မဟာဇေယျတုလမာရဇိန်ကြေးသွန်းဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်စပြီ

0
288

မဟာဇေယျတုလမာရဇိန်ကြေးသွန်းဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်စပြီ

(ရန်ကုန်၊ဒီဇင်ဘာ ၁၃)

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ကြားတောရရပ်ကွက်၊ဗဟန်းမြိုနယ်က သက်တမ်း၁၀၈နှစ်ရှိပြီဖြစ်တဲ့ မဟာဇေယျတုလမာရဇိန်ကြေးသွန်းဘုရားကြီးရဲ့ ၁၀၆ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီး ယ နေ့မှစပြီး ကျင်းပပြုလုပ် နေပါတယ်။

နှစ်စဉ်နှစ်တိုင်းမှာ ကြီးကျယ်ခမ်းနားစွာပြုလုပ် ကျင်းပခဲ့ပေမယ့် ယခုနှစ်မှာတော့ ရောဂါအခြေ အနေကြောင့် အကျဉ်းချုံးပဲပြုလုပ်ရတာဖြစ်ပါတယ်။

ယခုနှစ်မှာ ဗုဒ္ဓပူဇနိယပွဲတော်အတွက် အသံမစဲမဟာပဌာန်းပွဲကိုလည်း ဒီဇင်ဘာ ၁၃ရက်နေ့မှ ၁၇ရက်နေ့ထိ ၅ရက်တိုင်တိုင်ကျင်းပ နေပြီဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ရက်နေ့(နတ်တော်လပြည့်)နေ့နံနက်ပိုင်းမှာတော့ အာရုဏ်ဆွမ်းကပ်လှူပူဇော်ကာ အနေကဇာတင်ပွဲကျင်းပမှာဖြစ်ပြီး နေ့လည်မှာတော့ သံဃာတော် (၃၅)ပါးကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

ရုပ်ပွား တော်မြတ်ကြီးရဲ့ ဥာဏ် တော်က ၂၄ ပေ ၉လက္မ နှင့် ကြေးအ လေးချိန် ၁၉၈၇၅ ပိသာ ရှိပါတယ်။

Zaw Gyi


(ရန်ကုန်၊ဒီဇင်ဘာ ၁၃)







LEAVE A REPLY

Please enter your comment!
Please enter your name here