တာချီလိတ်လေဆိပ်ကို ပြန်လည်ဖွင့်လှစ်

0
189

တာချီလိတ်လေဆိပ်ကို ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကူးစက်ပျံ့နှံမှုကြောင့်ယာယီပိတ်ထားသည့် ပြည်တွင်း လေဆိပ် တစ်ခုဖြစ်သော တာချီလိတ်လေဆိပ်အား ဒီဇင်ဘာ၁၃ရက်တွင် ဖွင့်လှစ်မည်ဟု လေကြောင်းပို့ဆောင်ရေးဌာနတာဝန်ရှိသူကပြောသည်။

“ဖွင့်လှစ်ခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ကိုဗစ်စည်းကမ်းများနဲ့အညီဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟုပြောသည်။

တာချီလိတ်လေဆိပ်ကို ဖွင့်လှစ်သည့်နေ့မှစကာ စီးနင်းကြမည့်ခရီးသည်များအား အချိန်တစ်ခုသတ်မှတ်ပြီး ကိုဗစ်အခမဲ့ စစ်ပေးရန်ရှိကြောင်းလည်းသိရသည်။

“မနက်၉နာရီကနေ နေ့လယ်၁၂နာရီအထိကို ကိုဗစ်အခမဲ့စစ်ပေးဖို့ ရှိတယ်လို့သိရတယ်။၁၂နာရီကျော်ရင်တော့ နှုန်းထားတစ်ခုနဲ့စစ်ပေးမယ်။တစ်ဦး တစ်သောင်းကျပ်လို့ သတ်မှတ်ထားတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

တာခ်ီလိတ္ေလဆိပ္ကို ျပန္လည္ဖြင့္လွစ္

ကိုဗစ္ကူးစက္ပ်ံ႕ႏွံမွုေၾကာင့္ယာယီပိတ္ထားသည့္ ျပည္တြင္း ေလဆိပ္ တစ္ခုျဖစ္ေသာ တာခ်ီလိတ္ေလဆိပ္အား ဒီဇင္ဘာ၁၃ရက္တြင္ ဖြင့္လွစ္မည္ဟု ေလေၾကာင္းပို႔ေဆာင္ေရးဌာနတာဝန္ရွိသူကေျပာသည္။

“ဖြင့္လွစ္ခြင့္ကို ခြင့္ျပဳလိုက္ၿပီျဖစ္ပါတယ္။ကိုဗစ္စည္းကမ္းမ်ားနဲ႔အညီေဆာင္ရြက္ၾကရမွာျဖစ္ပါတယ္”ဟုေျပာသည္။

တာခ်ီလိတ္ေလဆိပ္ကို ဖြင့္လွစ္သည့္ေန႔မွစကာ စီးနင္းၾကမည့္ခရီးသည္မ်ားအား အခ်ိန္တစ္ခုသတ္မွတ္ၿပီး ကိုဗစ္အခမဲ့ စစ္ေပးရန္ရွိေၾကာင္းလည္းသိရသည္။

“မနက္၉နာရီကေန ေန႔လယ္၁၂နာရီအထိကို ကိုဗစ္အခမဲ့စစ္ေပးဖို႔ ရွိတယ္လို႔သိရတယ္။၁၂နာရီေက်ာ္ရင္ေတာ့ ႏွုန္းထားတစ္ခုနဲ႔စစ္ေပးမယ္။တစ္ဦး တစ္ေသာင္းက်ပ္လို႔ သတ္မွတ္ထားတယ္”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here