့သူတွေ ဒဏ်ရာရရှိခဲ့ပါတယ်။

Reuters သတင်းဌာနနဲ့အခြားမီဒီယာတွေရဲ့ ဖော်ပြချက်အရ မတော်တဆမှုဟာ ဂွါတီမာလာနယ်စပ်ရှိ Chiapas ပြည်နယ်အဝေးပြေးလမ်းမပေါ်မှာ ကြာသပတေးနေ့က ဖြစ်ပွါးခဲ့ကြောင်း သိရပါတယ်။

ဒီပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုကို ဦးတည်နေတဲ့ ရွှေ့ပြောင်း​နေထိုင်သူတွေရဲ့ အဓိ ကဝင်ပေါက်နေရာတစ်ခုလို့ ဆိုပါတယ်။

ထရပ်ကားပေါ်မှာ လူ၁၀၀ ကျော်လိုက်ပါသွားကြောင်း သိရပြီး အများစုမှာ ဂွါတီမာလာမှ လာ တဲ့သူတွေလို့ ယူဆနေကြပါတယ်။

အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ပြီးခဲ့တဲ့စက် တင်ဘာလထိ တစ်နှစ်တာအတွင်း လူပေါင်း ၁.၇သန်းခန့် ဖမ်းဆီးထားတယ်လို့ အမေရိကန်နယ်စပ်အာဏာပိုင်တွေက ပြောပါတယ်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here