ချမ်းမြသာစည်က အထက်တန်းသူနာပြုဆရာမနဲ့အမျိုးသား သေနတ်နဲ့ပစ်ခံရ

0
186

ချမ်းမြသာစည်က အထက်တန်းသူနာပြုဆရာမနဲ့အမျိုးသား သေနတ်နဲ့ပစ်ခံရ

မန္တလေးတိုင်း၊မန္တလေးမြို့၊ချမ်းမြသာစည်မြို့ နယ်နေသူတွေဖြစ်ပြီး City Hospital ဆေးရုံက အထက်တန်းသူနာပြုဆရာမ ဒေါ်ချမ်းမြငြိမ်း (၂၉)နှစ်ကို သူ့ရဲ့ခင်ပွန်းဖြစ်တဲ့ ကိုအာကာဖြိုး (၃၀)နှစ်က ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ ၅၉ လမ်းနဲ့ ၁၀၇ လမ်းထောင့်နေအိမ်ကနေ ဆေးရုံကိုဆိုင်ကယ်နဲ့လိုက်ပို့ခဲ့ပါတယ်။

အခင်းဖြစ်နေရာ ၆၂ လမ်း၊ ၁၀၄ လမ်းနဲ့ ၁၀၅ လမ်းကြားကိုရောက်တဲ့အချိန် ၆၂ လမ်းအတိုင်း တောင်ဖက်ကနေ မြောက်ဖက်ကို မောင်းလာတဲ့ ဆိုင်ကယ်သမားနှစ်ယောက်က ပစ္စတိုသေနတ်နဲ့ပစ်ခတ်ပြီးမောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးအဖွဲ့တွေကစစ်ဆေးတဲ့အခါမှာ သေနတ်နဲ့ပစ်ခံရတဲ့ သူနာပြုဆရာမနဲ့ခင်ပွန်းဖြစ်သူတို့ဟာ အခင်းဖြစ်နေရာမှာပဲ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

“သူနာပြုဆရာမက ကျွန်တော်တို့ဆေးရုံက အထက်တန်းသူနာပြုတစ်ယောက်ပါ ကိုယ်ဝန်လေးလရှိပါတယ် ကိုယ်ဝန်ဆောင်တစ်ယောက်ပါ”လို့ City Hospital ဆေးရုံကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အခင်းဖြစ်နေရာကနေ USA 9 mm LUGER ကျည်ခွံ နှစ်ခုကိုလည်းတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

ခ်မ္းျမသာစည္က အထက္တန္းသူနာျပဳဆရာမနဲ႔အမ်ိဳးသား ေသနတ္နဲ႔ပစ္ခံရ

မႏၲေလးတိုင္း၊မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕ နယ္ေနသူေတြျဖစ္ၿပီး City Hospital ေဆး႐ုံက အထက္တန္းသူနာျပဳဆရာမ ေဒၚခ်မ္းျမၿငိမ္း (၂၉)ႏွစ္ကို သူ႔ရဲ့ခင္ပြန္းျဖစ္တဲ့ ကိုအာကာၿဖိဳး (၃၀)ႏွစ္က ဒီေန႔မနက္ ၇ နာရီခြဲေလာက္မွာ ၅၉ လမ္းနဲ႔ ၁၀၇ လမ္းေထာင့္ေနအိမ္ကေန ေဆး႐ုံကိုဆိုင္ကယ္နဲ႔လိုက္ပို႔ခဲ့ပါတယ္။

အခင္းျဖစ္ေနရာ ၆၂ လမ္း၊ ၁၀၄ လမ္းနဲ႔ ၁၀၅ လမ္းၾကားကိုေရာက္တဲ့အခ်ိန္ ၆၂ လမ္းအတိုင္း ေတာင္ဖက္ကေန ေျမာက္ဖက္ကို ေမာင္းလာတဲ့ ဆိုင္ကယ္သမားႏွစ္ေယာက္က ပစၥတိုေသနတ္နဲ႔ပစ္ခတ္ၿပီးေမာင္းႏွင္ထြက္ေျပးသြားခဲ့တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

လုံျခဳံေရးအဖြဲ႕ေတြကစစ္ေဆးတဲ့အခါမွာ ေသနတ္နဲ႔ပစ္ခံရတဲ့ သူနာျပဳဆရာမနဲ႔ခင္ပြန္းျဖစ္သူတို႔ဟာ အခင္းျဖစ္ေနရာမွာပဲ က်ည္ေဖာက္ဝင္ဒဏ္ရာေတြနဲ႔ေသဆုံးေနတာကို စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။

“သူနာျပဳဆရာမက ကၽြန္ေတာ္တို႔ေဆး႐ုံက အထက္တန္းသူနာျပဳတစ္ေယာက္ပါ ကိုယ္ဝန္ေလးလရွိပါတယ္ ကိုယ္ဝန္ေဆာင္တစ္ေယာက္ပါ”လို႔ City Hospital ေဆး႐ုံကတာဝန္ရွိသူတစ္ေယာက္ကေျပာပါတယ္။

အခင္းျဖစ္ေနရာကေန USA 9 mm LUGER က်ည္ခြံ ႏွစ္ခုကိုလည္းေတြ႕ရွိသိမ္းဆည္းရမိခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here