ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့် လစ်လပ်ရာထူး (၈၉၀)နေရာအတွက် (၃၀၀၀)နီးပါးဝင်ဖြေဆို

0
291

ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့် လစ်လပ်ရာထူး (၈၉၀)နေရာအတွက် (၃၀၀၀)နီးပါးဝင်ဖြေဆို

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာထုတ်ခေါ်ယူထားသော ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး (၈၉၀) နေရာအတွက် ရေးဖြေစာမေးပွဲများကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိစာစစ်ဌာန (၅) ခု၌ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့ တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိနေသည်။

အဆိုပါ စာမေးပွဲသည် ကြော်ငြာစာအမှတ် (၂/၂၀၂၁)၊ (၄/၂၀၂၁)၊ (၇/၂၀၂၁) နှင့် (၈/၂၀၂၁)တို့ပါကြော်ငြာစာများဖြင့် ခေါ်ယူထားသော ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့် လစ်လပ်ရာထူးနေရာများအတွက် ကျင်းပသည့် စာမေးပွဲများဖြစ်သည်။

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၃၄)ခုအတွက် စစ်ဆေးသည့် စာမေးပွဲလည်းဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဆိုသည်။

ဝင်ဖြေသူ စုစုပေါင်း ၂၉၇၇ ဦး ရှိကြောင်း ပြည်ထာင်စုရာထူးဝန်အဖွဲ့ ကပြောဆိုသည်။

အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန်ဖြစ်စေ ရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များအား အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြောဆိုထားသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here