အာဆီယံဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့် အတွင်းမှ မြန်မာကိစ္စလုပ်နိုင်သမျှအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မည်

0
174

အာဆီယံဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့်အတွင်းမှမြန်မာကိစ္စလုပ်နိုင်သမျှအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မည်

တစ်ချိန်က စစ်ဘေးဒဏ်သင့်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက် မှုများ ရပ်တန့်ရန် နှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ သက်ဆိုင်သူများအကြား ဆွေးနွေးညှိနှိုင်းမှုများနှင့် ရင်ကြားစေ့ရေးမှ တစ်ဆင့်သာ ဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့် အဆိုပါ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို တစ်နည်းနည်းနှင့် စတင်ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးက ထုတ်ပြန် ပြောဆိုသည်။

ကမ္ဘောဒီးယားနှင့် မြန်မာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ် ၊ မြန်မာနိုင်ငံ နှင့် ကာလရှည် မိတ်ဆွေနိုင်ငံလည်း ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယားနိုင်ငံ၏ စိတ်ဆန္ဒမှာ တစ်နိုင်ငံလုံး ငြိမ်းချမ်း ၊ ညီညွတ်စေရေးသာဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဘက်မလိုက်ရေးနှင့် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို အပြည့်အဝ လိုက်နာကျင့်သုံးပါသည်ဟုလည်း ထုတ်ပြန်ပြောဆိုထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူ များ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ရရှိစေရေးအတွက် ၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့် အတွင်းမှ မိမိတို့လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခက်အခဲ ကြုံတွေ့နေရ သည့်အချိန်များတွင် ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီမှုများမှ တစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကမ္ဘောဒီးယားက ပြောဆိုသည်။

Zaw Gyi

အာဆီယံဥကၠ႒၏လုပ္ပိုင္ခြင့္အတြင္းမွျမန္မာကိစၥလုပ္နိုင္သမၽွအစြမ္းကုန္ႀကိဳးပမ္းေဆာင္ရြက္မည္

တစ္ခ်ိန္က စစ္ေဘးဒဏ္သင့္ခဲ့ေသာ ကေမၻာဒီးယားနိုင္ငံအေနျဖင့္ ျမန္မာနိုင္ငံတြင္ အၾကမ္းဖက္ မွုမ်ား ရပ္တန႔္ရန္ ႏွင့္ မူလအေျခအေနသို႔ ျပန္လည္ေရာက္ရွိရန္အတြက္ တစ္ခုတည္းေသာ နည္းလမ္းမွာ သက္ဆိုင္သူမ်ားအၾကား ေဆြးေႏြးညႇိႏွိုင္းမွုမ်ားႏွင့္ ရင္ၾကားေစ့ေရးမွ တစ္ဆင့္သာ ျဖစ္သည္ဟု ယုံၾကည္ေၾကာင္းႏွင့္ အဆိုပါ ေစ့စပ္ညႇိႏွိုင္းေရး လုပ္ငန္းစဥ္ကို တစ္နည္းနည္းႏွင့္ စတင္ေဆာင္ရြက္ရမည္ဟု ျမန္မာနိုင္ငံဆိုင္ရာ ကေမၻာဒီးယားသံ႐ုံးက ထုတ္ျပန္ ေျပာဆိုသည္။

ကေမၻာဒီးယားႏွင့္ ျမန္မာသည္ အာဆီယံအဖြဲ႕ဝင္နိုင္ငံလည္းျဖစ္ ၊ ျမန္မာနိုင္ငံ ႏွင့္ ကာလရွည္ မိတ္ေဆြနိုင္ငံလည္း ျဖစ္သည္ႏွင့္အညီ ျမန္မာနိုင္ငံအတြက္ ကေမၻာဒီးယားနိုင္ငံ၏ စိတ္ဆႏၵမွာ တစ္နိုင္ငံလုံး ၿငိမ္းခ်မ္း ၊ ညီညြတ္ေစေရးသာျဖစ္ၿပီး ကေမၻာဒီးယားနိုင္ငံအေနျဖင့္ အျခားနိုင္ငံမ်ား၏ ျပည္တြင္းေရးမ်ားတြင္ ဘက္မလိုက္ေရးႏွင့္ ဝင္ေရာက္မစြက္ဖက္ေရး မူဝါဒကို အျပည့္အဝ လိုက္နာက်င့္သုံးပါသည္ဟုလည္း ထုတ္ျပန္ေျပာဆိုထားသည္။

ယင္းအျပင္ ျမန္မာနိုင္ငံ ႏွင့္ ျမန္မာျပည္သူ မ်ား တည္ၿငိမ္မွုႏွင့္ ၿငိမ္းခ်မ္းေရး ရရွိေစေရးအတြက္ ၂၀၂၂ ခုႏွစ္၊ အာဆီယံဥကၠ႒၏ လုပ္ပိုင္ခြင့္ အတြင္းမွ မိမိတို႔လုပ္နိုင္သမၽွ အစြမ္းကုန္ ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ အခက္အခဲ ၾကဳံေတြ႕ေနရ သည့္အခ်ိန္မ်ားတြင္ ကေမၻာဒီးယားနိုင္ငံသည္ ျမန္မာနိုင္ငံ၊ ျမန္မာျပည္သူမ်ားႏွင့္အတူရပ္တည္ေၾကာင္း၊ လူသားခ်င္းစာနာမွုဆိုင္ရာ ပံ့ပိုးကူညီမွုမ်ားမွ တစ္ဆင့္ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းလည္း ကေမၻာဒီးယားက ေျပာဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here